Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

နိုဝင်ဘာ ၁၅ တွင် မျက်မှန်းလေလံပစ်မည့် ကမ်းလွန်လုပ်ကွက် ၃၀

(International Business Times 4 Nov 2013 “Myanmar Oil and Gas: blind bidding on 30 offshore blocks to conclude on Nov 15” သတင်းကို ဘာသာပြန်ဆိုသည်။)

နိုင်ငံတကာ ရေနံနဲ့ဓါတ်ငွေ့ ကုမ္ပဏီများသည် ၎င်းတို့၏ ပိုက်ဆံဘယ်လောက် ထည့်ရမလဲဆိုသည်ကို အတိအ ကျမသိရသော်လည်း မြန်မာကမ်းလွန်လုပ်ကွက်လေလံအတွက် စိတ်လှုပ်ရှားကာ အဆင်သင့်ပြင် နေကြသည်။

မြန်မာကမ်းလွန်လုပ်ကွက် ၃၀ ရှာဖွေထုတ်ယူရေးလေလံအတွက် ဆန်ကာတင်မရွေးချယ်ရသေးသော ကုမ္မဏီ ၆၀ ကျော်အနက် Shell,Exron,Total,Sicatoil,Conco Phillips စသော နိုင်ငံတကာ ကော်ပရေးရှင်းကြီးများ ပါဝင် သည်။ ၎င်းလုပ်ကွက်များ၏ ဈေးကွက်အလားအလာကို အတည်မပြုနိုင်သေးသော်လည်း အမြတ်အစွန်း ကြီးမားမည်ဟု ယူဆရသည်။

မြန်မာကမ်းလွန်တွင် တွေ့ရှိချက်များက ၎င်းလုပ်ကွက်များတွင် ဓါတ်ငွေ့များစွာရှိနိုင်သည်ဟု ရည်ညွှန်းနေ သည့် အလျှောက်ရေနံကုမ္မဏီ အမှုဆောင်အရာရှိတစ်ဦးက “ဒီလုပ်ကွက်တွေဟာ ရှာဖွေမှု မလုပ်ရသေးတဲ့အတွက် ကြီးကြီး မားမားရှာတွေ့နိုင်မယ့် အလားအလာရှိနေပါတယ်။ တကယ်လို့ ဓါတ်ငွေ့ရှာတွေ့ပြီဆိုရင် အဲဒီမှာ ဈေးကွက်က အဆင်သင့်ရှိပြီးသား၊ ပြီးတော့ ခင်ဗျားသိတဲ့အတိုင်း ဈေးနှုန်းကလည်း ကောင်းတယ်လေ” ဟု ပြောကြားသည်။

လေလံပစ်မည့် လုပ်ကွက် ၃၀ အနက် ကြီးမားသော အလားအလာကောင်းများ ရှိနေသည်ဟု ယုံကြည်ရပြီး၊ ပြည်တွင်းကုမ္မဏီနှင့် လက်တွဲရန်မလိုပဲ လုပ်ခွင့်ရမည့် ရေနက်ပိုင်းလုပ်ကွက် ၁၉ ကွက်ပါဝင်သည်။ ကျန်သော ရေတိမ်ပိုင်း လုပ်ကွက်များတွင်မူ ပြည်တွင်းကုမ္ပဏီများနှင့် ဖက်စပ်ပူးပေါင်း လုပ်ကိုင်ရန်လိုအပ်သည်။ ကုမ္မဏီတစ်ခုလျှင် လုပ်ကွက်သုံးကွက်အထိ လေလံဆွဲနိုင်ခွင့်ရှိသည်။

ကွာလာလမ်ပူ HIS မှ အကဲခတ်လေ့လာသူ ဒူ့ဟွန်းက “ဒီ ကမ်းလွန်လုပ်ကွက် လေလံမှာ ပါဝင်ပတ်သက်တိုင်း ဟာ ကြီးမားတဲ့ ဂိမ်းကစားပွဲ အလှည့်အပြောင်း ဖန်တီးသူ ဖြစ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ နိုင်ငံတကာ ကုမ္မဏီတွေဟာ ရေနက်ပိုင်းလုပ်ကွက် လုပ်ပိုင်ခွင့်ကို စောင့်မျှော်ရင်း မြန်မာနိုင်ငံမှာ ဝင်းဒိုးရှော့ပင် လောက်ပဲလုပ်နေ ကြရပါတယ်” ဟု ပြောကြားသည်။

စစ်အုပ်ချုပ်ရေးအလွန် မြန်မာအစိုးရသည် လုပ်ကွက်များကို အကဲဖြတ်တိုင်းတာရန် နည်းပညာမရှိသော ကြောင့် ယခုလေလံကို အချက်အလက်မတိကျပဲ မျက်မှန်းဖြင့်ဆွဲရမည်ဖြစ်ရာ ထုံးစံမဟုတ်သြော်ငားလည်း နိုင်ငံခြား ကုမ္မဏီများက အလားအလာကောင်းကို ကြီးကြီးမားမား မျှော်လင့်နေကြသည်။ ထိုင်း PTT နှင့် တောင်ကိုရီးယား Daewoo အပါအဝင် အာရှရေနံကုမ္မဏီတစ်ခုမှာ မြန်မာကမ်းလွန်တွင် အောင်မြင်မှုများရရှိ ထားကြသည်။ ထို့အပြင် မြစ်ကြောင်းများ၏ ရာစုနှစ်ပေါင်းများစွာ အနည်ပို့ချမှုများကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ကဲ့သို့သော ဒေသများမှာ ရေနံ နှင့်ဓါတ်ငွေ့များ ခိုအောင်းရန် အလွန်ကောင်းသော မြေလွှာများဖြစ်သည် ဟု Financial Times သတင်းက ဆိုပါသည်။

ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဂျပန်နိုင်ငံတို့ထံမှ ဝယ်လိုအားများပြားမှုနှင့်အတူ မြန်မြန်ဆန်ဆန်ကြီးထွားနေသော အရှေ့ဖျားဒေသ သဘာဝဓါတ်ငွေ့ဈေးကွက်၏ အလယ်နေရာတွင် မဟာဗျူဟာ မြောက် တည်ရှိနေပြီး၊ ဓါတ်ငွေ့ဈေးနှုန်းမှာလည်း ဥရောပနှင့် အမေရိကန်ပြည်ထောင်စု တို့နှင့် နှိုင်းယှဉ်လျှင် များစွာ မြင့်သည်။

ဒေဝူး၏ ရွှေစီမံကိန်းမှ ကူမင်းသို့သွယ်တန်းထားသောဓါတ်ငွေ့ပိုက်လိုင်းကဲ့သို့သော အာရှရေနံကုမ္မဏီများ၏ ဓါတ်ငွေ့ဖြန့်ဖြူးမှု အခြေခံအဆောက်အဦး လမ်းကြောင်းများမှာလည်း  ရှိနေပြီးသားဖြစ်သည်။

သို့ရာတွင် မျက်မှန်းဖြင့်လေလံဆွဲရခြင်းကို မစဉ်းစားသည့်တိုင်အောင် မြန်မာနိုင်ငံ၏  အခြားကဏ္ဍများမှ ရင်းနှီး မြှုပ်နှံမှုများကဲ့သို့ပင် စွန့်စားရမည့် အလားအလာများနိုင်သည်။ ရေနက်ပိုင်းထုတ်လုပ်မှုသည် အလွန်စရိတ်ကြီးသည့် အပြင် မြန်မာနိုင်ငံ၏ ဥပဒေအပိုင်း၊ အကောင်အထည်ဖော်မှု အပိုင်းတို့မှာ သေချာရေရာမှု မရှိသေးပေ။ ထို့အပြင် ပမာဏ ကြီးသော လေလံပွဲ၏ နည်းပညာပိုင်း ရှုတ်ထွေးမှုများနှင့် မြန်မာအစိုးရ နပန်းလုံးနေရခြင်းကြောင့် လေလံပွဲမှာ မူလက ပင်နှောင့်နှေးကြန့်ကြာနေသည်ဟု Financial Times ကဆိုပါသည်။

သို့သော် မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးမှ ရုန်းထွက်ကြိုးစားနေခြင်းကြောင့် ခရက်ဒစ်ပေးရန် ထိုက်တန် ပါသည်။ လေလံပွဲသည် ယခုအချိန်အထိပွင့်လင်းမြင်သာမှုအရှိဆုံး အစီအစဉ်တစ်ခု ဖြစ်သလို သဘောတူ စာချုပ်များကို ချိုမြိန်စေရန်အတွက် မြန်မာစွမ်းအင်ဝန်ကြီးဌာနက အခွန်နှုန်းလျှော့ချပေးခြင်းနှင့် အခွန်သက်သာခွင့် သက်တမ်းတိုး ခြင်းတို့ကို စီစဉ်ဆောင်ရွက်နေသည်ဟု ရေနံကုမ္မဏီများက ပြောကြားသည်။ လေလံအောင်သူများကို လာမည့်နှစ်ဆန်း ပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံသည် ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်အတွက်လည်း မကြာသေးမှီက တင်ဒါခေါ်ခဲ့ပြီး တင်ဒါအောင် သူ စာရင်းကို ဒီဇင်ဘာလတွင် ထုတ်ပြန်မည်ဟု MOGE တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ရေနံဓါတ်ငွေ့ကဏ္ဍတွင် ရေတိမ်ပိုင်းလုပ်ကွက်များ၌ နည်းပညာနှင့် အရင်းအနှီးနှစ်မျိုးစလုံး ချို့တဲ့သော မြန်မာကုမ္မဏီများနှင့် ဖက်စပ်လုပ်ကိုင်ရန် စည်းကမ်းသတ်မှတ်ထားခြင်းမှာ အလွန်အငြင်းပွားစရာကောင်းသော စည်းကမ်းချက်ဖြစ်ပြီး တပ်မတော်ဦးပိုင်ကုမ္မဏီနှင့် ခရိုနီကုမ္မဏီများအတွက် ခွင်သစ်ဖန်တီးပေးထားခြင်း ဖြစ်ရာ တိုင်းပြည်က ရသင့်သော ဘဏ္ဍာငွေများနစ်နာသည်ဟု ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးထားကြသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ဆီမှာ ရှိနေတဲ့စိန်ခေါ်မှုတွေ အကုန်လုံးကို event တစ်ခုတည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ စိတ်ကူးမယဉ်စေချင်ဘူး။ လုပ်ရမယ်။ ဒါကို Process အနေနဲ့လုပ်ရမယ်။ Event တစ်ခုတည်းနဲ့ အားလုံးကို ပြောင်းနိုင်မယ်ဆိုတာမျိုးက ကျွန်တော်တို့ လိုနိုင်ငံမျိုး၊ဒီလောက် အကွဲအပြဲများတဲ့နိုင်ငံမျိုးမှာ မဖြစ်နိုင်ပါဘူး”

နိုဝင်ဘာလ ၅ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲရန် ကြိုးစားရာတွင် ချိန်သားကိုက်မှုနှင့် ဦးစားပေးမှုကို စဉ်းစားရန်လိုအပ်ဟုဆို” သတင်းမှ နိုင်ငံရေး သိပံပညာရှင် ဦးမင်းဇင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဆရာ့အနေနဲ့ကတော့ ဘယ်လောက်ရှိနေတယ်ဆိုတာ မသိပေမယ့် Income Distribution မမျှတရင်တော့ အဲဒါက လူ့ အဖွဲ့အစည်း ပေါ်ပေါက်လာမယ့် Conflict တွေ၊အကြမ်းဖက်မှုတွေကလည်း ဒါတွေနဲ့ ဆက်နွယ်လာမှာပဲ။ ဒါဆိုတော့ နိုင်ငံရေး ကသွားပြီ၊ ဒါ အင်မတန်အရေးကြီးပါတယ်။ အဲဒီတော့ Economic ကပြောတယ်။ စီးပွားရေးတိုးတက်လာပြီဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာပြီဆိုရင် ဒီလိုဝင်ငွေခွဲဝေမှုကို ကောင်းမွန်အောင် လုပ်ပေးနိုင်မယ်လို့ မြင်ကြပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် Economic တွေသုံးတဲ့ စကားလုံးနဲ့ဆိုရင် Growth only policy ပေါ့။ စီးပွားရေးတက်အောင် လုပ်မယ်ဆိုပြီး ဒါကို အရမ်း focus လုပ်တဲ့အနေအထားမျိုး၊ တိုးတက်အောင်လုပ်ပြီး Income ကို မျှအောင်လုပ်သွားမယ် ဆိုပေမယ့် အချိန်ကကြာတယ်။ အဲဒါက အစိုးရရဲ့ Fiscal Policy ပေါ့။ ဒါကို သုံးပြီးဝင်ပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ်”

နိုဝင်ဘာလ ၅ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “မြန်မာနိုင်ငံရှိ လက်တစ် ဆုပ်စာ လူတစ်စု၏ ပိုင်ဆိုင်မှု လွန်စွာမြင့်တက်နေပြီး ၉၉ ရာခိုင်နှုန်းကျော်သော ပြည်သူများ ဝင်ငွေခွဲဝေမှုထက် ပိုင်ဆိုင်မှုမမျှတသည့် ပြဿနာကို ရင်ဆိုင်နေရကြောင်း စီးပွားရေးပညာရှင်များ သုံးသပ် ” သတင်းမှ MCC Group of Companies ၏ ဥက္ကဌ ဦးတင်ဝင်းအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“ဒါက တကယ်တော့ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းရှင်တွေကို သတ်လိုက်တာနဲ့ အတူတူပဲ။ အညွန့် ချိုးခံရတယ်လို့ ထင်တယ်။ စက်မှုလုပ်ငန်းကို တိုးတက်ရာမပြုပဲ နှိမ့်ချရာရောက်နေတယ်။ ကိုယ့်အနေနဲ့ အသေးစား၊ အလတ်စား စက်မှု၊ လက်မှု လုပ်ငန်းတွေ တိုးတက်ဖို့မြှင့်တင်ပေးမယ့် SME ကအတွင်းရေးမှူး တစ်ယောက်ပါ။ သမ္မတကြီးအနေနဲ့ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းတွေကို မြှင့်တင်နိုင်ဖို့ SME အနေနဲ့ ငွေကြေးပံ့ပိုးပေးဖို့ ပြောဆိုထားပေမယ့် တစ်ဖက်က လျှပ်စစ်ဈေးနှုန်း အဆမတန် မြင့်တက်မှုမှာ လုပ်ငန်းရှင်ကို သတ်လိုက်တာနဲ့ အတူတူပဲ”

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် Venus News Journal အတွဲ (၅/၁၅) တွင်ပါရှိသော “လျှပ်စစ်မီတာခများ တိုးမြှင့် ကောက်ခံခြင်းကြောင့် လုပ်ငန်းများ ထိခိုက်ကြောင်း မန္တလေးစက်မှုဇုန် လုပ်ငန်းရှင်များ ပြောကြား” သတင်းမှ စက်မှုဇုန် (၂) မှ ဦးခင်မောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“KIO ပြောနေတာက အခြားသူများပါဝင်ပြီးတော့ ရှေ့ဆက်သွားနိုင်မယ့် အစီအစဉ်များအတွက် ချုပ်ဆိုတဲ့ ကတိကဝတ်မျိုးကို ဖြစ်ချင်ပါတယ်။ ဒီဟာကို အဖြေရှာနိုင်ဖို့ ကွန်ဖရင့်ကို ဦးစီးကျင်းကတာ ဖြစ်ပါတယ်”

နိုဝင်ဘာလ ၅ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၃၁) တွင်ပါရှိသော “ယုံကြည်မှု တည်ဆောက်ဖို့ နှစ်ဖက်လက်တွေ့ပြကြဖို့လိုတယ်” သတင်းမှ ဗိုလ်ချုပ်ဂွမ်မော် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ရေးဆွဲတဲ့ ဥပဒေတွေထဲမှာ ဘယ်လိုအဖွဲ့အစည်းတွေဖွဲ့စည်းပြီး ဆောင်ရွက်မယ်။ ဥပဒေမှာ အကျုံးဝင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စက်မှုလုပ်ငန်းရှင်တွေ၊ သူတို့ရဲ့တာဝန်လုပ်ပိုင်ခွင့်တွေ၊ ရပိုင်ခွင့်တွေ၊ အခွန်အကောက် သက်သာခွင့်တွေပါ မယ်။ ဒီဥပဒေကို အကောင်အထည်ဖော်ပေးတဲ့ ဦးဆောင်တဲ့အဖွဲ့တွေ၊ သူတို့ရဲ့တာဝန်တွေနဲ့ လုပ်ပိုင်ခွင့်တွေပါမယ်။ တည်ဆဲဥပဒေကိုသွားပြီး ထိခိုက်မယ့်ကိစ္စမျိုးတွေ ကျရင်တော့ ပြစ်မှု၊ပြစ်ဒဏ်ဖော်ပြတာတွေ ပါမှာပေါ့။”

နိုဝင်ဘာလ ၅ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ် အတွဲ (၃) အမှတ် (၃၁) တွင်ပါရှိသော  “SME ဖွံ့ဖြိုးရေး ဥပဒေ ကြမ်း လာမယ့်လွှတ်တော်မှာ တင်မည်” သတင်းမှ ညွှန်ကြားရေးမှူး ဦးသောင်းမြင့် ၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive