Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(Bangkok Post မှ 2 December 2013 ရက်စွဲပါ “ITD’s Loss of Dawei not a deterrent” သတင်းကို ဘာသာပြန်ဆို သည်)

(WA Today မှ 1 Dec 2013 ရက်စွဲပါ “Suu Kyi concludes first Australian visit” သတင်းကို ဘာသာပြန်ဆိုသည်)


အီတာလျံ ထိုင်း၏ ထားဝယ်အရှုံးသည် စီးပွားရေးခွင် အတားအဆီးမဟုတ်

(Bangkok Post မှ 2 December 2013 ရက်စွဲပါ “ITD’s Loss of Dawei not a deterrent” သတင်းကို ဘာသာပြန်ဆို သည်)

မြန်မာအစိုးရက အီတာလျံ ထိုင်းထံမှ ထားဝယ်စီမံကိန်း အကောင်အထည်ဖော်ခွင့် ပြန်လည်ရုတ်သိမ်းမှု ကြောင့် ရင်းနှီးမြှုပ်နှံသူများကို မျက်ခုံတွန့်သွားစေသော်လည်း ဆိုးကျိုးရိုက်ခတ်စရာ အကြောင်းမရှိနိုင်ဟု လေ့လာ သူများက ဆိုကြသည်။

ထားဝယ်စီမံကိန်းနှင့် ပတ်သက်သည့် နားလည်မှုစာချွန်လွှာသုံးခုကို ထိုင်းနှင့်မြန်မာတို့ ပြီးခဲ့သောလက လက်မှတ်ထိုးခဲ့ကြသည်။ စာချွန်လွှာတစ်ခုမှာ စီမံကိန်းလုပ်ကိုင်ရန် နှစ်နိုင်ငံ ၅၀-၅၀ ပူးပေါင်းထားသော အထူး လုပ်ငန်း တာဝန်ကုမ္မဏီ DSEZ သို့ လုပ်ငန်းလုပ်ကိုင်ခွင့် လွှဲပြောင်းပေးရန်ဖြစ်သည်။

၂၀၁၀ နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး ကန်ထရိုက်တာ အီတာလျံထိုင်းကုမ္မဏီသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံ အကောင်အထည်ဖော်ရန် ၇၅ နှစ်သက်တမ်းရှိ ဒေါ်လာ ၈.၆ ဘီလီယံ တန် ကန်ထရိုက်လုပ်ငန်းကို မြန်မာအစိုးရထံမှ ခွင့်ပြုချက်ရခဲ့သည်။

အလားအလာကောင်းသော ထားဝယ်စီမံကိန်းသို့ ပူးပေါင်းမည့် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေရန် အီတာလျံထိုင်း ကမျှော်လင့်ထားသော်လည်း စီမံကိန်းအရွယ်အစား ကြီးမားလွန်းသောကြောင့် ထင်တိုင်းမပေါက်ခဲ့ပဲ၊ နှစ်နိုင်ငံ အစိုးရများ ကြားဝင်ရန် အကြောင်းဖန်လာခဲ့သည်။

ဘန်ကောက်မြို့ ထိုင်း မြန်မာ ပူးပေါင်းညှိနှိုင်းရေးကော်မတီရုံးတွင် လက်မှတ်ထိုးခဲ့သော ဒုတိယစာချွန်လွှာမှာ ယခင်ကန်ထရိုက်ကို ပြန်လည်ရုတ်သိမ်းခြင်းဖြစ်သည်။

တတိယစာချွန်လွှာမှာ အီတာလျံထိုင်းအား အခြေခံအဆောက်အဦးလုပ်ငန်းအတွက် ကုန်ထားသော ပိုက်ဆံ များပြန်ပေးရန်အတွက် ရင်းနှီးမြှုပ်နှံသူအသစ်များ ရှာဖွေရန်ဖြစ်သည်။

အီတာလျံထိုင်း အနေဖြင့် အဓိကဖွံ့ဖြိုးရေးစီမံကိန်းသုံးခုစလုံးတွင် ဝင်ရောက်လုပ်ကိုင်ခွင့် ရှိနေဆဲ ဖြစ်သည်။

“ဒါဟာ သိပ်ကောင်းတဲ့ တိုးတက်မှုတစ်ခုလို့ ယုံကြည်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကလည်း DSEZ နဲ့ ဆက်ဆံရ တဲ့အတွက် ပိုပြီးတော့ ယုံကြည်စိတ်ချမှုရှိလာကြမှာ ဖြစ်ပါတယ်” ဟု ဘန်ကောက်မြို့ Chandler and Thong-ek ဥပဒေ လုပ်ငန်းမှ အဲလ်ဘတ်ချန်ဒဒလာ က Bangkok Post သို့ ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စီးပွားရေးကိစ္စများတွင် ၎င်း၏ လုပ်ဖော်ကိုင်ဖက် မြန်မာဥပဒေလုပ်ငန်းက ဥပဒေ ပိုင်းဆိုင်ရာ အကြံဥာဏ်ပေးသည်ဟု သိရှိရသည်။

“ထိုင်းနဲ့ မြန်မာအကြား ထားဝယ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုရလဒ်အဖြစ် စိတ်ဝင်စားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ပိုများလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အထူးစီးပွားရေးဇုံဥပဒေမှာ ၁၉၈၈ နဲ့ ၂၀၁၂ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေထဲက ကောင်းတဲ့လက္ခဏာတွေ အများကြီးပါဝင်လာမှာပါ” ဟု ချန်ဒလာ က ဆိုပါသည်။

အီတာလျံထိုင်းသည် အကြီးစားဆောက်လုပ်ရေး ကုမ္မဏီဖြစ်သောကြောင့် ထားဝယ်ရှိ စီမံကိန်း အမြောက် အများတွင် ဆောက်လုပ်ရေး ကန်ထရိုက်တာအဖြစ် ပါဝင်ရန် အလားအလာကောင်းသည်ဟု ၎င်းက ပြောကြားသည်။

အီတာလျံထိုင်း ဥက္ကဌ ပရင်ချိုင်းကာနာဆူထရာ က “၎င်း၏ ကုမ္မဏီသည် စီမံကိန်းတွင် ဘတ် ၆ ဘီလီယံ ခန့် ရင်းနှီးမြှုပ်နှံထားကြောင်း၊ အစိုးရပါဝင်လာမှုကြောင့် ထားဝယ်စီမံကိန်း ရှင်သန်လာကြောင်း၊ စီမံကိန်းရှိ ကန်ထရိုက်လု ပ်ငန်းအားလုံးတွင် တင်ဒါဝင်ဆွဲရန် ခွင့်ပြုချက်ရရှိထားကြောင်း” ရှင်းလင်းပြောကြားသည်။

ဘန်ကောက်ဥပဒေလုပ်ငန်း Atherton Co မှ ဂျွန်ဖိုတာဒစ် ကလည်း အီတာလျံထိုင်း သည်အစိုးရနှစ်ရပ်စလုံး နှင့် သဘောတူညီနိုင်စရာ ကိစ္စရပ်များကို ညှိနှိုင်းနေပုံရသည်ဟု ပြောကြားသည်။

“ဒါဆိုရင်တော့ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် အနှုတ်လက္ခာရိုက်ခတ်မှုတွေ ရှိလာမယ်ဆိုတာကို ကျွန်တော်တို့ မယုံတော့ပါဘူး။ ကျွန်တော်တို့ လေ့လာတွေ့ရှိချက်တွေအရဆိုရင် စီမံကိန်း အရွယ်အစား၊ အစိုးရပြောင်းလဲသွားမှု၊ နိုင်ငံတကာ Sanctions နဲ့ ပြည်တွင်းရေးတွေ ပြောင်းလဲမှုတွေကြောင့် ဒီကိစ္စမှာ ထူးခြားတဲ့အခြေအနေတွင် ဖြစ်တည်နေတဲ့ လက္ခဏာရှိပါတယ်” ဟု ၎င်းက ဆိုပါသည်။

သို့သော်လည်း ထားဝယ်စီမံကိန်းမှ အီတာလျံထိုင်း၏ အတွေ့အကြုံကြောင့် အချို့မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ရာတွင် အထူးသတိထားလာကြဖွယ်ရှိသည်ဟု Dharmniti ဥပဒေလုပ်ငန်းမှ အမှုဆောင်ဒါရိုက်တာ ရိုရာဆစ် ဖျူဆာကွန် က မှတ်ချက်ပေးသည်။

“မြန်မာအစိုးရက အီတာလျံထိုင်းဆီက လုပ်ပိုင်ခွင့်ပြန်သိမ်းဖို့ ဆုံးဖြတ်ရတဲ့အကြောင်းရင်း တစ်စိတ်တစ်ပိုင်းဟာ ရင်းနှီးမြှုပ်နှံသူ လုံလုံလောက်လောက်ရအောင် စည်းရုံးဖို့ ပျက်ကွက်တာရယ်၊ အဆင်ပြေမယ့် လျှပ်စစ်ဓါတ်အားရင်းမြစ် ရှာဖွေရာမှာ အခက်အခဲရှိနေတာရယ်ကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်”

“လေလံစည်းကမ်းအသေးစိတ်အချက်တွေ၊ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတဲ့ စရိတ်တက၊ ခွင့်ပြုအချိန်ကာလ၊ စီမံကိန်းအသေးစိတ်အချက်တွေ အပါအဝင် ကျယ်ပြန့်တဲ့ အကြောင်းရင်းတွေကြောင့် လေလံဆွဲမယ့်သူတွေအ ပေါ် သက်ရောက်မှုရှိလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”

“တကယ်လို့ မြန်မာနိုင်ငံရဲ့ လက်ရှိစည်းမျဉ်း၊ စည်းကမ်းဘောင်ဟာ စီမံကိန်းကို ဈေးကြီးအောင် လိုက်နာရာမှာ ခက်ခဲအောင် (သို့) အလွန်အကျွံ့ ရှုတ်ထွေးအောင် လုပ်မယ်ဆိုရင် တင်ဒါဆွဲမယ့်သူတွေအတွက် ပိုမိုခက်ခဲ လာမှာဖြစ်ပြီး တစ်ချို့ကတော့ နောက်ပြန်ဆုတ်ဖို့ ဆုံးဖြတ်ကြပါလိမ့်မယ်” ဟု ဝါရာဆစ်ဖျူဆာကွန် က ဆက်လက် ပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး သြစတြေးလျ အလည်အပတ်ခရီး ပြီးဆုံး

(WA Today မှ 1 Dec 2013 ရက်စွဲပါ “Suu Kyi concludes first Australian visit” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပထမဆုံး သြစတြေးလျ အလည်အပတ် ခရီးတွင် သြစတြေးလျနိုင်ငံ၏ ခိုလှုံခွင့်ဆိုင်ရာမူဝါဒအပေါ် အကြံဥာဏ်ပေးမှုနဲ့ ပြုလုပ်ခဲ့သော်လည်း နိုင်ငံရေး ခေါင်းဆောင်များထံမှ အရင်းနှီးဆုံး ဆုတောင်းစကားများဖြင့် ပြီးဆုံးသွားပြီ ဖြစ်သည်။

မြန်မာနိုင်ငံမှ နိုင်ငံရေးခိုလှုံခွင့်တောင်းသူများ သြစတြေးလျားတွင် မွေးဖွားသည့်ကလေးနှင့် ပတ်သက်သည့် ကိစ္စအပေါ် သူမအား မေးမြန်းသောအခါ တရားစီရင်ရေးသည် ဂရုဏာကြောင့် ပျော့ပြောင်းမှုရှိရမည်ဟု သူမက ဆစ်ဒနီ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် သူမ၏ ကျန်ခရီးစဉ်တစ်လျှောက်လုံးတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအားကောင်းခိုင်မာအောင် ကြိုးစားမှုအတွက် သြစတြေးလျား ဖက်ဒရယ်အစိုးရ၏ ချီးကျူးဂုဏ်ပြုမှုကို ခံယူခဲ့ရသည်။

သြစတြေးလျား ဝန်ကြီးချုပ် တိုနီအက်ဘော့ က သူမအား ဒီမိုကရေစီ၏ စံနမူနာဟု ပြောဆိုလိုက်သည်။

“သူမဟာ တိုင်းပြည်အတွက် ပေးဆပ်ခဲ့တယ်။ ဒီမိုကရေစီလွတ်လပ်ခွင့်အပေါ် ယုံကြည်ချက်အတွက် ပေးဆပ်ခဲ့ တယ်” ဟု တိုနီအက်ဘော့ က ပြောကြားသည်။

အလားတူပင် နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ ကလည်း သူမ နိုင်ငံရေးထဲရောက်လာအောင် လှုံဆောင်ပေး သူမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟု ပြောကြားပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ သူမအပေါ် ချီးကျူးပြောဆိုမှုများကို ပြန်လျှော့သည့်အနေဖြင့် “ကျွန်မက သူတော်စင်မဟုတ်သလို၊ စံပြပုဂ္ဂိုလ်လည်းမဟုတ်ပါဘူး။ ကျွန်မကိုယ်ကျွန်မ နိုင်ငံရေးသမားတစ်ယောက် လို့ပဲမြင်ပါ တယ်။ ဒါပေမယ့် ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံရေးသမားမျိုးတော့ ဖြစ်ရမယ်” ဟု ပြန်လည်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်ချုပ်ရေးကို ခွာချနေသော မြန်မာနိုင်ငံအပေါ် ရေရှည်အမြင်ဖြင့် ကြည့်ရန် သြစတြေးလျားနိုင်ငံကို တိုက်တွန်းသည်။

“သြစတြေးလျအစိုးရတင် မဟုတ်ပါဘူး။ အစိုးရ တော်တော်များများဟာ မြန်မာနိုင်ငံမှာ လောလောဆယ် ဘယ်သူအာဏာရှိသလဲဆိုတဲ့အပေါ် ယေဘူယျအားဖြင့် ကြည့်နေကြတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်မ ပြောတဲ့ အတိုင်း ရေရှည်ကြည်တာက ပိုပြီးကောင်းပါတယ်” ဟု သူမကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် တနင်္ဂနွေနေ့ မယ်လ်ဘုန်း တွင် ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားကာ သူမ၏ သြစတြေးလျားခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

မြန်မာအပစ်အခတ်ရပ်စဲရေးကို ဆင်းရဲဒုက္ခခံကာ စောင့်ဆိုင်းနေသူများ

(longlobaltrends.com မှ 30 Nov 2013 ရက်စွဲပါ Burma: Camp fatigue as IDPs wait for Myanmar ceasefire ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မှ တိုင်းရင်းသားပြည်သူ အများစု၏ မျှော်လင့်ချက်များမှာ မြန်မာအစိုးရ အရာရှိကြီးများ နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ကိုယ်စားလှယ်များ အကြားပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအပေါ်တွင် များစွာမူတည်လျက် ရှိပါသည်။ ၎င်းတို့၏ လတ်တလော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိပြီး အချိန်တိုအတွင်း ပြီးဆုံးမည်ဟု မျှော်လင့်ရသည်။

ပဋိပက္ခကြောင့် ပြည်တွင်းရွှေ့ပြောင်း ထွက်ပြေးရသူများ (IDP) နေထိုင်သည့် ဖားကန့်တောင်စခန်းရှိ စာကြည့် တိုက်ငယ် လေးတွင် အသိပညာနှင့် တည်ငြိမ်အေးချမ်းမှု ဆာလောင်လျက်ရှိသော ကလေးငယ်များ စုဝေးလျက်ရှိပြီး ၎င်းတို့ သည် ကိုယ့်အိုးကိုယ့်အိမ်ရှိရာသို့ ပြန်မည့်အချိန်ကို စောင့်ဆိုင်းနေ ကြသည်။

“ဒီစာကြည့်တိုက်လေးက ကလေးတွေကို သူတို့မိသားစုတွေ ဖြစ်ပေါ်ခံစားခဲ့ကြရတဲ့ ကံဆိုးမိုးမှောင်ကျမှု တွေကို မေ့ဖျောက်ပေးနိုင်ပါတယ်” ဟု စာကြည့်တိုက်မှူးဖြစ်သူ Ton Goon က ပြောကြားသည်။ Ton Goon သည် ယခင်က ကချင်စစ်တပ်မှ စစ်သားတစ်ဦးဖြစ်ပြီး မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဘယ်ဘက်ခြေတစ်ဖက် ဆုံးရှူံးခဲ့ရသူလည်းဖြစ်သည်။

အသက် ၄၀ အရွယ်ရှိ၊ ကလေးသုံးဦ၏ မိခင်ဖြစ်သူ Foo Sum Hlu သည်လည်း Nhkawng စခန်းသို့ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလကတည်းက ရောက်ရှိနေခဲ့သည်။ သူမအနေဖြင့် မိမိနေထိုင်ခဲ့ရာ နေအိမ်သို့ ပြန်သွားနိုင်ရေး အတွက် ယခု ချင်းမိုင်တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဖန်တီးပေးနိုင်လိမ့်မည်ဟု ယုံကြည်လျက်ရှိသည်။

“ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်နေတယ်လို့တော့ ကျွန်မတို့ကြားမိတယ်၊ ဒါပေမဲ့ ခုချိန်ထိရွာကို မပြန်နိုင်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာအစိုးရတပ်တွေ အဲဒီမှာရှိနေတုန်းပဲမိုလို့၊ ကျွန်မတို့ လယ်မြေတွေ အတော်များများ အလဟသတ် ဖြစ်ကုန်ပြီ၊ စိုက်ပျိုးရေးကို ကောင်းကောင်းမလုပ်နိုင်တော့လို့ပါ” ဟု ၎င်းကပြောကြားသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ) နှင့် အစိုးရအကြား ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ၁၇ နှစ်ကြာမြင့်ပြီးနောက် ပျက်ပြားခဲ့သွားခဲ့သည်မှာ ၂ နှစ်ကျော်ကြာမြင့်ခဲ့ ပြီဖြစ်သည်။ ယခုအခါ အစိုးရနှင့် ကေအိုင်အေတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိုင်းနှင့် မြန်မာနိုင်ငံတွင်း ပြုလုပ်လျက်ရှိသော်လည်း တိုက်ပွဲများမှာမူ ဆက်လက်ဖြစ်ပွား နေဆဲပင်ဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OCHA) အဆိုအရ ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်တွင်း ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများကြောင့် လူပေါင်း တစ်သိန်းကျော် အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင်မူ ကချင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူများနှင့် အန်ဂျီအိုများက စစ်မက်ပဋိပက္ခများ အမြန်ဆုံးရပ်ဆိုင်းရေးနှင့် တိုက်ပွဲဖြစ်ပွားသည့် နယ်မြေတွင် ပိတ်မိနေသူ ကချင်တိုင်းရင်းသားများ လုံခြုံရေးအတွက် တိုက်တွန်းဆော်သြခဲ့ကြသည်။ “စက်မက်ပဋိပက္ခမှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေအားလုံး နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် အရပ်သားတွေရဲ့အခွင့်အရေးကို လေးစားဖို့ပါ” ဟု အရပ်ဘက်လူ့အဖွဲ့အစည်းများက စုပေါင်းထုတ်ပြန်သော ကြေညာချက်ကဆိုသည်။

Nam Lim Pa ကျေးရွာအနှီး လတ်တလော ဖြစ်ပွားသော တိုက်ပွဲများကြောင့် ယင်းဒေသတွင် နေထိုင်သော ရွာသူ၊ ရွာသားများနှင့် IPD များမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ထိုအချိန်မှစ၍ မြန်မာစစ်တပ်က ယင်းဒေသကို ပိတ်ဆို့ဝိုင်းရံ ထားခဲ့သည်။

ဒုက္ခသည်စခန်းများတွင် နေထိုင်သူများ၏ ဘဝမှာ လုံခြုံမှုရှိသော်လည်း ပင်ပန်းဆင်းရဲမှုများကား ပြည့်နှက်၍ နေလေ သည်။ “ဒီဒုက္ခသည် စခန်းမှာ ဆင်းဆင်းရဲရဲနေထိုင်ရတာ ကျွန်မ အတော်ပင်ပန်းနေပြီ။ ကျွန်မရွာကိုပြန်ပြီး ပုံမှန်နေထိုင်နေကျ ဘဝမှာ ပျော်ပျော်ရွှင်ရွှင် ပြန်နေချင်လှပြီ” ဟု Sabaw Roi ဆိုသူ အသက် ၇၀ အရွယ်အဘွားတစ်ဦးက IRIN သို့ပြောပြသည်။ သူမသည် Pa Kahtwwang စခန်းတွင် ၂၀၁၁ ခုနှစ်ကတည်းက စတင်နေထိုင်ခဲ့ရခြင်းဖြစ်ပြီး သူမ၏ မြေး ၂၀ ဦး၏ ရှေ့ရေး အတွက် စိုးရိမ်သောက ရောက်လျက်ရှိသည်။ စခန်းမှတာဝန်ခံများကမူ ဒုက္ခသည်များ နေအိမ်သို့ပြန် မည့်ကိစ္စမှာ အန္တရာယ်များလွန်းကြောင်း ပြောကြားသည်။

မြန်မာအစိုးရက ကျောထောက်နောက်ခံပေးထားသည့် လိုင်ဇာရှိ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူများ (ကေအိုင်အို) နှင့် ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ (IRRC) ကိုတာဝန်ယူထားသော Doi Pyi Sa က IDP များ နေအိမ်ပြန်မည့် ကိစ္စမှာ အခက်အခဲရှိကြောင်း၊ တိုတောင်းသောရက် ကာလအတွင်း ပြန်မည်ဆိုလျှင်ပင် အစိုရတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ ဆုံရမည့် ပြဿနာရှိကြောင်း ပြောကြားသည်။ စစ်တပ်အရာရှိများသည် ဒုက္ခသည်များ ၎င်းတို့နေရပ်သို့ ပြန်ပြီး အိမ်နှင့် လယ်ယာမြေများ ကြည့်ရှုခွင့်ပြုသည့် အချိန်ကာလကို ၁ ရက်မှ ၃ ရက်အတွင်းသာ အချိန်အကန့်အသတ်ဖြင့် ခွင့်ပြု ထားကြောင်း ၎င်းကဆိုသည်။ ပြန်လိုသူများအနေဖြင့်လည်း ခွင့်ပြုချက်ရယူရမည်ဟု ဆိုသည်။

“အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက အရပ်သားတွေ ပြန်မယ့်နေရာဒေသတွေထဲကို အစိုးရတပ်တွေ ဝင်ရောက်တပ်စွဲမှု မြင့်တက်လာတယ်။ တပ်တွေလှုပ်ရှားမှုကြောင့် ရန်စမှုတွေ ထပ်ဖြစ်မှာကို ကျွန်မ အင်မတန် စိုးရိမ်မိတယ်။ လောလောဆယ် အချိန်ကာလမှာ တိုက်ခိုက်မှုတွေမလုပ်ဖို့ နှစ်ဖက်စလုံးမှာတာဝန်ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

သို့သော် ကချင်စစ်မက်ပဋိပက္ခအတွက် ရလဒ်ကောင်းများ ထွက်ပေါ်ရေးအတွက် ဆွေးနွေးပွဲများ လုပ်ဆောင်လျက် ရှိသည်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့မှာ ကေအိုင်အို ထိန်းချုပ်ထားသည့် နယ်မြေများ တွင်ရှိသည့် Woi Chya ဒုက္ခသည် စခန်းသို့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် သြဂုတ်လအတွင်းက ဝင်ရောက် ခွင့်ရရှိခဲ့ပြီး အစားအသောက်၊ ဆေးဝါးနှင့် အခြားပစ္စည်းများပါဝင်သော ထရပ်ကား ၁၁ စီးဖြင့် လူပေါင်း ၄၀၀၀ ကျော်ခန့်အား ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့နိုင်ကြောင်း OCHA ကဆိုသည်။

အဆိုပါ အဖွဲ့သည် ဒုက္ခသည်စခန်းများသို့ ဝင်ရောက်ခွင့်ရရှိခဲ့သောကြောင့် အားတက်ခဲ့သော်လည်း အကူအညီများ လိုအပ်နေသည့် နေရာများသို့ ထပ်မံဝင်ရောက်ခွင့်ရရှိရေးနှင့် ပတ်သက်၍ တိုက်တွန်းပြောဆိုလျက် ရှိသည်ဟု ကချင်ဒုက္ခ သည်ဖွံ့ဖြိုးရေးအဖွဲ့ KRDC မှ Htu Raw ကဆိုသည်။

“ဒုက္ခသည်စခန်းတွေမှာ တစ်ပတ်ကို တစ်ကြိမ်တော့ ကလေးငယ်တွေအတွက် လှုပ်ရှားမှုတွေရှိတယ်၊ သီချင်းဆို တာတို့၊ ဂိမ်းဆော့တာတို့၊ ယဉ်ကျေးမှုကပွဲတွေ လုပ်တာတို့ပေါ့” ဟု ၎င်းကပြောကြားသည်။

“IDP တွေတသီးတခြားစီဖြစ်နေချိန်မှာ သူတို့တတွေက အကူအညီမရှိဘူးလို့ ခံစားနေခဲ့ကြရတာ။ အဲဒီတော့ စခန်းတွေမှာ သူတို့ကိုစုပြီး အဲဒီလိုပွဲလေးတွေလုပ်ပေးတာ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ ရရှိစေပါတယ်၊ သူတို့အတွက် အားတက်စေတာပေါ့” ဟု ၎င်းက ပြောကြားသည်။

မြန်မာပြည်တွင်း စစ်မက်ပဋိပက္ခနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဘက်အသီးသီးက ၂၀၁၃ ခုနှစ် မကုန်မီ ကာလ အတွင်း တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိလိမ့်မည်ဟု မျှော်လင့်နေကြသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive