Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေက တိုင်းပြည်စီးပွားရေး တိုးတက်မှုအတွက်အဓိက အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အပြင် ပြည်တွင်းအလုပ်အကိုင် ရရှိရေးအတွက်လည်း အရေးပါတဲ့ နေရာမှာ ပါဝင်နေတဲ့အတွက် SMEs တွေ ဖွံ့ဖြိုးဖို့ အရေးကြီး တယ်။ SMEs Law ကိုလည်း တိုင်းပြည်တိုးတက်ဖို့ အရေးကြီးဥပဒေတစ်ခု အနေနဲ့ ဆောလျင်စွာ ပြဌာန်းပေးဖို့ လိုအပ်ပါတယ်”

နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းနေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာများ မြို့ကြီးများတွင် တိုးချဲ့ဖွင့်လှစ်မည်” သတင်းမှ ကုန်သည်/စက်မှု လုပ်ငန်းရှင် အသင်းဥက္ကဌ ဦးဝင်းအောင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဂျပန်ရင်းနှီးမြှုပ်နှံတွေက ဒီဘက်နှစ်မှာ တဖြည်းဖြည်းလုပ်လာနိုင်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံတဲ့ ပမာဏက အရမ်းနည်းနေ ပါသေးတယ်။ အခု ဂျပန်ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံမှာ နံပါတ် (၁၁) နေရာမှာပဲ ရှိပါတယ်။ နံပါတ် (၁) က တရုတ်နိုင်ငံ ဖြစ်ပါတယ်။ သုံးနှစ်၊ငါးနှစ်အတွင်း ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှု လျင်လျင်မြန်မြန် တိုးတက်လာမှာ ဖြစ်ပြီး Asian Business Leader Association အနေနဲ့လည်း မြန်မာနိုင်ငံကို အကူအညီ ပေးနိုင်မယ် မျှော်လင့်တယ်”

နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၃၃) တွင် ပါရှိသော “သီလဝါ အထူးစီးပွား ရေးဇုန်စရင် ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံ ထိပ်ဆုံးရောက်နိုင်” သတင်းမှ Asian Business Leader Association မှ ဥက္ကဌ Mr.Sawada Hideo ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ယုံကြည်လို့ဆင်းလာသလားဆိုတဲ့ မေးခွန်းက ကျွန်တော်တို့ အခု ယုံကြည်မှု တည်ဆောက်နေချိန် ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော့်အနေနဲ့ ရန်ကုန်ကိုဆင်းလာတဲ့အပေါ်မှာ ကျွန်တော်တို့ဘက်က ယုံကြည်မှုကိုလည်း လိုသလို သေချာတာက Political Way ကို ပြသဖို့ လိုပါတယ်။ ဒါ့ကြောင့် ဒီအနေအထားမျိုးကြောင့် ရောက်လာတာ ဖြစ်တယ်”

နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် 7 Days နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “နိုင်ငံရေး လမ်းကြောင်း ပြသလို ၍ ရန်ကုန်လာဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြား” သတင်းမှ ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ချက်ချင်းလက်ငင်းဖွံ့ဖြိုးတိုးတက်မယ့် ကဏ္ဍတွေမှာ နှစ်နှစ်အတွင်း ယူရိုသန်း ၈၅၀ ထက်မပိုတဲ့ ငွေကြေးကို အသုံးပြုသွား မှာပါ။ ဒါ့ကြောင့် အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ဆက်တိုက်လိုလို လက်ခံတွေ့ဆုံစကား ပြောခဲ့ပါတယ်။ ကျွန်တော်တို့ အသုံးပြုမယ့်ငွေပမာဏဟာ အစိုးရရဲ့ လုပ်ငန်းစဉ်တွေချည်းပဲ မဟုတ်ပါဘူး”

နိုဝင်ဘာလ ၂၁ ရက်နေ့ထုတ် Venus News Journal အတွဲ (၅) အမှတ် (၁၇) တွင် ပါရှိသော “မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ၂ နှစ်အတွင်း ဥရောပသမဂ္ဂက ယူရိုသန်း ၈၅၀ ဝန်းကျင် အသုံးပြု မည်” သတင်းမှ ပါလီမန် ဥက္ကဌဆိုင်ရာ သံတမန်ရေး အကြံပေး Mr.Alexander Stut Zaann ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“တစ်ကယ်ပဲ တိုင်းပြည်အပေါ်မှာ စေတနာရှိတယ်ဆိုရင် တပ်မတော်ရဲ့ အခြေအနေ၊ တပ်မတော်ရဲ့ အနေအထားကို ပြန် ကြည့်စရာမလိုပါဘူး။ ကိုယ့် တိုင်းပြည်တောင့်လို့ရှိရင် တပ်မတော်က တောင့်မှာပါ။ ပြည်သူလူထုက ကိုယ့်ဘက်မှာ မားမား မတ်မတ်ရပ်လို့ရှိရင် ဘယ်တပ်မတော်မှ မယိမ်းယိုင်နိုင်ပါဘူးလို့ ကျွန်မပြောချင်တယ်”

နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အခြေခံဥပဒေ ပြင်ဆင်ရာ တွင် လူလည်မလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် သတိပေးပြောဆို” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

ကချင်ဒေသမှ တိုက်ပွဲသစ်များ ချက်ခြင်းရပ်ဆိုင်းရန် ကုလတောင်းဆို

(19 Nov 2013 ရက်စွဲပါ Yahoo News မှ AFP ၏ UN calls for immediate end to new Kachin clashes သတင်းကို ဘာသာပြန်ဆိုပါသည်)

ထားဝယ်စီမံကိန်းလုပ်ကိုင်ခွင့် ITD ရရှိထားဆဲဖြစ်ဟု မြန်မာအစိုးရအတည်ပြု

(Bangkok Post မှ 19 Nov 2013 ရက်စွဲပါ Myanmar confirms ITD deal still firm ကိုဘာသာပြန်ဆိုသည်)


ကချင်ဒေသမှ တိုက်ပွဲသစ်များ ချက်ခြင်းရပ်ဆိုင်းရန် ကုလတောင်းဆို

(19 Nov 2013 ရက်စွဲပါ Yahoo News မှ AFP ၏ UN calls for immediate end to new Kachin clashes သတင်းကို ဘာသာပြန်ဆိုပါသည်)

ကျောင်းနေသော ကလေးငယ်များ အပါအဝင် ရာပေါင်းများစွာသော သူများသည် စားနပ်ရိက္ခာနှင့် နေစရာအမိုး အကာအကန့်အသတ်များရှိနေသော ဝေးလံသော ဒေသများတွင် ပိတ်မိစေခဲ့သော မြန်မာစစ်တပ်နှင့် ကချင်တပ်ဖွဲ့များကြား တိုက်ပွဲများ အမြန်ဆုံးရပ်ဆိုင်းရန် ကုလသမဂ္ဂက တနလာင်္နေ့က တောင်းဆိုခဲ့ပါသည်။

ကုလသမဂ္ဂက ရန်ကုန်တွင် ထုတ်ပြန်သော ကျေညာချက်၌ ဗန်းမော်-မန်စီ ဒေသတွင် ဖြစ်ပွားသော တိုက်ပွဲငယ်များကြောင့် လူပေါင်း ၂၃၀၀ ခန့် ထိခိုက်မှုများ ရှိခဲ့ရာ အများစုမှာ ယခင်တိုက်ပွဲများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပြီး သူများ ဖြစ်သည်ဟု ဖော်ပြထားပါသည်။

“ကျောင်းသားများနှင့် ဆရာများသည် ကျောင်းဝင်းထဲတွင် ပိတ်မိနေခဲ့ပြီး အခိုင်းခံထားရရာ ကတ်သိုလိပ် ဘုရား ကျောင်းမှ အသနားခံခြင်းကြောင့် ထိုနေ့ညနေပိုင်းတွင် လွှတ်ပေးခဲ့ပါသည်” ဟု ကုလသမဂ္ဂက ပြောပါသည်။

“နောက်ဆုံးတိုက်ပွဲသည် ထိုဒေသအနီးဝန်းကျင်ရှိ အိုးမဲ့၊ အိမ်မဲ့များ (IDPs) ကို များစွာထိခိုက်မှုများ ရှိပါသည်။ ထို IDPs များသည် ယခင်တိုက်ပွဲများကြောင့် အိုးမဲ့၊အိမ်မဲ့ ဖြစ်ရသူများ ဖြစ်ပါသည်” ဟု ကုလသမဂ္ဂ က ပြောပါသည်။ တိုက်ပွဲများ ချက်ခြင်းရပ်ဆိုင်းရန်နှင့် လူသားချင်းစာနာသော အကူအညီများ ပေးနိုင်ရေး ခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်။

ကချင်ပဋိပက္ခနှင့် တိုင်းပြည်အနှံတွင် ဖြစ်ပွားနေသော ဘာသာရေးဆိုင်ရာ မငြိမ်သက်မှုများသည် အများက ကျယ်ကျယ် ပြန့်ပြန့်ချီးကျူးနေကြသော နိုင်ငံရေးအရ ပြောင်းလဲမှုများကို အရိပ်မည်းမိုးလျက် ရှိပါသည်။

သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရသည် အဓိက တိုင်းရင်းသား လက်နက်ကိုင် အုပ်စု တော်တော် များများ နှင့် ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိပြီး ဖြစ်ပါသည်။

ကချင်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ငြိမ်းချမ်းရေးမှာ ခက်ခဲနေဆဲဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များကို အသိအမှတ်ပြုရေးကို မြှင့်တင်ပေးမည် အစိုးရ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် အတားအဆီး ဖြစ်လျက် ရှိပါသည်။

KIA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က တရုတ်နယ်စပ်အနီး နမ့်လင်းပ ကျေးရွာရှိ ကျောင်းအနီးတွင် ဖြစ်ပွားသော တိုက်ပွဲများကို ရန်ကုန်မြို့တွင် အတည်ပြုပြောကြားခဲ့ပါသည်။

မြန်မာစစ်တပ်သည် ကယ်ဆယ်ရေးကားတန်းနှင့်အတူ အဆိုပါဒေသသို့ ဝင်ရောက်လာပြီး၊ တိုက်ပွဲများ စတင်ဖြစ် ပွား ခဲ့သည်ဟု ၎င်းက ပြောပါသည်။

“တိုက်ပွဲတွေက အချိန်နဲ့အမျှ ဖြစ်နေတာပါပဲ။ ကျွန်တော်တို့ တပ်တွေနဲ့ နီးကပ်လာပြီး၊ မနေ့က တနင်္ဂနွေနေရ ကရော ဒီနေ့ပါ တိုက်ခိုက်နေပါတယ်” ဟု ၎င်း က သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။

သို့သော် ထိုတိုက်ပွဲများကြောင့် ဒီဇင်ဘာတွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်များ ကိုယ်စားပြုသော အဖွဲ့နှင့် အစိုးရကြား ဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှ လမ်းကြောင်းပြောင်းသွားလိမ့်မည် မဟုတ်ကြောင်း ၎င်းကဆိုပါသည်။

တနလာင်္နေ့က အမေရိကန်သံရုံးက ကျောညာခဲ့ရာတွင် ကချင်ဒေသအပါအဝင် တိုင်းပြည်တစ်ဝှမ်းမှ စစ်ဘေးသင့် သူများအတွက် ကယ်ဆယ်ရေး ပြုလုပ်နိုင်ရန် ဒေါ်လာ (၂၅) သန်း အကူအညီပေးမည် ဖြစ်ကြောင်း ဆိုပါသည်။ ထိုကူညီမှု အသစ်တွင် အိမ်ယာမဲ့ရသူများအတွက် စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အမိုးအကာများ ဖြည့်ဆီးပေးရန် ပါဝင် ပါသည်။


ထားဝယ်စီမံကိန်းလုပ်ကိုင်ခွင့် ITD ရရှိထားဆဲဖြစ်ဟု မြန်မာအစိုးရအတည်ပြု

(Bangkok Post မှ 19 Nov 2013 ရက်စွဲပါ Myanmar confirms ITD deal still firm ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးတွင် Italian Thai Development Plc (ITD) အားနှစ်ပေါင်း ၇၅ နှစ်လုပ်ကိုင်ခွင့်ပြုထားမှုမှာ အပြောင်းအလဲမရှိ ယခင်အတိုင်းပင် ဖြစ်ကြောင်း၊ ရေနက်ဆိပ်ကမ်းတည်ဆောက်မှုကို ရပ်ဆိုင်းထားသော်လည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ ပါဝင်လုပ်ကိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသမ္မတရုံးမှ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးဆက်အောင်က မြန်မာအစိုးရသည် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ ပါဝင်သော ထားဝယ်ဧရာမ ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးတွင် ITD ကုမ္ပဏီအား လုပ်ကိုင်ခွင့် ရပ်ဆိုင်း ပစ်လိုက်သည်ဟူသော သတင်းထွက်ပေါ်မှုများနှင့် ပတ်သက်၍ အထက်ပါအတိုင်း ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

ထားဝယ်သို့ ယခုနိုဝင်ဘာလ အစောပိုင်းတွင် အလည်အပတ်သွားရောက်ခဲ့သော ထိုင်းကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်နှင့် စွမ်းအင်ဝန်ကြီး Pongsak Raktapongpaisal က အဆိုပါ ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည် ဖော် တည်ဆောက်ရန် အချိန်နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာအစိုးရသည် ITD အားပေးထားသည့် စီမံကိန်း လုပ်ကိုင်ခွင့်ကို ပြန်လည်သိမ်းယူရန် စီစဉ်ခဲ့သည်ဟု ပြီးခဲ့သည့် သတင်းပတ် အတွင်း ပြောကြားသည်။

မြန်မာအစိုးရအနေဖြင့် လာမည့်နှစ်အတွင်း ထားဝယ်ရေနက် ဆိပ်မ်းစီမံကိန်း လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ နိုင်ငံတကာကို ကြိုးပမ်းရယူခွင့် ပြုလိမ့်မည်ဖြစ်သည်ဟု ၎င်းကပြောကြားသည်။ ထိုင်းစွမ်းအင်ဝန်ကြီး မစ္စတာ Pongsak သည် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းစတင်ရေးအတွက် လုပ်ငန်းအဖွဲ့၏ အကြီးအကဲအဖြစ် မကြာသေးမီကမှ ခန့်အပ် ခြင်းခံ လိုက်ရသူ ဖြစ်သည်။

“မြန်မာအစိုးရက ITD ကို ထွက်စေချင်နေတယ်ဆိုတာ မမှန်ပါဘူး” ဟု ဦးဆက်အောင်က Bangkok Post သို့ တနင်္လာနေ့တွင် ပြောကြားသည်။

“ဒါပေမဲ့လည်း အဲဒီစီမံကိန်းတွေကို အကဲဖြတ်မှုတွေ လုပ်စရာရှိလာလို့ ITD အနေနဲ့ လုပ်ငန်းရပ်ဖို့ ဖြစ်လာတာပေါ့။ အကဲဖြတ်မှုတွေကို အသေအချာ ကြိုးပမ်းလုပ်ဆောင်မှုမရှိဘူးဆိုရင် ထားဝယ်အထူး စီးပွားရေးဇုန် ဖွံ့ဖြိုးရေးနဲ့ဆက်နွှယ်တဲ့ ဘယ်စီမံကိန်းမှာမဆို အခြားရင်းနှီးမြှုပ်နှံသူတွေ ဝင်ရောက်လာနိုင်မှာ မဟုတ်ပါဘူး။

“တခြားရင်းနှီးမြှုပ်နှံသူတွေ မလာဘူးဆိုရင် ထားဝယ်စီမံကိန်းကြီးဟာ အောင်မြင်မှုရှိ မှာမဟုတ်ပါဘူး” ဟု ဦးဆက်အောင်ကပြောကြားသည်။

ထားဝယ်စီမံကိန်းနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များအားလုံးကို မြန်မာနှင့်ထိုင်း အစိုးရနှစ်ရပ် စလုံးက အဆင့်မြင့်ပုဂ္ဂိုလ်များ ပါဝင်သည့် ကော်မတီများ သို့မဟုတ် ပူးတွဲလုပ်ဆောင်ရေး ကော်မတီများ ဖွဲ့စည်းကာ ဆုံးဖြတ်ကြ ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“မြန်မာနဲ့ ထိုင်းအစိုးရတို့ ပြုလုပ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဆွေးနွေးမှုတွေ တစ်ခုချင်းစီကို ITD ကသိပါတယ်” ဟု ၎င်းကဆိုသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive