Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“မေး- အခုအစိုးရက တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးဖို့ စီစဉ်နေတယ်လို့  သိရပါတယ်။ တစ်ဖက်ကလည်း တိုင်းရင်းသားတွေက ညီလာခံကျင်းပပြီး ဒီအပစ်အခတ်ရပ်စဲရေးအတွက်ကိုပဲ လက်မှတ် ရေးထိုးဖို့ ဆွေးနွေးနေတော့ ဗိုလ်ချူပ်မှူးကြီးတို့ဘက်က အခြေအနေကို သိလိုပါတယ်ခင်ဗျာ။

ဖြေ- တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို မူအားဖြင့်ပြောရရင် လူတိုင်းလိုချင်တဲ့ကိစ္စ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း လိုချင်တယ်။ အပစ်အခတ်ရပ်စဲရေး မလုပ်ကြတော့ တိုင်းရင်းသား နယ်မြေတွေ ပျက်စီးခြင်းမက ပျက်စီးခဲ့ကြရတယ်။ သို့သော် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ထဲမှာ ပါရမယ့် အချက်တွေက နည်းနည်းညှိဖို့တော့ လိုပါတယ်။ အစိုးရဘက်က လိုချင်တဲ့ စာချုပ်ထဲမှာ ပါဝင်တဲ့ အချက်တွေက နည်းနည်းလေး လက်ခံဖို့ ခက်ခဲတဲ့အချက်မျိုး တွေ အကျပ်အတည်းဖြစ်စေတဲ့ အချက်မျိုးတွေ များလာမယ်ဆိုရင် လက်မှတ်ရေးထိုးဖို့က နည်းနည်းနှောင့်နှေးကြန့်ကြာ သွားနိုင်မယ်။ တစ်နိုင်ငံလုံးလက်မှတ် ရေးထိုးသွားမယ့်ကိစ္စမှာ တိုင်းရင်းသားတွေဘက် မကြာမီတင်ပြမယ့် အဆိုပြုမှုကို လည်း လက်ခံစဉ်းစားပြီး ဆောင်ရွက်ကြမယ်ဆိုရင် ပိုပြီးမြန်နိုင်တာပေါ့ဗျာ။ အဲဒီလိုတော့ အခြေအနေရှိပါတယ်”

ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၄၈) တွင်ပါရှိသော  “တဒင်္ဂလား ငြိမ်းချမ်းရေးလား၊ ထာဝရလား ကိုယ်ကျိုးစီးပွားကြားလေသွေးတော့မည်လား” သတင်းမှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ (တိုင်းရင်းသားညီညွတ်ရေး ဖက်ဒရယ်ကောင်စီ၏ တွဲဖက်အတွင်းရေးမှူး ၂ ပအိုင်းဝ် အမျိုးသား လွတ်မြောက် ရေး အဖွဲ့ခေါင်းဆောင်) နှင့် မေးမြန်းချက်မှ ကောက်နှုတ်ချက်။


“နိုင်ငံတကာရင်းနှီးမြှုပ်နှံမယ့် ကုမ္မဏီတွေက အရင်ရှိနေတဲ့ ITT ရဲ့ရှယ်ယာဘယ်လောက်ရှိလဲ ဆိုတာမသိဘဲ လာမှာ မဟုတ်ဘူး။ လာရင်လည်း အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားကုမ္မဏီလေးတွေပဲ လာမှာပဲ။ အဲဒီလို မဖြစ်ဖို့ဆိုရင် အီတာလျံ-ထိုင်း ကို စာရင်းစစ်ရမှာပါ။ ဒါက သူမှ မဟုတ်ဘူး။ တခြား နိုင်ငံတကာက လာလုပ်ရင်လဲ စစ်ရမှာပဲ”

ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ထားဝယ်စီမံကိန်းတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများပါဝင်ရန် အီတာလျံ-ထိုင်း ကုမ္မဏီ၏ ရင်းနှီးတန်ဖိုးအား စာရင်းစစ်မည်” သတင်း မှ ဦးဆက်အောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ ဘယ်လောက်ရာခိုင်နှုန်းအထိအကျင့်ပျက်ခြစားမှုတွေ ရှိနေသလဲဆိုတာကို ICJ အနေနဲ့ အတိအကျပြောဖို့ အဆင်သင့်မဖြစ်သေးသလို ပြောလို့လည်း မသင့်တော်ပါဘူး။ ဒါနဲ့ ပတ်သက် တဲ့ အခြားအဖွဲ့အစည်းတွေ ရှိပါတယ်။ ဥပမာ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ဆိုရင် မြန်မာနိုင်ငံကို အကျင့်ပျက်ခြစားမှုအများဆုံး နိုင်ငံစာရင်းမှာ ထည့်ထားပါတယ်။ IMF တို့ World Bank တို့က စာရင်းတွေမှာလည်း အလားတူပါပဲ၊ မြန်မာနိုင်ငံမှာ အကျင့်ပျက် ခြစားမှုနှုန်းက အရမ်းမြင့်မားပါတယ်။ တရားစီရင်ရေးစနစ်နဲ့ အဆင့်ဆင့်မှာ လာဘ်ပေးလာဘ်ယူမှုတွေ၊ အဂတိလိုက်စား မှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့် အဂတိလိုက်စားမှု ဆန့်ကျင်ရေး မူဝါဒရှိတဲ့ နိုင်ငံတွေက ကုမ္မဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက်မြှုပ်နှံတဲ့အချိန်မှာ အခက်အခဲ တွေ့ကြုံနိုင်ပါတယ်”

ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “မြန်မာ့တရား စီရင်ရေး စနစ်တွင် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုက ခိုင်မြဲစွာအခြေကျနေပြီး နိုင်ငံရေးနှင့် ဆက်နွှယ်သော အမှုများတွင် အစိုးရနှင့် အာဏာပိုင်များက ဝင်ရောက် စွက်ဖက်နေဆဲ ဖြစ်ကြောင်း နိုင်ငံတကာ ဥပဒေပညာရှင် များ ကော်မရှင် (ICJ) ၏ အစီရင်ခံစာ၌ ဖော်ပြ” သတင်းမှ ICJ ၏ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆမ်ဇာရီဖီ ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“အခုလို ပြဿနာရပ်တွေ မဖြေရှင်းနိုင်ဘူးဆိုလျှင် မြန်မာပြည်ရဲ့ ရှေ့ဆက်သွားမယ့် ဒီမိုကရေစီလမ်းကြောင်းဟာ မကောင်း နိုင်ဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်လည်း အားလုံးကစောင့်ကြည့်နေမယ့် အခြေအနေတွေလဲရှိနေ တာကြောင့် အပ်နဲ့ထွင်းရမယ့် အခြေအနေမှာ ပုဆိန်နဲ့ထွင်းရမယ့် အနေအထားတွေ ဖြစ်နိုင်ပါတယ်။ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးရဲ့ အစီရင်ခံစာအတိုင်း တောင်းခံမှုတွေကို တစိုက်မတ်မတ် တောင်းခံသွားမယ်”

ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၂) အမှတ် (၁၀) တွင်ပါရှိသော “လက်ပံတောင်းတောင် အရေး တစ်နိုင်ငံလုံး၏ အရေးအခင်း ပြဿနာတစ်ရပ်ဖြစ်လာနိုင်” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့လို မြို့နယ်နည်းပေမယ့် နယ်မြေကျယ်ပြန့်ပြီး သွားရလာရလည်းခက်၊ စီးပွားရေးလည်း မကောင်း၊ ဘတ်ဂျက်ခွဲ တမ်းလည်း ရထားတာနည်းတဲ့ ပြည်နယ်တွေအတွက်တော့ သာတူညီမျှရှိဖို့ထက် ပိုပြီးစဉ်းစား သင့်တယ်ထင် တယ်”

ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “ဒေသဖွံ့ဖြိုးရေးလျာထား လုပ်ငန်း တင်ပြပြီးသူ လွှတ်တော်ကိုယ်စားလှယ် လေးဦးသာရှိသေး” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအေးမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(The Japan Times မှ 3 Dec 2013 ရက်စွဲပါ “Daiwa advises Myanmar Bank” သတင်းကို ဘာသာပြန်ဆို ပါသည်)

(ICRC News Release မှ 3 Dec 2013 ရက်စွဲပါ “Myanmar: Weapon wounds training for Kachin health-care professionals” သတင်းကို ဘာသာပြန်ဆိုပါသည်)


မြန်မာ AGD ဘဏ်ကို Daiwa အကြံဥာဏ်ပေးမည်

(The Japan Times မှ 3 Dec 2013 ရက်စွဲပါ “Daiwa advises Myanmar Bank” သတင်းကို ဘာသာပြန် ဆိုပါသည်)

ဂျပန်စတော့ရှယ်ယာ စီမံခန့်ခွဲမှုလုပ်ငန်း Daiwa Securities Group Inc သည် ၂၀၁၅ နှစ်ကုန်တွင် စတင်တော့ မည်ဟု မျှော်လင့်ရသော မြန်မာနိုင်ငံ၏ စတော့ဈေးကွက်ကို တရားဝင်စီမံခန့်ခွဲရန် ကြိုတင်ပြင်ဆင်နေသည့် အလျှောက် မြန်မာနိုင်ငံမှ အာရှစိမ်းလန်းဖွင့်ဖြိုးမှုဘဏ် AGD အား အကြံဥာဏ်ပေးတော့မည်ဟု သိရှိရသည်။

တနလာင်္နေ့က သဘောတူလက်မှတ်ရေးထိုးသော အခမ်းအနားတွင် AGD ဘဏ် ဥက္ကဌ ဦးသန်းရီက အများပိုင် ပြုလုပ်သည့် ကနဦးလုပ်ငန်းစဉ်သည် အောင်မြင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အကြီးစား လုပ်ငန်းကြီး တစ်ခုဖြစ်သော ထူး အုပ်စု၏ လုပ်ငန်းခွဲဖြစ်သည့် AGD ဘဏ်သည် ပထမဆုံးအများပိုင် စတော့ရှယ်ယာရောင်းဝယ်သော ကုမ္မဏီတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သဘောတူညီချက်ကို Daiwa Group နှင့် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်းထားသော Myanmar Securities Exchange Centre နှင့် အာရှစိမ်းလန်းဖွင့်ဖြိုးမှုဘဏ်တို့အကြား လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်။

Daiwa Group ၏ဘဏ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ကုမ္မဏီ Daiwa Securities Co နှင့် Myanmar Securities Exchange Centre တို့သည် ဘဏ္ဍာရေး စည်းကမ်းထိန်းအဖွဲ့များနှင့် စေ့စပ်ဆွေးနွေးခြင်း၊ ဥပဒေနှင့် စာရင်းအင်း ပညာရှင်များအား ညှိနှိုင်းတိုင်ပင်ခြင်း အပါအဝင် ကဏ္ဍပေါင်းစုံ၌ အကူအညီပေးသွားမည် ဖြစ်သည်။

Daiwa Group ၏ စီအီးအို တာကာရှီဟီဘီနို က ယခုသဘောတူ လက်မှတ်ရေးထိုးမှုသည် မြန်မာနိုင်ငံ၏ စတော့ဈေးကွက် ဖွံ့ဖြိုးရေးအတွက် အရေးပါသော အဆင့်တစ်ခုအဖြစ် ထင်ဟပ်သည်ဟု ပြောကြားသည်။


ကချင်ပြည်နယ်မှ ကျန်းမာရေးဝန်ထမ်းများအား စစ်မြေပြင် ထိခိုက်ဒဏ်ရာ ကုသမှုဆိုင်ရာ သင်တန်း ပေး

(ICRC News Release မှ 3 Dec 2013 ရက်စွဲပါ “Myanmar: Weapon wounds training for Kachin health-care professionals” သတင်းကို ဘာသာပြန်ဆိုပါသည်)

နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော စစ်မြေပြင်ခွဲစိတ် ကုသမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မနေ့က စတင်ကျင်းပရာ ကချင်ပြည်နယ်မှ ခွဲစိတ်ဆရာဝန်များ အပါအဝင် ဆေးဘက်ဆိုင်ရာ ပညာရှင် ၃၀ ကျော် တက်ရောက်ခဲ့ကြသည်။

၎င်း အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားတွင် ဒီဇင်ဘာ ၃ ရက်မှ ၅ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး၊ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံတွင် နိုဝင်ဘာလကုန်က ပြုလုပ်ခဲ့သော အလားတူ ဆွေးနွေးပွဲအပြီးတွင် ဆက်လက်စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် အစီအစဉ်များကို ကြီးကြပ်နေသူ မန္တလေး ICRC ရုံးအကြီးအကဲ ကလော်ဒီယာမက်တာ က “အလုပ်ရုံဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ သေနတ်လက်နက် ထိခိုက်ဒဏ်ရာတွေ ကုသပေးနေတဲ့ ဆေးဘက်ပညာရှင် တွေကို ICRC ရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေ မျှဝေပေးဖို့ ဖြစ်ပါတယ်။ နယ်မြေဒေသခံ ဆေးဘက်ပညာရှင်တွေရဲ့ အထူးပြု ကျွမ်းကျင်မှုအပေါ်မှာ ဒီအလုပ်ရုံဆွေးနွေးပွဲက အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြား သည်။

ကျိုင်းတုံမှာကဲ့သို့ပင် ICRC ခွဲစိတ်ဆရာဝန်နှစ်ဦးက အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးကြသည်။ ၎င်းတို့ က သေနတ်ဒဏ်ရာ၊ ဦးစားပေးကုသပုံ၊ မိုင်းထိခိုက်ဒဏ်ရာ၊ ခြေလက်ဖြတ်တောက် ကုသမှု၊ ကိုယ်ခန္ဓာကြံခိုင်ရေး ပြန်လည် ပျိုးထောင်မှု စသည်တို့အပါအဝင် ကျယ်ပြန့်သော ဘာသာရပ်များကို ဆွေးနွေးကြရန် စီစဉ်ထားသည်။ တက်ရောက်လာသူ များအား စစ်မြေပြင်ခွဲစိတ်မှုဆိုင်ရာ အကောင်းဆုံး အတွေ့အကြုံများကို မျှဝေသွား မည်ဖြစ်ပြီး၊ ခွဲစိတ်မှု အမျိုးအစားဆိုင်ရာ လေ့လာမှုများကိုလည်း ပြုလုပ်ကြမည်ဖြစ်သည်။

နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC သည်မြန်မာနိုင်ငံသို့ ၁၉၈၆ ခုနှစ်ကတည်းကပင် ရောက်ရှိခဲ့သည်။ ICRC သည် လောလောဆယ်တွင် မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာ ရရှိနိုင်ရေးကို လုပ်ဆောင် လျက်ရှိပြီး၊ နိုင်ငံတစ်လွှားရှိ ဘေးသင့်ဒေသများသို့ ကယ်ဆယ်စောင့်ရှောက်ရေး ခရီးစဉ်များ စီစဉ်လုပ်ဆောင်လျက်ရှိသည်။

ကချင်ပြည်နယ်တွင် လိုင်ဇာ၊ မဂျားရန်၊ မြစ်ကြီးနားဆေးရုံ များသို့ မရှိမဖြစ် ဆေးဝါးပစ္စည်းများလှူဒါန်းခြင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ဝင်များအား နည်းပညာဆိုင်ရာ လေ့ကျင့်သင်တန်းပေးခြင်း အိုးအိမ်မဲ့ ပြည်သူများအတွက် သက်မွေးဝမ်းကျောင်း စီမံချက်များ ဆောင်ရွက်ပေးနိုင်အောင် ရန်ပုံငွေထောက်ပံ့ခြင်း စသည်တို့ကို ICRC က ပြုလုပ်လျက်ရှိ သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive