Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

စကားလုံးများသက်သက်ဖြင့် မြန်မာနိုင်ငံကို မပြောင်းလဲနိုင်

(Asian Tribune မှ 8 Dec 2013 ရက်စွဲပါ “Speech making alone may not change Myanmar” သတင်း ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာသမ္မတ ဦးသိန်းစိန်က ၎င်း၏ အစိုးရအဖွဲ့သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ တိုးတက်အောင်ဖန်တီးရန် အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို မရှိမဖြစ်လိုအပ်ကြောင်း သိရှိနားလည်သည်ဟု အမြဲပြောဆိုလေ့ရှိသည်။ နိုင်ငံရေး လုပ်ငန်းစဉ်တွင် နိုင်ငံသားအားလုံး ပါဝင်နိုင်စေရန် ၎င်း၏အစိုးရက ကြိုးစားခဲ့သည်ဟုလည်း ပြောကြားသည်။

ထို့အပြင် စီးပွားရေးပြူပြင်ပြောင်းလဲမှု ဖြစ်စဉ်တွင် နိုင်ငံသားတိုင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင် တန်းတူညီမျှ အခွင့်အရေးများကို မြှင့်တင်ရန် ၎င်း၏ အစိုးရအဖွဲ့က အဆက်မပြတ် လုပ်ဆောင်ခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။ ကျေးလက်လူထု၏ လူမှုစီးပွားဖွင့်ဖြိုးမှု သမ္မတက အလေးထား ပြောဆိုသည်။

သို့ရာတွင် အာဏာရပြီး သုံးနှစ်ရှိလာချိန်အထိ အပစ်ရပ်လုပ်ငန်းစဉ် ရေရေရာရာ ရှိပုံမရခြင်း၊ အလုပ်လက်မဲ့နှုန်း မကျဆင်းသေးခြင်းတို့နှင့်အတူ သမ္မတဦးသိန်းစိန်၏ တွက်ကိန်းများတစ်ခုမှ အကောင်အထည်ပေါ် မလာသေးပေ။ ထိုမျှသာ မကသေးပဲ သမ္မတ၏ ပြုပြင်ပြောင်းလဲရေးမူဝါဒနှင့် လယ်သမားများ၏ ပူဆွေးမှုတို့ကို လျစ်လျူရှုထားသော တပ်မတော်နှင့် ခရိုနီတစ်စု၏ မြေပိုင်စီးမှုများကိုလည်း မဟန့်တားနိုင်ခဲ့ပေ။

ဒီဇင်ဘာ ၁ ရက်နေ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ကျောင်းကုန်းမြို့နယ် အောင်မင်္ဂလာ ခေတ်မှီစိုက်ပျိုးခြံသို့ သွားရောက် ကြည့်ရှုစဉ် သမ္မတဦးသိန်းစိန်က အစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ရည်ရွယ်ချက်သည် နိုင်ငံသားတို့၏ လိုအပ်ချက်နှစ်ရပ် ပြည့်ဝစေရန်အတွက် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု တို့ကို အာမခံရေးနှင့် လယ်ယာကဏ္ဍ တိုးတက်အောင် အကောင်အထည်ဖော်ခြင်းဖြင့် တိုင်းပြည်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာစေရေးတို့ ဖြစ်သည်ဟု ထပ်မံပြောကြားခဲ့သည်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လက်ရှိဆောင်ရွက်မှုများသည် ကျေးလက်လူထု ဝင်ငွေတိုးရန်နှင့် အလုပ်အကိုင် အခွင့် အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန် ဖြစ်သည်ဟုလည်း သမ္မက ဆိုသည်။

နယ်မြေဒေသ စီးပွားရေး အောင်မြင်မှုအတွက် လူသားရင်းမြစ် ဖွင့်ဖြိုးရန် မရှိမဖြစ်လိုအပ်ပြီး ထိုသို့ဆောင်ရွက်ခြင်း ဖြင့် ဒေသခံပြည်သူတို့၏ ဝင်ငွေတိုးခြင်း၊ ကျန်းမာရေး၊ ပညာရေး အဆင့်အတန်းမြင့်မားခြင်း တို့ဖြစ်လာမည်ဟု ပြောကြား သော သမ္မတဦးသိန်းစိန်က စားနပ်ရိက္ခာ ဖူလုံမှုရှိစေရန်အတွက် လယ်ယာကဏ္ဍတွင် ပြိုင်ဆိုင်နိုင်စွမ်းကို အသုံးပြုကြရန် ဒေသခံပြည်သူများကို တိုက်တွန်းသည်။

သမ္မတက ဆက်လက်၍ နိုင်ငံတော်အဆင့်၊ ဒေသအဆင့်ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ရာတွင် စည်းလုံး ညီညွတ်ရှိရန်လိုအပ်ပြီး ထို့အတွက် ဘုံအကျိုးစီးပွားနှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓါတ်ကို ထိခိုက်နိုင်သည့် အကျင့်ဆိုးများကို ခွာချရန်နှင့် စိတ်နေ သဘောထားကို ပြင်ဆင်ရန် လိုအပ်သည်ဟု ထောက်ပြပြောဆိုသည်။

နိုဝင်ဘာ ၁၈ ရက်နေ့က MCC ခန်းမတွင် ပြုလုပ်သော ကျေးလက်ဖွံ့ဖြိုးရေး မဟာဗျူဟာမြောက် ထရိမ်ပုံစံ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် သမ္မတဦးသိန်းစိန်က ကျေးလက်လူထုဝင်ငွေတိုး၍ ဆင်းရဲမွဲတေမှု လျှော့သွားချိန်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှု ရှိလာမည်ဖြစ်ကြောင်း နိုင်ငံသားတိုင်း ဝင်ငွေတိုးလာအောင် လုပ်ပေးရန် တာဝန်ရှိကြောင်း ပြောကြားသွားသည်။

ရှေ့နောက်မညီသောအချက်တစ်ခုမှာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုသည် အရေးကြီး ကြောင်း သမ္မတကြီးက ရည်ညွှန်းပြောဆိုမှု ဖြစ်သည်။ ပြည်သူလူထု အထူးသဖြင့် ကျေးလက်လူထု၏ စီးပွားရေး တန်းတူ ညီမျှရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ်တွင် နိုင်ငံသားတိုင်းပါဝင်ရေးတို့ကို အထောက်အကူမဖြစ်သော မမျှတသည့် တစ်ဖက် စောင်းနင်း အခြေခံဥပဒေကို သမ္မတနှင့် ၎င်း၏ အစိုးရက ဆုပ်ကိုင်ထားသည်။

နိုဝင်ဘာ ၃၀ ရက်နေ့တွင် သမ္မတနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများ တွေ့ဆုံခဲ့ကြသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် သက်ရောက်မှုရှိအောင် လုံလုံလောက်လောက် နေရာလွတ်ပေးလိုခြင်းမရှိဟု သမ္မတကြီးကို အရပ်ဖက် အဖွဲ့အစည်းများက ထောက်ပြကြသည်။ နိုင်ငံကို ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည်ဟု အစိုးရက ပြောနေသော်ငြားလည်း အရပ်ဖက်အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများမှာ လွတ်လပ်စွာပြောဆိုခွင့်ကို မကျင့်သုံးနိုင်အောင် ပိတ်ပင်ခြင်းခံနေကြရသည်။

နောက်တစ်မျက်နှာတွင် ဆက်လက်ဖတ်ရှုပါရန်...။


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive