Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခုက အနိုင်ယူဖို့ မဟုတ်ဘူး။ အစိုးရကလည်း ကျွန်တော်တို့ကို အနိုင်မယူနဲ့။ ကျွန်တော်တို့ကလည်း အစိုးရကို အနိုင်မ ယူဘူး။ ငြိမ်းချမ်းရေးက အဓိကပဲ။ ငြိမ်းချမ်းရေးရဖို့ ဘယ်လိုလက်တွဲကြမလဲ ဆိုတာပဲ။ အနိုင်ယူနေရင် ဘယ်လို လက်တွဲလို့ရမှာလဲ”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “တိုင်းပြည်နှင့် ပြည်သူ လူထု၏ တပ်မက်မှုသည် ငြိမ်းချမ်းရေးဖြစ် အဓိကကျသော ငြိမ်းချမ်းရေးရရန် ဝိုင်းဝန် လုပ်ဆောင်ရန် လိုအပ်” သတင်းမှ KNU/KIA မှ ဒေါက်တာ ထံမပီ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒို့တာဝန်အရေးသုံးပါးကို အနာဂတ် နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ဖော်ဆောင်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ဖို့ လိုပါတယ်။ ဒီမိုကရေစီသက်တမ်း သုံးနှစ်နီးပါးရှိလာတဲ့အခါ ပြင်သင့်တာကို ပြင်ရမယ်လို့ ကျွန်တော့် အနေနဲ့မြင်ပါတယ်။ မပြင်သင့်တာကိုလည်း လုံးဝမပြင်ရဘူးလို့ မြင်ပါတယ်။ မပြင်သင့်တာဘာလဲ အမျိုးဘာသာ သာသနာကို ကွယ်ပျောက်စေ၊ ထိခိုက်စေမယ့်အရာပေါ့ ကျွန်တော်တို့ရဲ့အချုပ်အခြာအာဏာကို နောင်လာနောင်သားတွေ ထိခိုက်စေမယ့်အရာ အဲ့ဒီတစ်ခုကို ပြင်ရင် အားလုံးကိုထိခိုက်နိုင်တယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် လူထုပုံရိပ် ဂျာနယ် အတွဲ (၂) အမှတ် (၈) တွင်ပါရှိသော “ဒို့တာဝန် အရေး သုံးပါး ဖော်ဆောင်မည့် အခြေခံဥပဒေလိုအပ်ဟု ဦးအောင်သိန်းလင်းဆို” သတင်းမှ ပြည်ထောင်စု ကြံခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံသားဖြစ်ဖို့အတွက် စိစစ်ပြီး (နိုင်) ပေးသင့်တဲ့သူပေး၊ (ဧည့်) ပေးသင့်တယ်သူကိုပေး (ပြု) ပေးသင့်တဲ့သူ ကို ပေးပြီး၊ အားလုံးကိုတရားဥပဒေအတိုင်း တရားဝင်အသိအမှတ်ပြုပြီး သွားချင်တဲ့နေရာကို ပေးသွားလိုက်ရင် ပြဿနာကို တစ်နည်းတစ်ဖုံဖြေရှင်းနိုင်မှာပါ။ တစ်နေရာတည်းမှာ စုထားရင် ပြဿနာက ပိုကြီးနိုင်တယ်”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၃၇) တွင်ပါရှိသော “တအုံနွေးနွေး ရခိုင်အရေး” သတင်းမှ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင် ၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


“ကျေးလက်ဒေသတွေမှာ မီးလင်းရရှိရေးအတွက် အလွန်လိုအပ်နေပါတယ်။ တော်တော်လေး လုပ်ရဦးမှာပါ။ ဒါပေမယ့် ဆယ်စုနှစ်အတွင်းမှာ မဟာဓါတ်အားလိုင်းနဲ့ သောက်သုံးရေရရှိမှုကို လုပ်ကိုင်နေတာဟာ အရင်ကနဲ့ ယှဉ်ရင် အောင်မြင်တယ် လို့ ပြောလို့ရပါတယ်။ ဥပမာ လာအိုနိုင်ငံမှာ ဆိုရင် ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းက လျှပ်စစ်မီးရရှိသွားတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံမှာလည်း မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်အောင် လာအိုနိုင်ငံရဲ့ မဟာဓါတ်အားလိုင်း နည်းပညာ အသုံးပြုမှုကို လေ့လာသင့်ပါတယ်”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “ကျေးလက်ဒေသပြည်သူ ၇၀ ရာခိုင်နှုန်းခန့်မှာ မဟာဓါတ်အားလိုင်းနှင့် ဝေးကွာနေကြောင်း ဒုတိယသမ္မဦးဥာဏ်ထွန်း ပြောကြား” သတင်းမှ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“Retial Business ကို အခုချိန်မှာတော့ မပေးသေးဘူး။ ဒါပေမယ့် အနှေးနဲ့အမြန်ပေးရတော့မှာပဲ။ မြန်မာနိုင်ငံ ကလည်း ဒီထက်တိုးတက်လာလို့ သူများနိုင်ငံတွေမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံမှု သွားလုပ်လို့ရှိရင် နိုင်ငံတကာကလည်း ခွဲခြားဆက်ဆံမှု မရှိဘူး။ လောလောဆယ်မှာကတော့ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကို အထောက်အကူပေးချင်လို့ ကန့်သတ်လို့ တာတွေ ရှိနေတုန်းပဲပေါ့။ ဒါပေမယ့် သိပ်မကြာတော့တဲ့ အချိန်မှာ ဒီကန့်သတ်ချက်တွေကို ဖြေလျှော့ပေးရတော့မှာပါ”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “လက်လီဆိုင်လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လတ်တလောခွင့်မပြုသေး” သတင်းမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဆက်အောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

ကုလအထွေထွေညီလာခံက မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာက ရိုဟင်ဂျာနှင့် အခြားမွတ်ဆလင်များအပေါ် တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းရန် ပြောကြား

(19 November 2013 ရက်စွဲပါ Washington Post မှ AFP ၏ UN General Assembly tells Myanmar to quell Buddhist attacks on Rohingya and other Muslims ကိုဘာသာပြန်ဆိုပါသည်)

ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူ့အခွင့်အရေးကော်မတီသည် အင်္ဂါနေ့က ဆုံးဖြတ်ချက်တစ်ခု သဘောတူခဲ့ ရာမြန်မာနိုင်ငံအား နိုင်ငံမဲ့ရိုဟင်ဂျာ လူနည်းစုအား နိုင်ငံသားပြုခွင့်တန်းတူ အခွင့်အရေးရရန်၊ ၎င်းတို့အပေါ် နှင့် အခြား မွတ်ဆလင်များအပေါ် အကြမ်းဖက်သော ဗုဒ္ဓဘာသာများကို နှိမ်နှင်းပေးရန်တို့ကို တိုက်တွန်းခဲ့ပါသည်။

ထိုဆုံးဖြတ်ချက်ကို အများသဘောတူညီချက်ဖြင့် ကော်မတီက သဘောတူခဲ့ရာ အထွေထွေညီလာခံ၏ စည်းမျဉ်း များအရ ကော်မတီသည် ယခုနှစ်နှောင်းပိုင်းတွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးကာလ၌ အဆိုပါအကြမ်းဖက်မှုများသည် နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်မှုများရှိနေပါသည်။ အချို့က ပြောကြားရာတွင် အဆိုပါ ပြည်တွင်းလူမျိုးရေး အကြမ်းဖက်မှုများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကို ခြိမ်းခြောက်နေသည်ဟု ဆိုပါသည်။ အဘယ့်ကြောင့်ဆိုသော် လုံခြုံရေးတပ်ဖွဲ့များ သည် အာဏာအတွက် ပြန်လည်ထိန်းချုပ် လာနိုင်ခြင်းကြောင့်ဟု ဆိုပါသည်။

၁၉၈၂ ခုနှစ်က မြန်မာနိုင်ငံသည် နိုင်ငံသားဥပဒေကို ပြဌာန်းခဲ့ရာ မျိုးနွယ်စု (၈) ခုနှင့် တိုင်းရင်းသားအုပ်စု (၁၃၀) ကို အသိအမှတ်ပြုပြီး လူဦးရေ (၈) သိန်းရှိ ရိုဟင်ဂျာများကို ချန်လှပ်ခဲ့ပါသည်။  ဗုဒ္ဓဘာသာများက ရိုဟင်ဂျာများသည် ဗြိတိသျှကိုလိုနီက ယနေ့ ဘင်္ဂလားဒေ့ရှ်ဟု ခေါ်သော ဒေသမှ ခေါ်သွင်းလာသူများအဖြစ် မြင်ကြပါသည်။ သို့သော် ရိုဟင်ဂျာ များက မြန်မာနိုင်ငံတွင် နေထိုင်သည်မှာ နှစ်ပေါင်းရာချီနေပြီဟု ပြောဆိုကြပါသည်။

မြန်မာနိုင်ငံတွင် လာမည့်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရနိုင်ခြေရှိသည့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကလည်း ရိုဟင်ဂျာများ၏  ရပိုင်ခွင့်နှင့် ပတ်သက်၍ အနည်းငယ်မျှ ပြောဆိုခြင်းမရှိပေ။ ၎င်းသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော OIC နှင့် ယခုအပတ် တွေ့ဆုံခြင်း မရှိပဲ၊ ရိုဟင်ဂျာများ၏ ဆိုးရွားသော အခြေအနေများကို ဆွေးနွေးရန် ပျက်ကွက်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း (၅၀) ကျော်က စစ်တပ်မှ အာဏာသိမ်းပြီးကတည်းက ကမ္ဘာ့နိုင်ငံအများစု ဆေးဖော်ကြောဖက်မလုပ်ပဲ ပစ်ထားခဲ့ကြပါသည်။ သို့သော် အကြာသေးမှီနှစ်များက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းနှင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ကိုင်လာခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း က သတိဖြင့်ပြန်လည် ကြိုဆိုလာခဲ့ပါသည်။ သမ္မတ Barack Obama သည် ပြီးခဲ့သည့်နှစ်က အာရှခရီးစဉ်တွင် မြန်မာနိုင်ငံ သို့ သွားရောက်ခဲ့ရာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအတွက် အသိအမှတ်ပြုမှု ဖြစ်ခဲ့ပါသည်။

မြန်မာနိုင်ငံသမ္မတ၏ ကျေညာချက်တွင် ယခုနှစ်ကုန်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ လုံးဝမကျန် စေရဟု ဖော်ပြထားမှုကို အထွေထွေညီလာခံ ဆုံးဖြတ်ချက်က ကြိုဆိုခဲ့ပါသည်။ ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံသည် နိုင်ငံရေးအကျဉ်းသား (၆၉) ဦးကို လွှတ်ပေးခဲ့ပါသည်။

ဆုံးဖြတ်ချက်တွင် နိုင်ငံရေးလှုပ်ရှားသူများ လူ့အခွင့်အရေး ကာကွယ်သူများကို မတရားဖမ်းဆီးခြင်း၊ ထိန်းသိမ်း ခြင်း၊ အဓမနှင်ထုတ်မှုများ၊ မြေယာသိမ်းယူမှုများ၊ အဓမပြုကျင့်မှုနှင့် အခြားလိင်ဆိုင်ရာ အကြမ်းဖက်မှုများ၊ နှိပ်စက်ခြင်း၊ လူမဆန်စွာ၊ လူ့သိက္ခာကျအောင် ရက်စက်စွာပြုမူမှုများ၊ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက် ခြင်းများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး အဆိုပါ ချိုးဖောက်မှုများ ရပ်ဆိုင်းရေး ကြိုးပမ်းရန် တိုက်တွန်းခဲ့ပါသည်။

ဆုံးဖြတ်ချက်တွင် ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာလူနည်းစုအပေါ် ကျူးလွန်မှုများ၊ အခြားနေရာများ တွင် မွတ်ဆလင်လူနည်းစုအပေါ် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အလေးအနက်စိုးရိမ်မှုကို ထပ်မံဖော်ထုတ်ခဲ့ပါသည်။

မြန်မာအစိုးရက ရိုဟင်ဂျာများကို တောင်အာရှမှ မျိုးနွယ်တစ်ခုဖြစ်သော ဘင်္ဂါလီဟု ခေါ်ဝေါ်ခဲ့သော်လည်း ရိုဟင်ဂျာ ခေါင်းဆောင်များက အဆိုပါအခေါ်အဝေါ်ကို ကန့်ကွက်ခဲ့ပါသည်။

ရိုဟင်ဂျာများသည် ဘင်္ဂါလီစကားပြောကို ပြောကြပြီး မြန်မာအများစုထက် အသားရောင်ပို၍ မဲပါသည်။ ဘင်္ဂလားဒေ့ရှ် ကလည်း ၎င်းတို့နိုင်ငံသားအဖြစ် လက်ခံရန် ငြင်းဆိုခဲ့ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive