Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

ကမ်းလွန်လုပ်ကွက် တင်ဒါဆွဲရာတွင် Petronas နှာတစ်ဖျားသာ

(The Star Business News မှ 23 Nov 2013 ရက်စွဲပါ “Report: Bidding for Myanmar Offshore oil blocks, Petronas has edge” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ စားဝတ်နေရေးအခက်အခဲကြောင့် အီးယူ ကိုယ်စားလှယ် စိတ်မကောင်းဖြစ်

(The Gulf Today မှ 24 Nov 2013 ရက်စွဲပါ “ EU aid envory decries Myanmar deprivation” သတင်း ကိုဘာသာ ပြန်ဆိုသည်။)


ကမ်းလွန်လုပ်ကွက် တင်ဒါဆွဲရာတွင် Petronas နှာတစ်ဖျားသာ

(The Star Business News မှ 23 Nov 2013 ရက်စွဲပါ “Report: Bidding for Myanmar Offshore oil blocks, Petronas has edge” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာကမ်းလွန် ရေနံနှင့် ဓါတ်ငွေ့တွက်းများအတွက် တင်ဒါခေါ်သည့် နောက်ဆုံးအဆင့်တွင် ကုမ္ပဏီ ၂၀ ခန့် နှုတ်ထွက် သွားပြီဟု စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တင်ဒါဆွဲရန် အရည်အချင်းပြည့်မှီသော ကုမ္ပဏီ ၆၁ ခုရှိသော်လည်း နိုဝင်ဘာလ ၁၅ ရက် နောက်ဆုံးထား၍ လျှောက်လွှာ တင်သွင်းသော ကုမ္ပဏီ ၄၀ ခန့်သာရှိသည်ဟု ပြောကြားသော တာဝန်ရှိသူက ကုမ္ပဏီများ၏ အမည်ကို ဖော်ပြရန် ငြင်းဆိုသည်။

အမည်မဖော်ဆိုသော တာဝန်ရှိသူက တင်ဒါလုပ်ငန်းစဉ်ကတောါ ဆက်သွားနေတုန်းပဲ ဟုပြောကြားသည်။

မြန်မာနိုင်ငံသည် ရေတိမ်ပိုင်းလုပ်ကွက် ၁၁ ခုနှင့် ရေနက်ပိုင်းလုပ်ကွက် ၁၉ ခုတို့ကို တင်ဒါခေါ်နေခြင်းဖြစ်ရာ ရေတိမ်ပိုင်း လုပ်ကွက် တင်ဒါအောင်သူများမှာ ပြည်တွင်းကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ကြမည်ဖြစ်ပြီး၊ ရေနက်ပိုင်း လုပ်ကွက် တင်ဒါအောင်သော နိုင်ငံခြားကုမ္ပဏီများမှာမူ ပြည်တွင်းကုမ္ပဏီများ နှင့် လက်တွဲရန်မလိုဟု သိရှိရသည်။ ဧပြီလက ပထမအဆင့်တင်ဒါသွင်းသော ကုမ္ပဏီ ၇၉ ခုအနက် Shell၊ Chevron၊ Conoco Phillips၊ Exxon၊ Total၊ PTTEP၊ Petronas စသော ကုမ္ပဏီများပါဝင်သည်။

Petronas, Total, PTTEP တို့သည် မြန်မာနိုင်ငံတွင် အတွေ့အကြှုံနှင့် အခြေခံအဆောာက်အဦး ကွန်ယက်ရှိ ထားပြီး ဖြစ်သောကြောင့် ကုမ္ပဏီအသစ်များထက် သိသိသာသာ နှာတစ်ဖျားသာနေသည်ဟု အဆိုပါကုမ္ပဏီများကို အကြံပေးနေ သော VDB Loi ရှေ့နေလုပ်ငန်း၏ အောက်တိုဘာ ၂၁ ရက်နေ့က အစီရင်ခာံတွင် ဆိုထားသည်။

ယခုတင်ဒါအောင်မည့်သူများသည် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ နောက်ဆုံးအဆင့်ခွင့်ပြုချက်မရမှီ မြန်မာနိုင်ငံ တွင် ပထမဆုံး အနေဖြင့် သဘာဝပတ်ဝန်းကျင်သက်ရောက်မှုဆိုင်ရာ အကဲဖြတ်မှုများကို ပြုလုပ်ကြလိမ့်မည်ဟု စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။


မန်မာနိုင်ငံ၏ စားဝတ်နေရေးအခက်အခဲကြောင့် အီးယူ ကိုယ်စားလှယ် စိတ်မကောင်းဖြစ်

(The Gulf Today မှ 24 Nov 2013 ရက်စွဲပါ “ EU aid envory decries Myanmar deprivation” သတင်း ကိုဘာသာ ပြန်ဆိုသည်။)

ရခိုင်ပြည်နယ်တွင် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးစေခဲ့သော လူမျိုးရေးအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသူ မွတ်ဆလင်အများစုပါဝင်သော ဒုက္ခသည်များ အရေအတွက် သိန်းချီနေထိုင်သော ယာယီစခန်းများ တွင် စားဝတ်နေရေး ကြီးကြီးမားမား အကျပ်အတည်းဖြစ်နေခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ဥရောပသမဂ္ဂ လူသားချင်း စာနာမှု ကိုယ်စားလှယ်က စနေနေ့က ထုတ်ဖော်ပြောကြားလိုက်သည်။

အီးယူ၏လူသားချင်း စာနာရေးနှင့် ကယ်ဆယ်ထောက်ပံ့ရေးဌာနရှိ အကြီးအကဲ ကလော့ဆိုရင်ဆန်က အဆိုပါဒေသသို့ ယခု သီတင်းပတ်အတွင်း သွားရောက်ခဲ့ပြီးနောက် ကြေညာချက်ထုတ်ပြန်ရာတွင် “ အခြေခံအခွင့် အရေးများ မလေးစားမှု နှင့် ဘေးဒဏ်သင့်ပြည်သူများ၏ စားဝတ်နေရး ဆိုးဆိုးဝါးဝါးကျပ်တည်းနေမှုတို့ကြောင့် စိတ် အနှောက်အယှက်ဖြစ်ရသည် ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင်ယာယီဒုက္ခသည်စခန်းများသို့ အခြေခံလိုအပ်ချက်များ ဖြန့်ဖြူးပေးရန်ကြိုးစားနေသော ကယ်ဆယ်ရေး လုပ်သား များအား အစွန်းရောက်အုပ်စုများက ခြိမ်းခြောက်နေမှုကိုလည်း သတိထားကြရန် ထုတ်ဖော်ပြောကြားလိုက်ပြီး အဆိုပါကိစ္စ အပေါ် နိုင်ငံတကာစိုးရိမ်မှုကြီးထွားနေခြင်းကို ကလော့စ်ဆိုရင်ဆန်က အားဖြည့်ထုတ်ဖော်လိုက်ပါသည်။

ကုလသမဂ္ဂ ကဖိအားပေးနေသော်လည်း ရိုဟင်ဂျာတို့ကို နိုင်ငံသားခံယူခွင့် မပေးနိုင်ကြောင်း ကြာသာပတေးနေ့ တွင် မြန်မာနိုင်ငံက ပြောကြားခဲ့ပြီးနောက် စနေနေ့တွင် ဆိုရင်ဆန်၏ အထက်ပါမှတ်ချက်များ ထွက်ပေါ် လာခြင်းဖြစ်သ ည်။

မြန်မာတို့က ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို တရားမဝင်ရွေ့ပြောင်းနေထိုင်သူ ဘင်္ဂါလီများဟု သတ်မှတ်ထား သည်။ ရိုဟင်ဂျာဟူသော အခေါ်အဝေါ်နှင့် ပတ်သက်၍ အကဲဆတ်မှုကို ဆိုရင်ဆန်က အသိအမှတ်ပြုနေသော်လည်း “ခေါင်းစည်း နာမည်” များကို ကျော်လွန်၍ ရှေ့ဆက်သွားကြရန် မြန်မာနိုင်ငံကို တိုက်တွန်းလိုက်ပါသည်။

“သူတို့အားလုံး လှေတွေနဲ့ ထွက်သွားပြီး ပင်လယ်ထဲမှာ ပျောက်သွားမှာ မဟုတ်ပါဘူး။ ဒါက ကျော်မကောင်း၊ ကြားမကောင်း ကိစ္စပါ။ သူတို့ အဲဒီမှာ ဆက်ရှိနေကြမှာပါ။ ဒါကြောင့် ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှာကြရမှာပါ။ ဒါဆိုရင် မြန်မာနိုင်ငံရဲ့ အလုံးစုံ ဖွင့်ဖြိုးတိုးတက်ရေးအပေါ်မှာ ခြိမ်းခြောက်မှုဖြစ်လာမှာ မဟုတ်ပါဘူး” ဟု၎င်းက သတင်းထောက် များကို ပြောကြားသည်။

ထို့အပြင် အစိုးရတပ်နှင့် ကချင်တပ်တို့၏ တိုက်ပွဲကြားတွင် ကလေးများ အပါအဝင် အရပ်သားများ ပိတ်ခဲ့ပြီးေ နာက် မြန်မာ နိုင်ငံသို့ စားနပ်ရိက္ခာ အကူအညီ အဓိကတိုးမြှင့်ပေးသွားမည်ဟု အီးယူက ဆိုပါသည်။

လွန်ခဲ့သည့် ၂ နှစ် အတွင်းပေးခဲ့သော လူသားခြင်း စာနာမှု အကူအညီဒေါ်လာ ၄၅ သန်းအပြင် နောက်ထပ် ဒေါ်လာ ၄ သန်း တိုးမြှင့်ကူညီလျက်ရှိသည်ဟုလည်း ဥရောပကော်မရှင် ကပြောကြားသည်။

အကူအညီအဖြစ်ထောက်ပံ့ပေး သွားမည်ဟု အီးယူအမှုဆောင်က ပြောကြားသည်။

အီးယူနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ လူသားခြင်း စာနာကူညီမှု၊ ဘေးမန္တရာယ် တုန့်ပြန်မှု ဆိုင်ရာကော်မ ရှင်မင်းကြီး ခရစ်စတယ်လီနာဂျော်ဂျီဗာက “ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ နေအိမ်တွေ ဆုံးရှုံးခဲ့ရပြီးတော့ ကြောက်မက် ဖွယ်ဆိုးဆိုးဝါးဝါး အခြေအနေတွေနဲ့ နေထိုင်ကြပါတယ်” ဟု စိတ်မကောင်းဖြစ်စွာနှင့် ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် အာရှကို အသွင်ပြောင်းနိုင်

(22 Nov 2013 ရက်စွဲပါ Financial Times မှ Than Myint-U ၏ Peace in Myanmar can transform Asia ကိုသာ သာပြန်ဆိုသည်။)

ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးစစ်ပွဲတစ်ခုသည် ပြီးဆုံးကာနီးပြီဖြစ်သည်။ မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အရေးကြီးသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ အကယ်၍သာ အောင်မြင်ခဲ့ပါက နောက်ထပ် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး အလားအလာများသည် ပိုမိုအားကောင်းလာနိုင်ပြီး စီးပွားရေးအလားအလာကောင်းများအတွက် တံခါးသော့ ပွင့်သွားမည်ဖြစ်သည်။ အာရှတိုက်၏ မြေပုံသည်လည်း လုံးဝပြောင်းလဲသွားတော့မည်ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်ခဲ့ပါက အကျိုးဆက်မှာ အန္တရာယ်များလှပြီး မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများသို့တိုင် သက်ရောက်မှု များရှိနိုင်ပါသည်။

တိုက်ခိုက်မှုများသည် ဗြိတိသျှထံမှ လွတ်လပ်ရေးရခဲ့သော ၁၉၄၈ နောက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့ရာ ယနေ့တိုင်ဖြစ်ပါ သည်။ စစ်ပွဲမှာ တစ်ခုတည်းမကဘဲ တရုတ်ကျောထောက်နောက်ခံပြုကွန်မြူနစ်သူပုန်မှစ၍ တိုင်းရင်းသားစစ်တပ်များအထိ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ မူးယစ်ဆေးဝါးစစ်ဘုရင်နှင့် ဒီမိုကရေစီတော်လှန်ရေးများအတွက် တိုက်ပွဲဝင်လျက်ရှိရာ ရှုပ်ထွေး သောလက္ခဏာများစွာ ရှိနေပါသည်။

ယနေ့အချိန်တွင် ဝေးလံသော တောင်တန်းဒေသတွင် လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၇) ဖွဲ့ထက် တော့မနည်းပေ။ ထိုအထဲတွင် အကြီးဆုံးမှာ သွေးစည်းညီညွတ်သော “ဝ” တပ်မတော် (UWSA - အင်အားသုံး သောင်းခန့် ရှိ) ဖြစ်ပြီးကမ္ဘာပေါ်တွင် နိုင်ငံ၏စစ်တပ်မဟုတ်သော တပ်များတွင် အင်အားအတောင့်တင်းဆုံး ဖြစ်လိမ့်မည်ဖြစ်သ ည်။

ပြီးခဲ့သည့်နှစ်နှစ်ကျော်အတွင်း အစိုးရနင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များအနက် (၁၆) ဖွဲ့ထက်မနည်းသော အဖွဲ့များ နှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူနိုင်ခဲ့ပါသည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေေ သ်ာလည်း ဆွေးနွေးမှုများမှာ တိုးတက်မှုများရှိနေပါသည်။ မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေသည့် အဆင့်မှာ (၆၅)နှစ်အ တွင်း အနိမ်ဆုံးတွင်ရှိနေရာ နှစ်ဖက်စလုံးက လက်နက်စွန့်၍ နိုင်ငံရေးအရ ကောင်းမွန်သော အဖြေရရန် နိုင်ငံရေးသန္နိဌာန် ချထားမှုကို ပြသနေပါသည်။

လွန်ခဲ့သော သုံးပတ်က ယခင်က မကျင်းပခဲ့ဘူးသော ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်တပ်အပါအဝင် မြန်မာ အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များသည် ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်အတွက် သမိုင်းတွင်သ ည်ဟု ဆိုရမည့် နားလည်မှုတစ်ခုရရှိခဲ့သည်။

ပထမခြေလှမ်းမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်ပါသည်။ ၎င်းမှာ သာမန်အပစ်ရပ်ခြင်းထက်များစွာ တာသွားပါသည်။ ဥပမာအားဖြင့် ၎င်းတွင် ရှေ့တန်းဒေသများတွင် လွတ်လပ်စွာသွားလာခွင့်ပြုခြင်း၊ အားလုံးလိုက်နာရမည့် ကျင့်ဝတ်များနှင့် ပူးတွဲစောင့်ကြည့်ရေး ယန္တရားများ ဖွဲ့စည်းခြင်းများ ပါဝင်ပါသည်။

၎င်းနောက်တွင် နိုင်ငံရေးဆွေးနွေးပွဲများ (ပါဝင်မည့်လူများ၊ အစည်းအဝေးအစီစဉ်၊ ဆွေးနွေးပွဲ ဖွဲ့စည်း တည်ဆောက်ပုံ ) နှင့် ပတ်သက်သော မူဘောင်ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပါသည်။ ထို့နောက် နိုင်ငံရေးဆွေးနွေးပွဲ ကိုကျင်းပမည် ဖြစ်ပါသည်။ နိုင်ငံရေးဆွေးနွေးမှုတွင် နိုင်ငံရေးပါတီများနှင့် လူထုအခြေပြုအဖွဲ့အစည်းများအပါအဝင် ကျယ်ကျယ်ပြန့်ပြန့် အသံများ ပါဝင်လာနိုင်မည်ဖြစ်ပါသည်။ ၎င်းမှာ အချိန်ယူရနိုင်ပြး ထာဝရငြိမ်းချမ်းရေးကို ရည်ရွယ်ပါ သည်။

မကြာသေးမီရက်များအတွင်းက အစိုးရဖက်မှ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ပြောကြားရာတွင် ပြည်ထောင်စုမှ ခွဲထွက်ခြင်းနှင့် အချုပ်အခြာအာဏာကို ထိပါးခြင်းများ မဟုတ်လျှင် မည်သည့် ကိစ္စမဆို ညှိနှိုင်းနိုင်ပါ ကြောင်း ဖက်ဒရယ်အစိုးရ တစ်ခုဖန်တီးရန် အခြေခံဥပဒေကို ပြင်ဆင်ခြင်းများအပါအဝင် ညှိနှိုင်းနိုင်ကြောင်း၊ ဘယ်သော အခါကမျှ မရခဲ့ဘူးသော ငြိမ်းချမ်းရေးအတွက် ပြုတင်းပေါက်တံခါးဖွင့်ထားပါကြောင်း ပြောကြားခဲ့ပါသည်။

စိန်ခေါ်မှုများအတွက် ခွန်အားရော လုံ့လစိုက်ထုတ်မှုများ လိုအပ်ပါသည်။ ကိစ္စရပ်များမှာမူ ဘာသာစကား မူဝါလမှ သည် သဘာဝသယံဇာတ မျှဝေခြင်း၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးများ ဖြစ်၍ ရင်းနှီးကျွမ်းဝင်မှုရှိနိုင်သော်လည်း မြန်မာ နိုင်ငံ အနေဖြင့် တိုင်းရင်းသားလူမျိုး (၁၀၀)ကျော် ရှိခြင်းကြောင့် အနည်းငယ်လုပ်ရကိုင်ရခက်ခဲရုံမျှမက အားနည်းသော၊ လုံးဝ ပင်မရှိသော အစိုးရအင်စတီကျုးရှင်းများ တည်ရှိသည့် နယ်မြေများ တစ်ခုနှင့်တစ်ခု ထပ်နေခြင်းများ၊ ပြီးပြည့်စုံရန်များစွာ လိုအပ်နေသေးသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကလည်း ရှိနေပြန်ပါသည်။ ထို့အပြင် အဓိက တိုင်းရင်းသားစစ် တပ်များအပြင် အစိုးရနှင့် မပာာမိတ်ပြုထားသော ပြည်သူ့စစ်အချို့အပါအဝင် ပြည်သူ့စစ်များ ဒဇင်ချီ၍ ရှိပါသည်။

အခြားတိုင်းပြည်များတွင် ဤသို့မရှိနိုင်ပေ။ ထို့ထက်ပို၍ မျိုးဆက်ျားနှင့်ချီ၍ ဖြစ်ပေါ်တိုးတက်လာသော နိုင်ငံရေးေ ဘာဂဗေဒကလည်းရှိနေရာ၊ ၎င်းကို ဖျက်ပစ်ရန်လုံးဝမလွယ်ကူပေ။ ကချင်ပြည်နယ်တစ်ခုတည်းမှာပင် ကျောက်စိမ်းလုပ်ငန်း သည် တစ်နှစ်လျှင် ဒေါ်လာ ၅ ဘီလီယံခန့် ခန့်မှန်းခြေတန်ဖိုးရှိပါသည်။ ထိုင်းနယ်စပ်တစ်လျောက်ရှိ တရားမဝ် မက်သာဖ က်တမင်း ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်းသည် ထို့ထက်ပို၍ အရောင်းအဝယ်ကောင်းပါသည်။ မယုံကြည်မှုများကို ကျော်လွှ့ား ရန်လည်းကောင်း၊ နိုင်ငံရေးသဘောတူညီမှုများ ရရှိရန်လည်း ရှိနေသော်လည်း ထို့ထက်ပို၍ ဆူးများရှိနေသော အတားအဆီး မှာ အဖွဲ့အားလုံး၏ ငွေကြေးနှင့်ဆိုင်သော အကျိုးစီးပွားများဖြစ်ပြီး ယခုအခြေအနေကို ပြုပြင်လိုက်ပါက ဆုံးရှုံးမှုများ များစွာဖြစ်ပေါ်နိုင်သောကြောင့်ဖြစ်ပါသည်။

သို့သော် ငြိမ်းချမ်းရေးအတွက် အောင်မြင်မှုသည် ကစားပွဲကို အလှည့်ကျအပြောင်းဖြစ်စေမည့် အရာတစ်ခုဖြစ်ပါ သည်။ မြန်မာနိုင်ငံ၏ အကြီးမားဆံးသော သဘာဝတရားကပေးထားသော ပိုင်ဆိုင်မှုမှာ ၎င်း၏ရေအားလျှပ်စစ် အလားအ လာကောင်းများလည်း မပာုတ်။ ၎င်း၏ ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းများလည်း မပာုတ်ပေ။ ၎င်းမှာ တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှမှ ဈေးကွက်ကြီးများကြားတွင် သီးသန့်ဖြစ်တည်နေသော မပာာဗျူပာာအရ တည်နေရာဖြစ်ပါသည်။ ငြိမ်းချမ်းရေးနှင့်အတူ ဒေသဆိုင်ရာများကို ကိုယ်စားပြုသည့်အားကောင်းသော အစိုးရများ ထွက်ပေါ်လာခြင်းဖြင့် အထီး ကျန်ဖြစ်မှုများကုန်ဆုံးကာ ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာပြီး သန်းပေါင်းများစွာကို ဆင်းရဲတွင်းမှ ကယ်တင် နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုကိုအကြောင်းပြု၍ အမြတ်ထုတ်ခြင်းကို အခြေမခံဘဲ ဒေသဆိုင်ရာ ခွင့်ပြုချက်ဖြင့် မျှဝေခံစားမှုကို အခြေံသော အာရှ၏လမ်းဆုံလမ်းခွသစ်များ ပေါ်ပေါက်လာနိုင် ပါသည်။

အခုလောလောဆယ် လုပ်ငန်းစဉ်မှာ ပြည်တွင်းမှလုံးလုံးလျားလျား ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ရှေ့လာမည့် ရက်သတ္တပတ်များတွင် နိုင်ငံတကာအသိုင်းအဝန်းမှ ထောက်ခံပံ့ပိုးမှုများ လိုအပ်လာတော့မည်ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာေ ခါင်းဆောင်များ၏ လုပ်ငန်းစဉ်အပေါ် အားကောင်းစွာ ရိုးရိုးလေးထောက်ခံကြောင်း အသံပြုမှုသည်ပင် ကြီးမားသော တန်ဖိုးတစ်ခုဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံမှ အဖွဲ့အစည်းအားလုံး နားလည်ထားရန်လိုအပ်သောအချက်မှာ ကမ္ဘာကြီးက စောင့်ကြည့်နေသည်ပာူသော အချက်ဖြစ်ပါသည်။ ငွေကြေးဆိုင်ရာ ကူညီမှုများ အရေးပေါ်လိုအပ်နေပါသည်။ ဥပမာအားဖြင့် မိုင်းရှင်းလင်းရေးတွင် အကူအညီလိုအပ်နေပါသည်။ အရေးအကြီးဆုံးမှာ ပြင်ပကမ္ဘာအနေဖြင့် အစိုးရကိုသာမက ဒေသဆိုင်ရာ အင်စတီကျုးရှင်းများကို အကူအညီပေးရန်လိုအပ်ပါသည်။ သို့မှသာ စီးပွားရေးလုပ်ငန်း သစ်များ၊ အလုပ်အ ကိုင်သစ်များကို ဆွဲဆောင်၍ စီမံခန့်ခွဲနိုင်မည်ဖြစ်သည့်အပြင် စစ်မြေပြင်ပောာင်းများကိုလည်း စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုး တက်ရေး ဗပာိုဌာနများအဖြစ် အသွင်ပြောင်းပေးရန် လိုအပ်ပါသည်။

ထောက်ပံ့ရမည့်ငွေကြေးပမာဏမှာ မကြာသေးမီနှစ်များက အခြားတိုင်းပြည်များ၏ငြိမ်းချမ်းရေးတည်ဆောက်မှုအ တွက် ကျန်ကျခဲ့သော ငွေထက်များစွာလျော့နည်းမည်ဖြစ်သော်လည်း ထွက်ပေါ်လာမည့်ရလဒ်မှာ အာရှ၏အသည်းနှလုံးနိုင်ငံ တစ်ခုတွင် စစ်မှန်သော တိုင်းရင်းသားပေါင်းစုံဒီမိုကရေစီနိုင်ငံတစ်ခုထက် မလျော့သော အကျိုးအမြတ်ရလာလိမ့် မည်ဖြစ်ပါ သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive