Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

အိန္ဒိယနှင့် နယ်စပ်လုံခြုံရေးကိစ္စ မြန်မာကာကွယ်ရေးဦးစီးချုပ် အလေးထားပြောဆို

(IANS မှ 31 Oct 2013 ရက်စွဲပါ “Myanmar defense chief stresses border security with India” သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံနှင့် နယ်စပ်တွင် တည်ငြိမ်မှုနှင့် လုံခြုံမှုရှိရန် လိုအပ်ကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလေးထားပြောဆိုသည်ဟု ကြာသာပတေးနေ့ သတင်းများက ဆိုပါသည်။

နေပြည်တော်တွင် အိန္ဒိယစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘီဂရမ်ဆင်းနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အေးချမ်းမှုနှင့် တည်ငြိမ်မှုသည် မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အောင်မြင်ရေးတွင် အရေးကြီး သော ကဏ္ဍမှပါဝင်သည်ဟုလည်း ပြောကြားခဲ့ကြောင်း Yinhua သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

“အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံအကြား ဆယ်စုနှစ်ချီ ခင်မင်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုများရှိခဲ့ခြင်း နယ်စပ်ဒေ သများတွင် ပိုမိုအေးချမ်းခြင်း၊ အခြားဒေသများထက် ပိုမိုတည်ငြိမ်မှုရှိခြင်းတို့အတွက် ကျေးဇူးတင် ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု သိရှိရသည်။

ဗိုလ်ချုပ်ကြီး ဘီဂရမ်ဆင်း ကလည်း နယ်စပ်တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံ အတည်ပြုပြော ဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး ဘီဂရမ်ဆင်း သည် ဗုဒ္ဓဟူးနေ့တွင် မြန်မာသမ္မတဦးသိန်းစိန်ထံ သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး နှစ်နိုင်ငံခေါင်းဆောင်များ လက်မှတ်ထိုးထားသော နောက်ဆုံးသဘောတူညီချက်များ အကောင်အထည်ဖော်ရေး နှင့် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အိန္ဒိယနိုင်ငံက အကူအညီပေးရေး တို့ကိုဆွေးနွေးခဲ့သည်ဟု သိရှိရ သည်။

အိန္ဒိယစစ်တပ်အကြီးအကဲသည် နှစ်ရက်အကြာ အလည်အပတ်ခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလ ကလည်း အိန္ဒိယကာကွယ်ရေး ဝန်ကြီး အေကေအန်တိုနီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

အိန္ဒိယနိုင်ငံသည် ရေတပ်သုံး ရေဒါထောက်လှမ်းရေးစနစ်တစ်မျိုးကို မကြာသေးမှီက မြန်မာနိုင်ငံသို့ ရောင်းချပေး ခဲ့ပြီး မြန်မာ့တပ်မတော် ခေတ်မှီရေးအတွက် စစ်လက်နက်ပစ္စည်းကိရိယာများ ရောင်းချပေးရန် ရှိသည်ဟုသိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(31 Oct 2013 BBC News China media Tiananmen crash ကို ဘာသာပြန်ဆိုသည်)

(AFP မှ  1 Nov 2013 “Myanmar Military allowed to form political party” သတင်းကို ဘာသာပြန်ဆိုသည်)


တိန်အင်ပင်ရင်ပြင်ကားတိုက်မှုနှင့် ပတ်သက်၍ တရုတ်မီဒီယာများ ဖော်ပြချက်

(31 Oct 2013 BBC News China media Tiananmen crash ကို ဘာသာပြန်ဆိုသည်)

Tiananmen ရင်ပြင်တွင် ပြင်းထန်သော ယာဉ်တိုက်မှုနှင့် ပတ်သက်၍ နိုင်ငံပိုင်မီဒီယာများက “ပြင်းထန်သော အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု” အဖြစ် ဖော်ပြခဲ့ကြပြီး အစိုးရအားထိုသို့သော အကြမ်းဖက်မှုများ ရပ်တန့်သွားအောင် လုပ်ဆောင်ရန်တိုက်တွန်းခဲ့ပါသည်။

Beijing ၏ အစောင့်အကြပ်များ ကြီးစွာချထားသော နယ်မြေတွင် ယာဉ်တိုက်မှုကြောင့် လူ ငါးဦးသေဆုံးပြီး (၃၈) ဦးဒဏ်ရာရရှိပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဆက်စပ်နေသည်ဟု သံသယရှိသူငါးဦးကိုလည်း ရဲက ဖမ်းဆီးထိန်း သိမ်းထားပါသည်။

ကားအတွင်းတွင်သေဆုံးသွားသော လူသုံးဦးမှာ မငြိမ်သက်သော အနောက်ပိုင်းဒေသ Xinjing မှ မွတ်ဆလင် Ulghur လူနည်းစုမှ ဖြစ်ပုံရပါသည်။

တရုတ်အာဏာပိုင်များသည် Xinjing မှ ပြင်းထန်သော မငြိမ်သက်မှုများအတွက် ပြည်ပမှ ထောက်ပံ့ထားသော အကြမ်းဖက်သမားများနှင့် ခွဲထွက်ရေးသမားများ ကိုအပြစ်ပုံချလေ့ရှိပါသည်။ ပြည်ပရောက် Ulghur အုပ်စုများ ကပြောကြား ရာတွင်မူ Beijing ၏ သနားညှာတာမှုမရှိအုပ်ချုပ်မှုသည် တိုင်းရင်းသားများနှင့် တင်းမာမှုကို ပေါက်ကွဲမှုဖြစ်စေ သည်ဟုဆိုပါသည်။

Xinhua သတင်းအေဂျင်စီက ပြောကြားရာတွင် ၎င်းမှာ ပြင်းထန်သောအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ဖြစ်ပြီး စနစ်တကျစီစဉ်ထားခြင်းဟု ဆိုပါသည်။

Beijing Times က မှတ်ချက်ပေးရာတွင် လွန်ခဲ့သော ဆယ်စုနှစ်က အကြမ်းဖက်ဝါဒသည် နိုင်ငံတကာ အသိုင်း အဝိုင်းအတွက် ခေါင်းထောင်ထလာသော အကြီးဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ပြောပါသည်။ တရုတ် အနေဖြင့်လည်း တိုင်းရင်း သားခွဲထွက်ရေး အင်အားစုများ ပြင်းထန်သော အကြမ်းဖက်ဝါဒနှင့် ဘာသာရေး အစွန်းရောက်များထံမှ အနုတ်လက္ခဏာ ဆောင်သော သက်ရောက်မှုများခံစားရပါသည်။

အကြမ်းဖက်ဝါဒသည် ခေတ်ပြိုင်တရုတ်လူ့အဖွဲ့အစည်းအတွက် “ကင်ဘာ အဖုအကျိတ်” ဖြစ်ပါသည်။ အဆိုပါ ကင်ဆာကို အမြစ်ဖြတ်ရန် မိမိတို့၏ တရားစီရင်ရေးစနစ်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးယန္တရားကို ဦးဆောင်ရန် လိုအပ်သည်ဟု ၎င်းကဖြည့်စွက် ပြောပါသည်။

Beijing News ကလည်း ထိုအမြင်အတိုင်းပင် “အရပ်သားပြည်သူများအပေါ် တိုက်ခိုက်သော မည်သည့် အကြမ်း ဖက်တိုက်ခိုက်မှုကိုမဆိုပြင်းထန်စွာ ကန့်ကွက်ရှုတ်ချမှု ပြုလုပ်သင့်သည် ဟုဆိုပါသည်။

“ဒီအကြမ်းဖက်တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ တရုတ်နိုင်ငံရေးရဲ့အသဲနှလုံးမှာ ဒုက္ခရောက် အောင်ဖန်တီးပြီး တစ်ကမ္ဘာလုံးက အာရုံစိုက်အောင်လုပ်တာပါပဲ” ဟု ဆိုပါသည်။ ဤအကြမ်းဖက်မှု ကျူးလွန်သော ရာဇဝတ်ကောင်သည် တရုတ်နိုင်ငံသား အားလုံး၏ ဘုံရန်သူပင်ဖြစ်သည်ဟု ၎င်းကဆိုပါသည်။

ဟောင်ကောင်၏ WenWei Pe က မှတ်သားခဲ့ရာတွင် Beijing ရဲတပ်ဖွဲ့၏ အကြိုစုံစမ်းစစ်ဆေးမှုတွင် Xinjiang လွတ်လပ်ရေးအင်အားစုများနှင့် တိုက်ရိုက်ပတ်သက်ကြောင်း ကောက်ချက်ဆွဲထားပါသည်။

“မကြာသေးမီက နှစ်များအတွင်း Xinjiang မှ ကြက်သီးမွေးညှင်းထဖွယ် အကြမ်းဖက်တိုက်ခိုက်မှုများသည် သွေးစွန်းမှုရလဒ်များကိုသာ ဖြစ်စေပြီး၊ အဖြစ်အပျက်များသည် ယခင်ကထက် ပိုမိုပြင်းထန်လာခဲ့ပြီး သမရိုးကျမ ဟုတ်သည်ကို တွေ့ရသည်” ဟု စာတမ်းက မှတ်ချက်ပြုထားပါသည်။

စာတမ်းတွင် ဖြည့်စွက်ပြောဆိုထားရာတွင် အကြမ်းဖက်တိုက်ခိုက်မှုများ၏ ပစ်မှတ်သည် အခြားမြို့များမှ ယခုပထမဆုံးအကြိမ်အဖြစ် Beijing သို့ ရောက်ရှိလာသည်ဟု ဆိုပါသည်။

 

အမေရိကန်၏ ထောက်လှမ်းမှု

တချိန်တည်းမှာပင် နိုင်ငံတကာမဂ္ဂဇင်းတစ်ခုတွင် ပါဝင်သော အစီရင်ခံစာ၌ဝါရှင်တန်၏ စောင့်ကြည့်မှု ကွန်ရက်သည် တရုတ်ပြည်သူများနှင့် ထိတွေ့နိုင်ပြီဟူသောအချက်ကို ပညာရှင်များနှင့် ကျွမ်းကျင်သူများက အမေရိကန်ကို ဝေဖန်ခဲ့ကြပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး Hua Chunying က ပြောကြားရာတွင် ဆိုက်ဘာလုံခြုံရေးသည် အချူပ်အခြာအာဏာနှင့်ဆိုင်သော ကိစ္စရပ်ဖြစ်ကြောင်း Beijing အနေဖြင့် သတင်းအချက်အလက် လုံခြုံရေးကို စောင့်ရှောက် ရန် လိုအပ်သော လုပ်ဆောင်မှုများပြုလုပ်မည်ဟုဆိုကြောင်း China Daily က သတင်းဖော်ပြခဲ့ပါသည်။

တရုတ်နိုင်ငံခြားရေးရာတက္ကသိုလ်မှ အမေရိကန်လေ့လာရေးသုတေသနပြုသူ Li Haidong က သတင်းစာသို့ ပြောကြားရာတွင် အဓိကတရုတ်မြို့ကြီးများတွင် ထားရှိသောနားထောင်ရေးအတွက် Listening Posts များသည် နိုင်ငံသား များ၏ ပုဂ္ဂလိကပိုင်ခွင့်နှင့် နိုင်ငံရေးနှင့်စီးပွားရေးလုံခြုံမှုကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဆိုပါသည်။

“ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်သွယ်မှုပြုခြင်းများ လုပ်ရမယ့်အစား အမေရိ ကန်ဟာ လျှို့ဝှက်နားထောင်ခြင်းနည်းတွေနဲ့ နှစ်နိုင်ငံကြားသံသယတွေကို လောင်စာပင့်ပေးနေပါတယ်” ဟု Li ကပြောပါ သည်။

တရုတ်နိုင်ငံ Remin တက္ကသိုလ်မှ အမေရိကန်လေ့လာရေးအကြီးတန်းကျွမ်းကျင်သူ Shi Yin Hong ကပြောကြား ရာတွင် “အမေရိကန်က သူ့ကိုယ်သူ တရားဥပဒေကို အကာအကွယ်ပေးရန်လို့ ကြွားဝါနေတာဟာ သတင်းမဟုတ်ပါဘူး။ သူက တရုတ်အပါအဝင် အခြားတိုင်းပြည်တွေကို အမြဲတစေ လက်ညှိးထိုးလေ့ရှိပါတယ်” ဆိုပါသည်။

ပြည်တွင်းသတင်းများတွင် နိုင်ငံတော်ကောင်စီသည် စားသောက်ကုန်လုံခြုံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ပြည်သူအား အသိပေးနိုင်အောင်လုပ်ဆောင်နေကြောင်း ကျူးလွန်သူများကို ပြင်းထန်သော ပြစ်ဒဏ်များပေးရန် ပါဝင်ပြီး အစားအသောက်ကုမ္မဏီများနှင့် ဒေသဆိုင်ရာအစိုးရများကို ပိုမိုအားကောင်းစွာ ကြီးကြပ်ရန်များ ပါဝင်ကြောင်း  Global Times ကပြောပါသည်။

ကလေးအစားအသောက်များနှင့် ပတ်သက်၍ ထုတ်လုပ်သူများက ကုန်ကြမ်းများ၊ ပါဝင်သည့်ပစ္စည်းများနှင့် ထုတ်ကုန်များကို လုံခြုံမှုအတွက် စီမံခန့်ခွဲသူများကို အစီရင်ခံရန်ဖော်ပြထားပါသည်။

တရုတ်နိုင်ငံတွင် အစားအသောက်နှင့် ပတ်သက်၍အန္တရာယ်ရှိသော ကြီးမားသည့် ကိစ္စရပ်အတော်များများ ပြီးခဲ့သည့်လများက တွေ့ခဲ့ရပါသည်။


 

ကချင်နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ရ

(AFP မှ  1 Nov 2013 “Myanmar Military allowed to form political party” သတင်းကို ဘာသာပြန်ဆိုသည်)

စစ်ဘေးသင့် မြောက်ပိုင်းဒေသမှ ကချင်ခေါင်းဆောင်များက ၎င်းတို့အားနိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ပေးလိုက်သည့် မြန်မာ့အစိုးရ၏ ဆုံးဖြတ်ချက်ကို ငြိမ်းချမ်းရေးရှာဖွေရန် ကြိုးပမ်းသည့်အဆင့်တစ်ခု အဖြစ် ကြာသာပတေးနေ့က ကြိုဆို လိုက်ကြသည်။

ယခင် တပ်မတော်အစိုးရသည် ပြီးခဲ့သောအငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲတွင် ကချင်ပါတီများကို ပိတ်ပင်ခြင်းဖြင့် စစ်မှန်သော ကချင်တိုင်းရင်းသားကိုယ်စားပြုမှုကို တားဆီးခဲ့ကြသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်ခုတည်းသော ကချင်ပါတီမှာလည်း တပ်မတော်အစိုးရကျောထောက်နောက်ခံ ပေးထားသော အဖွဲ့ဖြစ်သည်။

ယခုအခါ ၂၀၁၅ တွင် ကျင်းပမည်ဟု မျှော်လင့်ရသောလာမည့် ရွေးကောက်ပွဲများအတွက် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ကို အစိုးရက ဖွဲ့စည်းခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသာပတေးနေ့တွင် ကြေညာသည်။

ပါတီကို ဦးဆောင်မည့် KIO ဥက္ကဋ္ဌဟောင်း မနန်တူးဂျာက အစိုးရ၏ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါသည်။

“ငြိမ်းချမ်းရေးဒိုင်ယာလော့မှာ နိုင်ငံရေးပါတီတွေ ပါဝင်ကြဖို့ အစိုးရကတောင်းဆိုထားပါတယ်။ အားလုံးပါဝင်ခွင့်ရှိဖို့ သူတို့က ပြောနေပါတယ်။ ကျွန်တော်တို့အားလုံးကလည်း အခုအချိန်မှာ ငြိမ်းချမ်းရေးကို ဦးစားပေးနေကြပါတယ်။ အခု နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ပေးလိုက်ပြီဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရတော့မယ်လို့ ထင်ပါတယ်။” ဟု မနန်တူးဂျာက တယ်လီဖုန်းဖြင့် AFP သို့ ပြောကြားသည်။

“လာမယ့်ရွေးကောက်ပွဲဟာ အရင် ၂၀၁၀ ရွေးကောက်ပွဲထက် ပိုပြီးအရေးပါလိမ့်မယ်လို့ ယူဆပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် တပ်မတော်နောက်ခံ ပြည်ခိုင်ဖြိုးပါတီက အငြင်းပွားဖွယ် အနိုင်ယူခဲ့ပြီး ရွေးကောက်ပွဲ ပြီးခါစ  မဲလိမ်မှုသတင်းများ ပွက်လောရိုက်နေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ လွှတ်ပေး ကာ သတင်းများကို အာရုံပြောင်းခဲ့သည်။

လတ်တလောရက်ပိုင်းများအတွင်း KIA ဌာနချုပ် လိုင်ဇာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုဝေးကာ နိုင်ငံလုံး ကျွတ်အပစ်ရပ်စဲရေးကို ဆွေးနွေးနေကြစဉ် ကချင်ပါတီကို ခွင့်ပြုသည့်ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

၁၇ နှစ်ကြာ အပစ်ရပ်စဲထားသော ကချင်ပြည်နယ်တွင် ၂၀၁၁ ဇွန်လ က တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သော ကြောင့် လူပေါင်း ၁၀၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

သမ္မတဦးသိန်းစိန်အစိုးရသည် အာဏာရလာပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုနှင့် အပစ်ရပ် သဘောတူညီမှုများ ရရှိထားသော်လည်း ကချင်ပြည်နယ်တွင် အပစ်ရပ်စဲရန်ခဲယဉ်းလျက် ရှိသည်။

ကချင်အုပ်စုနှင့် နောက်တစ်ချီဆွေးနွေးမှုကို နိုဝင်ဘာ ၃ ရက်တွင် မြစ်ကြီးနား၌ ကျင်းပရန် စီစဉ်ထားပြီး လာမည့်လပိုင်း များအတွင်း နိုင်ငံလုံးကျွတ်အပစ်ရပ်သဘောတူညီမှုများ ရရှိရန် မြန်မာအစိုးရက မျှော်လင့်နေသည်ဟု သိရှိရ သည်။

တိုင်းရင်းသားငြိမ်းချမ်းရေး ကြိုးပမ်းမှုအစီအစဉ်တွင်လည်းယခင်အစိုးရ အကြီးအကဲ၏ မူဝါဒလမ်းညွှန်မှုများက အရေးပါ နေပုံရသည်ဟု ရန်ကုန်မြို့တော်မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးထားသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive