Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

စက်လှေတိမ်းမှောက်၍ ရိုဟင်ဂျာ ဒါဇင်များစွာ ပျောက်ဆုံးလျက်ရှိ

(Aljazeera မှ 3 Nov 2013 ရက်စွဲပါ Dozens missing after boat sinks off Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၊ အနောက်ဘက်ကမ်းခြေဒေသ၌ ရိုဟင်ဂျာမွတ်စလင် ၇၀ ခန့်ကို သယ်ဆောင်လာသော စက်လှေ တစ်စီး တိမ်းမှောက်ခဲ့ရာ ယခုအချိန်ထိ အသက်ရှင်သူ ၈ ဦးခန့်ကိုပင် ရှာဖွေတွေ့ရှိသေးကြောင်း ကယ်ဆယ်ရေး လုပ်သားများက ပြောကြားသည်။

အဆိုပါ စက်လှေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦးတည်ခုတ်မောင်းသွားစဉ် ဘင်္ဂလားပင်လယ်အော်တွင်း တနင်္ဂနွေနေ့ အစောပိုင်းက နစ်မြှုပ်သွားခြင်းဖြစ်သည်ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့ဖြစ်သော Action Against Hunger မှ Abdul Melik ကပြောကြားသည်။

ပျောက်ဆုံးနေသောသူများ၏ မိသားစုဝင်များသည် တနင်္ဂနွေတစ်နေ့လုံး ကမ်းခြေမှစောင့်ကြည့်နေကြကြောင်း

ရိုဟင်ဂျာမွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ဝင်းကဆိုသည်။

 “သေတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကိုရှာဖို့ လူတွေစောင့်နေကြတာကိုတွေ့ပါတယ်” ဟု ၎င်းက ရိုက်တာသတင်း ဌာနသို့ စစ်တွေမြို့တွင်ပြောကြားသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဘေးဒုက္ခမျိုးစုံနှင့် တွေ့ကြုံနေရသော ပြည်သူများ မကြာခဏဆိုသလို အစုလိုက် အပြုံလိုက်ထွက်ပြေးမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂက သတိပေးခဲ့ပြီးနောက် အဆိုပါစက်လှေမှောက်  သည့်ဖြစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်မှ လူပေါင်း ၁၅၀၀ ခန့်နေရပ်စွန့်ခွာထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသွားသူများ ရေနစ်သေဆုံးမှုများရှိသည်ဟူသော သတင်းများကိုလည်းရရှိကြောင်း ကုလသမဂ္ဂဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီးရုံးက စနေနေ့တွင် ပြောကြားသည်။

ရိုဟင်ဂျာများသည် ယမန်နှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်၌ အင်အားကြီး ရခိုင်ဗုဒ္ဓ ဘာသာဝင်များနှင့် ပဋိပက္ခများဖြစ်ပွားခဲ့သည့်အချိန်မှစ၍ မြန်မာနိုင်ငံကို စွန့်ခွာထွက်ပြေးလျက်ရှိကြသည်။

ရိုဟင်ဂျာ-ရခိုင် ပဋိပက္ခကြောင့် လူပေါင်း ၁၉၂ ဦးသေဆုံးခဲ့ရသည်ဟု မြန်မာအစိုးရကဆိုပြီး ကုလသမဂ္ဂကမူ ၁၄၀၀၀၀ ခန့်မှာ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည်ဟု ပြောကြားသည်။

ပဋိပက္ခအတွင်း သေဆုံးခဲ့သူများနှင့် ရွှေ့ပြောင်းနေထိုင်ကြရသူအများစုမှာ ရိုဟင်ဂျာများဖြစ်သည်။ လက်ရှိ အနေ အထားတွင် မလေးရှားနှင့် အင်ဒိုနီးရှားအပါအဝင် အခြားနိုင်ငံများသို့ စက်လှေများဖြင့် ခက်ခဲကြမ်းတမ်းသည့် ခရီးသွားသူ ရိုဟင်ဂျာမွတ်စလင်ဦးရေများပြားလာလျက်ရှိသည်။

ရိုဟင်ဂျာများသည် မျိုးဆက်အလိုက် ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သူများဖြစ်သော်လည်း မြန်မာအစိုးရက ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်လာသူများအဖြစ် ရှုမြင်ကာ ၎င်းတို့၏ သွားလာလှုပ်ရှားမှုများ ကို ဆိုးဆိုးရွားရွား ကန့်သတ်ပိတ်ပင်လျက်ရှိသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(3 Nov 2013 ရက်စွဲပါ The Japan Times မှ Envoy backs Myanmar’s nation-building bid ကိုဘာသာပြန်ဆိုသည်)

(Yomiuri Shimbun မှ 31 Oct 2013 ရက်စွဲပါ  “Myanmar seeks Japan help for economic Zone” သတင်းကို ဘာသာ  ပြန်ဆိုပါသည်)


ဂျပန်သံအမတ်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးကို ထောက်ခံကူညီမည်ဟုဆို

(3 Nov 2013 ရက်စွဲပါ The Japan Times မှ Envoy backs Myanmar’s nation-building bid ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံပအမတ်ကြီး Mikio Numata က ၎င်းသည် မြန်မာပြည်သူများ ၎င်းတို့၏ နိုင်ငံ တည်ဆောက်ရေးကြိုးပမ်းမှုများကို ထောက်ခံကူညီသွားမည်ဟု ပြောကြားခဲ့ပါသည်။

“ကျွန်တော့်အနေဖြင့် မြန်မာပြည်သူများ အနာဂတ်အတွက် မည်သည့် ရည်ရွယ်ချက်များရှိသည် ဖြစ်စေ လေးစား ရပါမယ်။” ဟု ၎င်းက ပြောပါသည်။ ၎င်းသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက သံအမတ်ကြီး တာဝန်ကို စတင်ထမ်းဆောင်ခဲ့ ပါသည်။

အသက် ၆၃ နှစ် Numata ကပြောကြားရာတွင် ၎င်းအနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန်သမ္မတ Barack Obama မြန်မာနိုင်ငံသို့လာရောက်သောအခါ မြန်မာနိုင်ငံမှာ ကြီးစွာပြောင်းလဲသွားခဲ့ရသည်ဟု သဘောပေါက်ခဲ့ သည်ဟု ဆိုပါသည်။

၂၀၁၁ ခုနှစ်က မြန်မာစစ်အစိုးရသည် နှစ်ပေါင်းများစွာ ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ခဲ့ပြီးနောက် အငြိမ်းစား ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်သော အမည်ခံအရပ်သားအစိုးရသို့ အာဏာလွှဲပေးခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အံ့သြဖွယ်ကောင်းသည့် ဒီမိုကရေစီသို့ ခြေလှမ်းလှမ်းခဲ့ခြင်းသည် ဆုလဒ်ကောင်းများကြီးစွာ ရရှိ ခဲ့ပါသည်။

“ကျွန်တော် အလွန်အံ့သြပါတယ်။ ဘာလို့လဲ ဆိုတော့ ဧည့်သည်တွေ အဆက်မပြတ်လာရောက်နေတာ တွေ့ရလို့ပါ ပဲ” ဟု Numata က ပြောပါသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အခြားအရေးကြီးသော စီးပွားရေးနှင့်နိုင်ငံရေး ပုဂ္ဂိုလ်များသည် မကြာသေးမီက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် အာရှ၏ နောက်ဆုံးထွက်ပေါ်လာသော မျက်နှာစာသစ် အဖြစ် လူသိများပြီး ရင်းနှီးမြှုပ်နှံရနန် လူသိများလာပါသည်။

ဂျပန်နိုင်ငံ၏ အများပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများသည် မြန်မာနိုင်ငံက အခြေခံအဆောက်အဦးဖွံ့ဖြိုးတိုးတက် ရေး လုပ်ဆောင်နေမှုအား ကူညီမြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတည်ဆောက်ရေးကို ကူညီလျက်ရှိပါသည်။

Numata ကို Ibaraki ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွင် မွေးဖွားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တရုတ်နိုင်ငံသို့ လမ်းကြောင်းရှာသော ပညာရှင်အဖြစ်ဝင်ရောက်ခဲ့ပြီး၊ Beijing နှင့် ဟောင်ကောင်တွင် ထိုသို့သော ရာထူးမျိုးဖြင့် အလုပ်လုပ်ကိုင်ခဲ့ပါသည်။

၎င်းသည် အလုပ်လုပ်ခဲ့သော သက်တမ်းတစ်လျှောက်တွင် အမှတ်အရဆုံးမှာ ၁၉၉၂ ခုနှစ်က ဂျပန်အင်ပါယာ ဘုရင် Akihito နှင့် ကြင်ယာတော် Michiko တို့ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

Numata က ပြောကြားရာတွင် ၎င်းအနေဖြင့် အဆိုပါသမိုင်းဝင် အလည်အပတ်ခရီးစဉ်နောက်ကွယ်တွင် ဂျပန်နှင့် တရုတ်ကြား အနာဂတ်အတွက် ရည်ရွယ်ပြီး ဆက်ဆံရေးတည်ဆောက်ရာတွင် အကူအညီပေးနိုင် ခဲ့ခြင်းကြောင့် များစွာ ဂုဏ်ယူကြောင်းပြောကြားခဲ့ပါသည်။

သို့သော် Senkaku ကျွန်းများကိစ္စနှင့် ပတ်သက်၍ ဂျပန်-တရုတ်ဆက်ဆံရေး ထိခိုက်ရသည်ကို ၎င်းက စိတ်မ ကောင်းကြောင်း ပြောပါသည်။

၂၀၁၁ ခုနှစ်တွင် Numata ကို ကောင်စစ်ရေးရာဗျူရိုတွင် ညွှန်ကြားရေးမှူးချုပ် ခန့်အပ်ခဲ့ရာ၊ ဝန်ကြီးဌာနတွင် ငယ်မွေးခြံပေါက်မဟုတ်ဘဲ ထိပ်ပိုင်းရာထူးပေးခဲ့သည့် ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာပါသည်။

သို့သော် အရာရာသည် ချောမွေ့ခဲ့ရသည်တော့ မဟုတ်ပေ။ Numata အနေဖြင့် ဌာနခွဲအကြီးအကဲဖြစ်ရန် အချိန် အတော်ကြာ ကြိုးစားခဲ့ရပါသည်။

“ကျွန်တော် ရခဲ့တဲ့အသိကတော့ ဒီဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ရမယ်ဆိုတာကို အခြေခံစဉ်းစားတဲ့ စနစ်က အတော်ကြီးထူထပ်တဲ့ အကာအရံဖြစ်နေတယ် ဆိုတာပါပဲ” ဟု ၎င်းက ဆိုပါသည်။

Numata သည် ဗုဒ္ဒဘုရားဟောများကို လေ့လာနေကြောင်း အခက်အခဲများကျော်လွှားရန် ဘုရားဟော တရားများ ကို အသုံးချနေကြောင်းဆိုပါသည်။

၎င်းသည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအနေဖြင့် လာမည့်နှစ် ဂျပန်-မြန်မာသံတမန် ဆက်ဆံရေး ထူထောင်မှု နှစ် (၆၀) ပြည့်တွင် လူငယ်ဖလှယ်ရေး အစီအစဉ်များ တိုးချဲ့ရန် စဉ်းစားနေပါသည်။

“နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးကြီးဆုံး အချက်ကတော့ တစ်ခြားအရာတွေထက်စာရင် လူငယ်တွေ ဖြစ်သင့်ပါ တယ်” ဟု ၎င်းကပြောပါသည်။

 


စီးပွားရေးဇုံအတွက် ဂျပန်အကူအညီရယူရန် မြန်မာကြိုးစား

(Yomiuri Shimbun မှ 31 Oct 2013 ရက်စွဲပါ  “Myanmar seeks Japan help for economic Zone” သတင်းကို ဘာသာ  ပြန်ဆိုပါသည်)

မြန်မာနိုင်ငံသည် အထူးစီးပွားရေးဇုံတည်ဆောက်မည့် စီမံကိန်းအတွက် ဂျပန်နိုင်ငံ၏ အကူအညီကိုရယူရန် စီစဉ်ထားပြီး၊ စီမံကိန်းအတွက် လိုအပ်သော ရန်ပုံငွေနှင့် နည်းပညာများကိုကြိုတင်ပြင်ဆင်ရန်မြန်မာတစ်နိုင် ငံတည်း မဖြစ် နိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်က အင်္ဂါနေ့တွင် ပြောကြားသည်။

ထိုင်းနယ်စပ်ကနေအနီး တောင်ဖက်ကမ်းရိုးတန်းတွင် စတုရန်းကီလိုမီတာ ၂၀၀ ကျော် ကျယ်ဝန်းသည့် ထားဝယ် စက်မှုဇုံအတွက် အကြီးစားသင်္ဘောများဆိုက်ကပ်နိုင်မည့် ရေနက်ဆိပ်ကမ်းနှင် အမြန်လမ်းများ ဆောက်လုပ်ရန် မြန်မာနိုင်ငံ က စဉ်းစားလျက်ရှိပြီး အကယ်၍ အမှန်တကယ်ဖြစ်လာပါက အရှေ့တောင်အာရှ ၏ ကုန်စည်ဖြန့်ဖြူးရေးဗဟိုချက် ဖြစ်လာ နိုင်သည်ဟု မျှော်လင့်ရသည်။

တိုကျိုတွင် Yomiuri Shimbun နှင့် ပြုလုပ်သော အင်တာဗျူးတွင် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦး စနစ် ဖွံ့ဖြိုးရေးအစီအစဉ်နှင့် ပတ်သက်၍ ပြောကြားရာ၌ ဦးဝင်းရှိန်က “ရထားလမ်း၊ ကားလမ်းတွေ တည်ဆောက် တာဟာ ကျွန်တော်တို့လုပ်ရမယ့်ကိစ္စလို့ နိုင်ငံခြားကုမ္မဏီတွေက ထောက်ပြပါတယ်” ဟု ပြောဆိုသည်။

ရန်ကုန်မြို့တော်၏ အစွန်အဖျားတွင် ဂျပန်နှင့်မြန်မာတို့ ပူးပေါင်းအကောင်အထည်ဖော်နေသော သီလဝါ အထူး စီးပွားရေးဇုံကိုလည်း ၂၀၁၅ တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

ဂျပန်နည်းပညာကို မိတ်ဆက်ပေးခြင်းအားဖြင့် မြန်မာလူထုရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်နေပါတယ်ဟု ပြောကြားသူ ဦးဝင်းရှိန်က အကယ်၍ စီးပွားရေးဇုံအောင်မြင်မှုကို နှစ်နိုင်ငံ စလုံးမြင်တွေ့လိုပါက မြန်မာနိုင်ငံတွင် ဂျပန်ကုမ္မဏီများ ပိုမိုရောက်ရှိလာဖို့ မရှိဖြစ်လိုအပ်သည် ဟုဆိုပါသည်။

မြန်မာဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန် ဂျပန်သို့ လာရောက်လည်ပတ်ရန် ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့အစည်းက ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

သတိထားဖို့လို

ဂျပန်နိုင်ငံအနေဖြင့် ထားဝယ်စီးပွားရေးဇုံကို အကူအညီပေးရမလားဆိုသည်ကို သတိထားကာ ဆုံးဖြတ်ရန် လိုအပ်ပြီး ယခုအဆင့်တွင် စဉ်းစားရမည့် ကိစ္စဖြစ်သည်ဟု အကဲခတ်လေ့လာသူများက ပြောကြားသည်။

စီမံကိန်း၏ ရည်မှန်းချက်ကြီးသော အစီအစဉ်မှာ အရှေ့တောင်အာရှတွင် အကြီးဆုံးဟု မျှော်လင့်ရသော စက်မှုဇုံနှင့် ဖြန့်ချီရေးဗဟိုချက်ကို တွဲဖက်ခြင်းဖြစ်သည်။ ၎င်းအစီအစဉ်အရ ရေနံဓါတုလုပ်ငန်းနှင့် အကြီးစား စက်မှုလုပ်ငန်းကဲ့သို့သော ထုတ်လုပ်မှုအခြေစိုက်နေရာများကို စုစည်းထားမည်ဖြစ်ပြီး စုစုပေါင်းအရှည် ၁၃၀ ကီလိုမီတာရှိသော အမြန်လမ်းများနှင့် သင်္ဘောကြီးများဝင်ဆံ့သောရေနက်ဆိပ်ကမ်းတို့ကို တည်ဆောက်သွား မည်ဖြစ်သည်။ ယင်းစက်မှုဇုန်မှ ထုတ်ကုန်များကို လူနေထူထပ်သော ထိုင်းနှင့် အင်ဒိုနီးရှားကဲ့သို့သော တိုင်းပြည်များသို့ တင်ပို့သွားရန် မြန်မာနိုင်ငံက မျှော်လင့်လျှက်ရှိသည်။

မြန်မာအစိုးရ၏ အဆိုပါဆောင်ရွက်ချက်နောက်ကွယ်တွင် ပြည်တွင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်စေသော တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ရှိနေသည်။ အစိုးရက အဆိုပါအကြီးစားစီမံကိန်းများမှ တဆင့် အလုပ်အကိုင်ဖန်တီးပေးခြင်း၊ စီးပွားရေးမြှင့်တင်ပေးခြင်းအားဖြင့် တိုင်းရင်းသားများအကြား မကျေနပ်မှုများကို ဖြေလျှော့ပေးလိုသည်ဟု ကြားသိရသည်။

မြန်မာနိုင်ငံတွင် ထုတ်လုပ်ရေးကဏ္ဍ၏ ပျှမ်းမျှလစာမှာ အခြားအရှေ့တောင်အာရှနိုင်ငံများထက် နိမ့်ပြီး တရုတ် နိုင်ငံ၏ ခြောက်ပုံတစ်ပုံမျှသာရှိသည်။ ထားဝယ်စက်မှုဇုန်သည် ကုန်စည်များတင်ပို့ရန် လူဦးရေ တိုးပွား နေသော အရှေ့ တောင်အာရှနိုင်ငံများနှင့် နီးကပ်နေခြင်း၊ လုပ်အားခဈေးချိုခြင်း စသောပေးထားချက်များ ကြောင့် ဂျပန်ရင်းနှီးမြှုပ်နှံမှုများ ကို ဆွဲဆောင်နိုင်သော ပစ်မှတ်ဖြစ်နိုင်စရာရှိပါသည်။ အပြန်အလှန်အားဖြင့် ဂျပန်ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည့်အပြင် နည်းပညာများကိုလည်း လွဲပြောင်း လက်ခံရရှိနိုင်မည်ဟု ဦးဝင်းရှိန်က ဆိုပါသည်။

သို့ရာတွင် စီမံကိန်းအတွက် ရန်ပုံငွေယန်း တစ်ထရီလီယံခန့် လိုအပ်နေဆဲဖြစ်သောကြောင့် ယခုအဆင့်တွင် ထိုအစီအစဉ်ကို ထည့်သွင်းစဉ်းစားရုံမျှသာ ရှိပေလိမ့်မည်။ စီမံကိန်းသည် စီးပွားရေးအရ အလားအလာ ကောင်းမကောင်း ကိုလည်း စောင့်ကြည့်ရဦးမည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံသည် နည်းပညာမူပိုင်ခွင့် အကာအကွယ် ပေးရန် စည်းမျဉ်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များအတွက် ရှင်းလင်းသော လုပ်ထုံးလုပ်နည်းများကို ရေးဆွဲချမှတ်ရန် လိုအပ်နေသေးသည်။

“အခုဆိုရင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မဲ့ အသေးစားနဲ့အလတ်စား နိုင်ငံခြားကုမ္ပဏီတွေအတွက် ပိုမိုခက်ခဲလာပါတယ် “ ဟု ဂျပန်စီးပွားရေးသတင်း ရပ်ကွက်က ဆိုပါသည်။

သို့ရာတွင် ထိုစိုးရိမ်မှုကို ဖြေလျှော့သည့်အနေဖြင့် ဝန်ကြီးဦးဝင်းရှိန်က မြန်မာနိုင်ငံသည် နိုင်ငံခြားကုမ္ပဏီများနှင့် တိုင်းပြည်အတွက် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်ရေးဆွဲမှု ပြုလုပ်နေသည်ဟု Yomiuri Shim bum နှင့်အင်တာဗျူးတွင် ပြောကြားသွားသည်။

လက်ရှိသမ္မတဦးသိန်းစိန်အစိုးရသည် တိုင်းပြည်နှင့်လူထု အကျိုးရှိစေမည့် ဆောင်ရွက်ချက်များကို အကောင် အထည်ဖော်ရန် ကြိုးစားနေသော်လည်း လွှတ်တော်တွင်းတွင်မူ ခရိုနီများအတွက် ကိုယ်ကျိုးစီးပွား ကာကွယ်မှုများကို ပြောင်ပြောင်တင်းတင်း ပြုလုပ်မှုများရှိနေသည်ဟု ရန်ကုန်မြို့မှ အကဲခတ် လေ့လာသူများက “မိုဘိုင်းဖုန်းအော်ပေ ရတာလိုင်စင်ကိစ္စ” ကိုဥပမာ ပေးကာ သုံးသပ်ပြောဆိုထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive