Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာတို့၏ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် စိန်ခေါ်မှုများ

(The Hindu မှ 8 Nov 2013 ရက်စွဲပါ “ Challenges to Myanmarese reconciliation” သတင်းဆောင်းပါး ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော NLD ပါတီနှင့် တိုင်းရင်းသား နိုင်ငံရေး ပါတီများက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသော်လည်း အငြင်းပွားဖွယ် ၎င်းရွေးကောက်ပွဲသည် တိုင်းပြည် ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် အထင်အရ အဆင့်တစ်ခုဖြစ်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ စမတ်မကျသော အသွင်းပြောင်းလုပ်ငန်းစဉ်သည် ၂၀၁၃ နိုဝင်ဘာ ၄ - ၅ မြစ်ကြီးနား ၌ ငြိမ်းချမ်းရေး အစည်းအဝေးကျင်းချိန်ထိ ကြီးကြီးမားမားစိန်ခေါ်မှုမျိုးကို ရင်မဆိုင်ခဲ့ရပေ။ လိုင်ဇာတွင် တိုင်းရင်းသား အုပ်စု ၁၇ ဖွဲ့၏ ၄ ရက်ကြာညီလာခံကျင်းပပြီးနောက် မြစ်ကြီးနားအစည်းအဝေးကို စီစဉ်ပြုလုပ်ခဲ့ ကြခြင်းဖြစ်သည်။

ဖက်ဒရယ်စစ်တပ်ဖွဲ့စည်းရေး

မြစ်ကြီးနားအစည်းအဝေး အရေးပါရခြင်း၏ အကြောင်းရင်းနှစ်ချက်ရှိပါသည်။

ပထမတစ်ချက်မှာ နယ်စပ်နေတိုင်းရင်းသား အုပ်စုများနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်း သားပြဿနာ ဖြေရှင်းရန် လိုလိုလားလား ကြိုးစားလာသော မြန်မာအစိုးရတို့အကြား ပထမဆုံးအကြိမ်း စုံစုံညီညီ တွေ့ဆုံကြသော အကြီးစားအစည်းအဝေး ဖြစ်ခြင်းကြောင့်ဖြစ်သည်။

ဒုတိယအချက်မှာ ကုလအထွေထွေအတွင်းရေးမှူး၏ အထူးအကြံပေး ဗီဂျေနမ်ဘီယာနှင့် တရုတ်အစိုးရ၏ ကိုယ်စားလှယ် ဝမ်ရင်ဖန် တို့တက်ရောက်ကြသော အစည်းအဝေးဖြစ်ခြင်း ဖြစ်သည်။

တိုင်းရင်းသားအုပ်စုများက လိုင်ဇာညီလာခံတွင် သဘောတူခဲ့ကြသော ၁၁ ချက်အပေါ် အဆိုပြုချက်ကို ဗဟိုအစိုးရထံ တင်ပြခဲ့ကြရာ ဖက်ဒရယ်စစ်တပ်ဖွဲ့စည်းထူထောင်ရေးဟူသော အချက် ပါဝင်သည်။

တိုင်းရင်းသားအုပ်စုများ စုစည်းထားသော ညွှန့်ပေါင်းအဖွဲ့ UNFC ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ က “ဖက်ဒရယ် ပြည်ထောင်စုထူထောင်မယ်ဆိုရင် ဖက်ဒရယ်စစ်တပ်လိုအပ်ပါတယ်။ စစ်တပ်ကို လူတစ်ခုက ထိန်းချုပ်ထား မယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုအတွက် လို့မဆိုနိုင်သလို၊ တိုင်းရင်းသားအားလုံးပါဝင် ဖွဲ့စည်းဖို့ အာမခံချက် မရှိနိုင်ပါဘူး”ဟု ရှင်းလင်းပြောဆိုသည်။

ဗဟိုအစိုးရ (မြန်မာအစိုးရ) ကတိုင်းရင်းသားအုပ်များထံ တင်ပြထားသော ၁၈ ချက်ပါ အဆိုပြုလွှာတွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးမှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာနှင့် ဒီမိုကရေစီ စည်းမျဉ်းများကို ထိမ်းသိမ်းစောင့်ရှောက်ရေး စသည်တို့ပါဝင်သည်။

နောက်ဆုံးတွင်မှု နိုင်ငံလုံးကျွတ်အပစ်ရပ်စဲရေးကို ဦးတည်လုပ်ဆောင်ရန်၊ နိုင်ငံရေးဒိုင်ယာလော့အတွက် ဖရိမ် သတ်မှတ်ရန်၊ နိုင်ငံရေးညှိနှိုင်းမှုအစည်းအဝေးများ ကျင်းပရန်နှင့် ဒီဇင်ဘာလတွင် ဖားအံ၌ ထပ်မံ တွေ့ဆုံကြရန် နှစ်ဦး နှစ်ဖက် သဘောတူခဲ့ကြသည်။

ကနဦးတုန်းကမူ အစိုးရက နိုဝင်ဘာလကုန် မတိုင်မှီ နိုင်ငံလုံးကျွတ်အပစ်ရပ် လက်မှတ်ထိုးရန်မျှော်လင့် ခဲ့သော်လည်း နောက်တစ်ကြိမ် အစည်းအဝေးကို စီစဉ်ထားပြီးဖြစ်ရာ ယင်းသို့မဖြစ်နိုင်တော့ပေ။ ယခုအခါ နှစ်ဖက် အစည်းအလုံး အဆိုပြုချက်များကို အသေးစိတ်ဆွေးနွေးရန် လိုလာတော့မည် ဖြစ်သည်။

ဆယ်စုနှစ်ချီနေသော နိုင်ငံရေးပြဿနာဟောင်းများကို လတ်တလော တိုးတက်မှုများက ဖြေရှင်းနိုင်လားဟု မေးခွန်းထုတ်လာပါက တိကျသော အဖြေပေးရန် အချိန်မတန်သေးသော်လည်း နှစ်ဖက်စလုံးက ညှိနှိုင်းရန် ပူးပေါင်း ဆောင်ရွက်ရန် လိုလားနေခြင်းကြောင့် အဖြေထွက်ရန် အလားအလာ ရှိပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးမှ ခေါင်းဆောင် ၅၀ ကျော်နှင့် အစိုးရဖက်မှ ကိုယ်စားလှယ် အမြောက်အများတက်ရောက်ခဲ့ကြသော မြစ်ကြီးနား အစည်းအဝေးသည် ၁၉၄၇ ပင်လုံညီလာခံထက် ပိုမိုကျယ်ပြန့် စုစည်းမှုရှိသော တွေ့ဆုံပွဲဟု ဆိုနိုင်သည်။ ပင်လုံစာချုပ် ကို ချင်း၊ ကချင်၊ ရှမ်း နှင့်ဗမာ ကိုယ်စားလှယ်များက သာ လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

လိုင်ဇာညီလာခံနှင့် မြစ်ကြီးနားအစည်းအဝေ လိုအပ်ချက်တစ်ခုမှာ အကြီးဆုံးလက်နက်ကို အုပ်စုဖြစ်သော ဝ တပ်ဖွဲ့ UWSA၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ - ခပ်ပလန် (NSCN- K) နှင့် ကချင် အမျိုးသားအစည်းအရုံး KNO တို့ မတက်ရောက်ခြင်းပင်ဖြစ်သည်။

နိုင်ငံလုံးကျွတ် အပစ်ရပ်စဲရေး ထိရောက်မှုနှင့် အောင်မြင်မှုရှိဖို့ဆိုပါက တိုင်းရင်းသားလက်နက်ကိုင် အုပ်စု အားလုံး ပါဝင်၍ ပူးပေါင်းဆောင်ရွက်ကြရန် လိုသည်။ ထို့အပြင် မပါဝင်သော အဖွဲ့များကို စည်းရုံးဖိတ်ခေါ်ရန်ပါဝင်သော တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များနှင့် ပြည်ထောင်စုအစိုးရနှစ်ဖက်စလုံးတွင် တာဝန်ရှိသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာမခံရေး

လွန်ခဲ့သော ဆယ်စုနှစ်များ တစ်လျှောက်ရှိခဲ့သော ပြဿနာဖြစ်သည့်အလျှောက် တိုင်းရင်းသားနယ်မြေများမှ ပြည်ထောင်စု စစ်တပ် (တပ်မတော်) ဆုတ်ခွာ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးကိစ္စတွင် အကြီးမားဆုံး စိန်ခေါ်မှု ပေါ် ပေါက်လာမည့် လက္ခဏာရှိသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ စစ်သားများကို ပြည်ထောင်စုအစိုးရက မည်သို့ ကိုင်တွယ်မလဲ ဆိုသည့် ကိစ္စတွင် နောက်ထပ် စိန်ခေါ်မှုတစ်ခု ရှိနေသည်။ အစိုးရက အဆိုပါလက်နက်ကိုင်အဖွဲ့များကို ဖက်ဒရယ် စစ်တပ်သို့ သွတ်သွင်းရန် (သို့) ပြည်နယ်စပ်တပ်အဖြစ် ဖွဲ့စည်းရန် ဆန္ဒရှိသလား။ ရှိခဲ့လျှင် ယင်းအဆိုကို ရေရှည်ဖြေရှင်း နည်းအဖြစ် တိုင်းရင်းသားအုပ်စုများက လက်သင့်ခံနိုင်မှာလား။ အကယ်၍ ပြည်နယ်စစ်တပ်အဖြစ် အသွင်ပြောင်းရန် အစိုးရက ဆုံးဖြတ်ပါက ပြည်နယ် (သို့) ဖက်ဒရယ်အစိုးရက လုံလောက်သော ရန်ပုံငွေ ထောက်ပံ့ရန် ခွင့်ပြုမှာလား စသဖြင့် မေးခွန်းထုတ်စရာ များပေသည်။

မည့်သည့်ပုံစံ နည်းလမ်းတွင်မဆို တိုင်းရင်းသားတို့အမြဲတမ်းတောင်းဆိုလာသည့် တန်းတူညီမျှရေး၊ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရရေး လိုလားချက်များကို လက်ခံဖြေရှင်းပေးမည့် အစိုးရ၏ ကတိကဝတ် ရိုးသားသည်ဟု တိုင်းရင်းသား အုပ်စုများ က အပြည့်အဝ မယုံကြည်သဖြင့် ၎င်းတို့၏ လက်နက်များကို စွန့်လွှတ်မည့်အလားအလာ မရှိပေ။

ပြည်မအစိုးရအဆက်ဆက် နှင့်တောင်တန်းတိုင်းရင်းသား တို့အကြား ယုံကြည်မှု ပျက်ပြားခဲ့သည့် သမိုင်း ကြောင်း ရှိနေမှုကြောင့် လက်ရှိကာလ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရာတွင် အချိန်ယူရပေလိမ့်မည်။

မြစ်ကြီးနား အစည်းအဝေး၏ မကြုံစဖူး သဘာဝကြောင့် မျှော်လင့်ချက်များကို ယူဆောင်လာသော်ငြားလည်း နောက်ဆုံးရလာဒ်နှင့် ပတ်သက်၍ သတိကြီးစွားထား၍ အပြုသဘော ရှုမြင်ရပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ လတ်တ လော တိုးတက်ဖြစ်ပေါ်မှုများသည် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှု အောင်မြင်မှုအတွက် လွန်စွာ အရေးကြီးသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(8 November 2013 ရက်စွဲပါ Global Post မှ Rebecca Lu Sanchez ရေးသားသော Bangladesh will again close its border with Myanmar, blocking Rohinga refugee ကိုဘာသာပြန်ဆိုသည်။)

(PTI မှ 8 Nov 2013 ရက်စွဲပါ Obama asked to update targeted financial sanctions on Myanmar ကိုဘာသာပြန်ဆို သည်)


ဘင်္ဂလားဒေ့ရှ်က မြန်မာနှင့်နယ်စပ်ကို ရိုဟင်ဂျာဒုက္ခသည်များ မဝင်နိုင် ထပ်မံပိတ်ပင်

(8 November 2013 ရက်စွဲပါ Global Post မှ Rebecca Lu Sanchez ရေးသားသော Bangladesh will again close its border with Myanmar, blocking Rohinga refugee ကိုဘာသာပြန်ဆိုသည်။)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ အများစု၏ နှိပ်စက်မှုကြောင့် ဒုက္ခသည်အဖြစ် ထွက်ပြေးလာ သော ရိုဟင်ဂျာမူဆလင်များ၏ လမ်းကြောင်းကို ပိတ်ဆို့ကာကွယ်သည့်အနေဖြင့် မြန်မာနိုင်ငံနှင့် နယ်စပ်ကို ပိတ်ထား ရန်ဆုံးဖြတ်ခဲ့သည်ဟု Dhaka Tribune တွင် သောကြာနေ့က သတင်းဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန Dipu Moni က ကျေညာချက်ကို တိုင်းပြည်၏ အမြင့်ဆုံးဥပဒေပြု အဖွဲ့ဖြစ်သည့် House of the Nation တွင် ကြာသာပတေးနေ့က ဖတ်ကြားခဲ့ပါသည်။ ၎င်းက ဘင်္ဂလားဒေရှ့်တွင် တဖြည်းဖြည်း ဝင်ရောက်လာမှုများက ဖိအားဖြစ်လာခြင်းကြောင့် အစိုးရသည် တရားမဝင် ဝင်ရောက်လာသူဟူသမျှနှင့် ၎င်းတို့အား နေစရာပေးထားသူများကို တရားဥပဒေအရ အရေးမယူမှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပါသည်။

“မကြာသေးခင်က ရခိုင်ပြည်နယ်တွင် မတည်ငြိမ်သည့် အခြေအနေများကြောင့် မြန်မာနိုင်ငံက လူတွေ ဝင်လာ တာကို ရပ်တန့်နိုင်အောင် မြန်မာနဲ့နယ်စပ်ကို ချက်ခြင်း ပိတ်နိုင်အောင် စီစဉ်ခဲ့ပါတယ်”ဟု Moni က ပါလီမန်သို့ ပြောကြား ခဲ့သည်။

၎င်းကပြောကြားရာတွင် အစိုးရသည် နယ်စပ်တစ်လျှောက်တွင် နေထိုင်သူများအား အခြေအနေကို နားလည်အောင် ရှင်းပြထားကြောင်း၊ ဥပဒေစိုးမိုးရေး လုပ်ဆောင်သော အေဂျင်စီများအားလည်း မလိုက်နာသူများအား အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ညွှန်ကြားချက်များပေးထားကြောင့် ဆိုပါသည်။

Moni က၎င်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အကျိုးအကြောင်းဖော်ပြရာတွင် ဘင်္ဂလားဒေ့ရှ်မှ အလုပ်လုပ် ကိုင်နေသူ နှစ်သန်းခွဲခန့်ရှိသော ဆော်ဒီအာရေဗျနိုင်ငံနှင့် အခြားမူဆလင်တိုင်းပြည်များက နှိပ်စက်ခံရသော မူဆလင်များ၏ ဆိုးရွားသော အခြေအနေကို သနားစာနာလျက်ရှိကြကြောင်း ဆိုသည်။

ယခုကဲ့သို့သော နိုဝင်ဘာလတွင် ပင်လယ်ပြင်မှာ ငြိမ်သက်လာပြီဖြစ်ရာ ရွှေ့ပြောင်းမှုများ စတင်လေ့ရှိပြီး ကုလသမဂ္ဂက မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ လူများ၏ နှစ်စဉ်သေလောက်အောင် အန္တရာယ်ကြီးသော ထွက်ပြေးမှုများ ဟုဆိုပါသည်။

ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် Dan Menorton ၏အဆိုအရ ပြီးခဲ့သည့် နှစ်ပတ် အတွင်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကြောင့် လူပေါင်း ၁၅၀၀ ကျော် ထွက်ပြေးခဲ့သည်ဟု ဆိုပါသည်။

ယခုအပတ်အကုန်က ရိုဟင်ဂျာ (၇၀) တင်ဆောင်လာသော လှေမှာ မြန်မာနိုင်ငံအနောက်ဖက် ကမ်းရိုးတန်းတွင် နစ်မြှုပ်ခဲ့ရာ အသက်ရှင်သူ (၈)ဦးသာ တွေ့ရပါသည်။

နိုင်ငံမဲ့ရိုဟင်ဂျာ မူဆလင်များ၏ ပုံများကို ဝါရှင်တန်ဒီစီ ရှိ Holocaust Memorial ပြတိုက်တွင် လက်ရှိပြသထား ပါသည်။ ၎င်းတို့၏ ဝမ်းနည်းဖွယ်အခြေအနေများကို မီးမောင်းထိုးပြလိုခြင်းကြောင့် ပြင်ပနံရံများတွင် ပရိုဂျက်တာဖြင့် ပြသ ထားသည်။

မြန်မာနိုင်ငံက ထိုသို့ ပြသမှုမှာ မသင့်လျော်ကြောင်း ပြောကြားခဲ့သော်လည်း ဓါတ်ပုံဆရာ Greg Constantine ကမူ ထိုသို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဆိုပါသည်။

“လူအများက မြန်မာနိုင်ငံ အံ့သြဖွယ် ဖွံ့ဖြိုးတိုးတက်မှုအကြောင်းပြောနေကြချိန်မှာ ဒီကိစ္စက အနှောက်အယှက် ပါဘဲ။ တိုင်းပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ဒီကိစ္စက အရိပ်မည်းထိုးနေပါတယ်” ဟု Constantine ကပြောသည်။

လူ့အခွင့်အရေးအုပ်စုများကလည်း မြန်မာနိုင်ငံမှ ရခိုင်ဗုဒ္ဓဘာသာနှင့် ရိုဟင်ဂျာမူစလင်များကြား ဘာသာရေးအရ အကြမ်းဖက်မှုများကို ရှုတ်ချခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို နိုင်ငံသား အသိအမှတ်ပြုရန်ငြင်းဆိုးခဲ့ပြီး အင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာရောက်သူများအဖြစ် ရှုမြင်ခဲ့သည်။


 ဘဏ္ဍာရေးပိတ်ဆို့အရေးယူမှုပြုရမည့်သူများ စာရင်းကို ပြင်ဆင်မွမ်းမံရန် အိုဘားမားကို အမေရိကန်အဖွဲ့များ တိုက်တွန်း

(PTI မှ 8 Nov 2013 ရက်စွဲပါ Obama asked to update targeted financial sanctions on Myanmar ကိုဘာသာပြန်ဆို သည်)

မြန်မာနိုင်ငံအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဘဏ္ဍာရေးပိတ်ဆို့အရေးယူမှုများကို ပြန်လည်ပြင်ဆင်သတ်မှတ်ရန် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားအား အမေရိကန်အဖွဲ့အစည်း သုံးဒါဇင်ကျော်ခန့်က တိုက်တွန်း ပြောဆိုလိုက်သည်။

အိုဘားမားအုပ်ချုပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် အမေရိကန်ရင်းနှီးမြှုပ်နှံသူများ လိုအပ်မည့် အရေး ကိစ္စများကို ထောက်ပံ့ပေးမည်ဟု ကတိပြုထားသော်လည်း ဘဏ္ဍာရေးပိတ်ဆို့အရေးယူရန် အထူးသတ်မှတ်ထား သည့် နိုင်ငံသားများ(SDN) စာရင်းကိုမူ ပြန်လည်ပြင်ဆင်မွမ်းမံရန် ပျက်ကွက်ခဲ့သည်ဟု အမေရိကန် အဖွဲ့အစည်း ပေါင်း ၃၇ ဖွဲ့က ပေးပို့သော အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

အိုဘားမားအုပ်ချုပ်ရေးအဖွဲ့သည် အဆိုပါ SDN စာရင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် နှစ်များအတွင်း ဖြည့်စွက်၊ ဖယ်ရှားမှုအနည်းငယ်သာပြုလုပ်ခဲ့ကြောင်း၊ ထိုသို့လုပ်ကိုင်ဆောင်ရွက်မှုများက မြန်မာပြည်သူများထံသို့ ရှုပ်ထွေးစေ သည့် အချက်ပြမှုများ ပြသလိုက်ရာရောက်ကြောင်း ယင်းစာကဆိုသည်။

ဥပမာပြရမည်ဆိုပါက  မြန်မာသန်းကြွယ်သူဋ္ဌေးကြီး ဦးတေဇပိုင်ဆိုင်သော အာရှအစိမ်းရောင်ဖွံ့ ဖြိုးရေးဘဏ် (AGD) နှင့် အခြားကုမ္ပဏီနှစ်ခုကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း SDN စာရင်းထဲသို့ထည့်သွင်းခဲ့သော်လည်း ၂၀၁၃ ဖေဖော်ဝါရီလတွင် အဆိုပါ AGD ဘဏ်အား ယင်းစာရင်းမှ ပြန်လည်ဖယ်ရှားပေးခဲ့သည်။ ဦးတေဇ သည် မြန်မာစစ်တပ်နှင့်ပတ်သက်မှုရှိနေသော်လည်း အိုဘားမားအုပ်ချုပ်ရေးအဖွဲ့က သူ၏ ဘဏ်အားစာရင်းမှဖယ်ရှား ပေးလိုက်မှု မှာ အံ့အားသင့်စရာကောင်းလှသည်ဟု ဖော်ပြသည်။

ထို့ပြင် အရပ်သားများအပေါ် တိုက်ခိုက်မှုလုပ်ခြင်း၊ ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုနှင့် နိုင်ငံတကာလူ့ အခွင့်အရေးဥပဒေများကို ချိုးဖောက်ခဲ့သော မြန်မာစစ်တပ်မှ ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကဲ့သို့သော ပုဂ္ဂိုလ် များသည် ပိတ်ဆို့အရေးယူရမည့်သူများစာရင်းတွင် ရှင်းရှင်းလင်းလင်းပါရှိရမည်ဖြစ်ရာ ၎င်းတို့ကို ယင်းစာရင်း ထဲသို့ ထည့်သွင်းရန် အဆိုပါစာတွင် တိုက်တွန်းဖော်ပြသည်။

“ယင်းသို့သော စိုးရိမ်မှုများရှိထားပြီဖြစ်ရာ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ပြုပြင်ပြောင်းလဲရေးသမား အရပ်သားများအား စာရင်းမှဖယ်ရှားနိုင်ရေးအတွက် ရှင်းလင်းသော အရည်အချင်းသတ်မှတ်ချက်များကို မဖြစ်မနေ ထုတ်ဖော်သင့်သည်” ဟု ယင်းစာတွင်ရေးသားထားသည်။ အဆိုပါ အဖွဲ့ ၃၇ ဖွဲ့ ပူးတွဲပေးပို့သောစာသည် SDN စာရင်းနှင့် ပတ်သက်၍ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် အပြောင်းအလဲပြုလုပ်ရန် လိုအပ်သည့်အချက်များကို ထောက်ပြခြင်း ဖြစ်သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive