Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

ထားဝယ်စီမံကိန်းတွင် အနာဂတ် ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံချက်ရှိရန် မြန်မာအစိုးရ စည်းမျဉ်းတင်းကျပ်

(10 Dec 2013 ရက်စွဲပါ Channel News Asia မှ May Wong ရေးသားသော Myanmar tightens regulations to ensure future investors able to develop Dawei ကို ဘာသာပြန်ဆိုသည်)

ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမည့်သူများ အနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆီးပေးနိုင်မည့် ငွေရေး၊ကြေးရေး တက်နိုင်သူများသာဖြစ်ရေး သေချာစေရန် မြန်မာအစိုးရက စည်းမျဉ်းများကို တင်းကြပ်ခဲ့ပါသည်။

ထားဝယ်စီမံကိန်းတွင် တစ်ဦးတည်းသော ကန်ထရိုက်တာ ဖြစ်သည့် Italian-Thai Development (ITD) တွင် ရန်ပုံငွေမရှိသောကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရပါသည်။

မြန်မာအစိုးရသည် ၂၀၁၀ ခုနှစ်တွင် ဒေါ်လာ (၈.၆) ဘီလီယံတန် စီမံကိမ်းခွင့်ပြုချက်အား ထိုင်းအခြေစိုက် ITD သို့ (၇၅) နှစ်သက်တမ်းခွင့်ပြုခဲ့ပြီး အထူးစီးပွားရေးဇုန်ကို အဆင့်ငါးဆင့်ဖြင့် လုပ်ဆောင်ရန် ဖြစ်ပါသည်။

အဆိုပါ အထူးစီးပွားရေးဇုန်တွင် ရေနံချက်စက်ရုံ၊ ရေနံဓါတုစက်ရုံနှင့် ရေနက်ဆိပ်ကမ်းတို့ ပါဝင်ပါသည်။

သို့သော် ယခုအချိန်အထိ ITD ၏ လုပ်ဆောင်ထားမှုများကို မြန်မာအစိုးရက သေချာစွာအကဲဖြတ်လျက်ရှိ ခြင်းကြောင့် ထားဝယ် SEZ မှာ အခြေအနေတန့်လျက် ရှိပါသည်။

လူသိများသော စာရင်းစစ်အဖွဲ့များဖြစ်သည့် Princewater House Coopers, Ernst and Young, Deloitte တို့သည် အကဲဖြတ်မှုကို လုပ်ဆောင်ကြမည် ဖြစ်ပါသည်။

ထားဝယ်စီမံကိန်း စည်းမျဉ်းစည်းကမ်း ဆပ်ကော်မတီ ဥက္ကဌ ဖြစ်သူ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဆက်အောင် က ပြောကြားရာတွင် “Italian-Thai ကုမ္မဏီက လုပ်ငန်းတွေရပ်ထားဖို့ကို အစိုးရကလည်း သဘောတူပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အသေးစိတ် အကဲဖြတ်မှုတွေ လုပ်ရမှာမို့လို့ပါ” ဟု ဆိုပါသည်။

“အသေးစိတ်အကဲဖြတ်မှု လုပ်ရတာကတော့ တစ်ခြားနိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာရင် ယုံကြည်မှု ရှိအောင်ပါ။ ဒါမှ နားလည်မှုလွဲမှားမှုတွေ မရှိနိုင်ပါဘူး၊ နှစ်နိုင်ငံဆက်ဆံရေးကြောင့် အခြားအကျိုးဆက်တွေ သက်ရောက် မှုမရှိရေးအတွက်လည်း ဖြစ်ပါတယ်” ဟု ၎င်း ကပြောပါသည်။

အစိုးရသည် ထားဝယ်စီမံကိန်းအတွက် ခွင့်ပြုချက်စာချုပ်များ ရေးဆွဲနိုင်ရေးအတွက် နိုင်ငံတကာ အတိုင်ပင်ခံ ကုမ္မဏီတစ်ခုကိုလည်း ငှားရမ်းထားပါသည်။

ဦးဆက်အောင် ကပြောကြားရာတွင် “ခွင့်ပြုချက် သဘောတူညီချက်စာချုပ်မှာ စောင့်ကြည့်အကဲဖြတ်သည့် စနစ် နှင့် ဘဏ်မှ အာမခံသည့်ရန်ပုံငွေစနစ်၊ ငွေတိုက်စာချုပ် အာမခံသည့်စနစ်နှင့် လျှော်ကြေးပေးနိုင်သည့် ဖွဲ့စည်းပုံတို့ သတ်သတ်မှတ်မှတ် ပါဝင်မည် ဖြစ်ပါတယ်” ဟု ဆိုပါသည်။

“ဒါမှသာ အကောင်အထည်ဖော်မှု မလုပ်ဆောင်နိုင်ခဲ့ရင် ဒဏ်ကြေးနဲ့အခြား ဖြစ်လာနိုင်တဲ့ အရာတွေကို ခွင့်ပြု သဘောတူညီချက်မှာ သဘောတူထားရပါမယ်” ဟု ၎င်းက ဆိုပါသည်။

ထားဝယ် SEZ လုပ်ငန်းများမှာ ချောမွေ့ခြင်း မရှိသေးသော်လည်း အစိုးရက ထိုဒေသမှာ ဆွဲဆောင်မှုများ ရှိသည်ဟု ယုံကြည်နေပါသည်။

ထားဝယ် SEZ လုပ်ငန်း ကော်မတီ ဥက္ကဌဖြစ်သူ အလုပ်သမားဝန်ကြီး ဦးအေးမြင့်က ပြောကြားရာတွင် “တာထွက်က မချောမွေ့ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ အရင်ကထက် တိုးတက်မှု ရှိပါတယ်။ ဒီ စီမံကိန်း အောင်မြင်မယ် ကျွန်တော်ယုံကြည်ပါတယ်” ဟု ဆိုပါသည်။

ထားဝယ် SEZ ဖွံ့ဖြိုးတိုးတက်မှုမှာ ကြန့်ကြာနေသော်လည်း မြန်မာအစိုးရက ကြန့်ကြာရမှုမှာ စစ်မှန်သော ရင်းနှီးမြှုပ်နှံသူများ ရွေးချယ်ရေးအတွက် အမျိုးအစားခွဲမှုများ တိုးတက်ခွင့်ပြုရန် လိုအပ်ခြင်းကြောင့်ဟု ရှုမြင်လျက် ရှိပါသည်။

ပိုမိုတင်းကြပ်သော သတ်မှတ်ချက်များနှင့် အခြေအနေများကြောင့် မြန်မာအစိုးရ အနေဖြင့် တဆင့်ပြန်လည် ရောင်းချမည့်သူများကို ဖယ်ရှားပြီး၊ စီမံကိန်းရေရှည်အောင်မြင်ရေးကို အလေးပေးလုပ်ဆောင်မည့် ရင်းနှီးမြှုပ်နှံသူများ ကို ရှာဖွေနိုင်လိမ့်မည် ဖြစ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“မြွေတောင်၊ဖားတောင် စီမံကိန်းက မလုပ်သင့်ပါဘူး။ တကောင်းနီကယ်တောင် ကိုလည်း တရုတ်ကို ပေးပြီးသွားပြီ ။ နောက်တစ်နေရာကို ထပ်ပေးမယ်ဆိုရင် နောက်သားစဉ်မြေးဆက်အတွက် ကျန်မှာမဟုတ် တော့ဘူး။ ကိုယ့်နိုင်ငံက အဲ့လောက်တောင် ဆင်းရဲနေပြီလား မထုတ်ရောင်းလို့ မဖြစ်ဘူးလား ဆိုတာကို ပြန်စဉ်းစားသင့်ပါတယ်”

ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ချင်းပြည်နယ်တွင် လုပ်ဆောင်မည့် မြွေတောင်၊ဖားတောင် စီမံကိန်းကို ရပ်ဆိုင်းထားရန် သတ္တုတွင်းပညာရှင် အချို့တောင်းဆို” သတင်းမှ သတ္တုတွင်းဝန်ကြီးဌာန၌ အထွေထွေမန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သူ ဦးစောမိုးမြင့် ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“တပ်မတော် ထောက်လှမ်းရေးတွေကို နိုင်ငံသားအကျဉ်းသား စာရင်းမှာ ထည့်သွင်းမစဉ်းစားဘူး။ သူတို့ ထောင်ကျတာက အာဏာပြိုင်မှုပုဒ်မတွေ၊ အဂတိတိုက်ဖျက်ရေး ပုဒ်မတွေနဲ့ ကျကြတာ။ တစ်ချို့တွေကလည်း စာရင်းထဲမှာ ထည့်ချင်နေ ကြတာရှိတယ်။ ကော်မတီစကတည်းက ဦးစိုးသိန်း (ကော်မတီဥက္ကဌ) ကလည်း တပ်ထောက်လှမ်းရေးကို စာရင်းမှာထည့်မှာ မဟုတ်ဘူးဆိုတာကို ပြောပြီးသား”

ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “တပ်မတော် ထောက်လှမ်းရေး များ နိုင်ကျဉ်းစာရင်းတွင် ထည့်သွင်းမည်မဟုတ်” သတင်းမှ လက်ကျန်နိုင်ငံရေး အကျဉ်းသား စာရင်းစိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးရဲအောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီဆွေးနွေးပွဲမှာ ဆန္ဒပြတာတွေ၊ သပိတ်မှောက်တာတွေ ဖြစ်လာရင်၊ အစိုးရက ပြည်သူတွေကို အကြမ်းမဖက်ဖို့၊ အခြား သံသယတွေ ကင်းရှင်းဖို့အတွက် ဆွေးနွေးသွားမှာပါ”

ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “အစိုးရနှင့် တက်ကြွလှုပ်ရှား သူများကြားရှိ ပဋိပက္ခများ ဖြေရှင်းရေး ဆွေးနွေးမည်” သတင်းမှ Grneration Wave အဖွဲ့မှ ဦးဘိုဘို ၏ ပြောကြားချက်အား ကောက်နှုတ်ချက်၊


 

“ပြောတော့ သူတို့က လွတ်လပ်စွာ တရားစီရင်နိုင်ရေး၊ လွတ်လပ်တဲ့ တရားရုံးတွေ ဖွဲ့စည်းထားတယ် ဆိုပြီးတော့ ဆောင်ရွက်တာလေ။ ဒါပေမယ့် တကယ်တမ်း မြင်ရတာက အဲ့လိုမှမဟုတ်ပဲ ဥပဒေရေးရာအရ အမှုတိုင်းလိုလို အစိုးရက ဝင်ရောက် ကြိုးကိုင်နေဆဲ ဖြစ်တယ်။ ဒါ ဒီနေ့အထိပဲ ။ ဒီအမှုဟာ မထင်ရှားဘူး”

ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် လူထုပုံရိပ် ဂျာနယ် အတွဲ (၂) အမှတ် (၁၁) တွင် ပါရှိသော “မြန်မာအစိုးရ၏ လူ့အခွင့်အရေး ယုံကြည်စရာမရှိဟုဆို” သတင်းမှ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အထွေထွေ အတွင်းရေးမှူး ကိုရဲမင်းဦး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လယ်ယာတွေကတော့ တပ်ကနေ သီးစားချနေတယ်။ ဒါတွေ ဒါတွေ လုပ်နေတယ်။ တိုင်တန်းချက်တွေ အများကြီးရှိပါတယ်။ ဒီမြို့မှာတော့ ကျွန်တော်တို့ဆီ ရောက်တာဟာ အမှုတွဲ (၁၄) ခုရှိတယ်။ ဒါတွေကို ကွင်းဆင်း စစ်ဆေးမယ်။ ပြီးရင် အစိုးရကို တင်ပြမယ်။ အခုမှလာတဲ့ ကိစ္စတွေကိုတော့ မစစ်ဆေးသေးပါဘူး။ လွှတ်တော်တင်လို့ လွှတ်တော်က ဒါတွေ ဒါတွေ လုပ်ပါ ဆိုပြီး တာဝန်ပေးမှလည်း ကျွန်တော်တို့က ကွင်းဆင်း စစ်ဆေးရတာပါ။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးတဲ့ အပိုင်းမှာလည်း ၈၈ ခုနှစ်ထက် အရင်ဖြစ်ခဲ့တဲ့ ကိစ္စတွေကို လက်မခံပါဘူး။ အလှမ်းဝေးလို့ပါ။ ၈၈ နောက်ပိုင်းမှာ ဖြစ်လာတဲ့ သိမ်းဆည်းမှုတွေကိုပဲ ဆောင်ရွက်ပေးပါတယ်”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၄၉) တွင်ပါရှိသော “လွှတ်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ကလေးမြို့တွင် ကွင်းဆင်းစစ်ဆေး” သတင်းမှ တန့်ဆည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မြင့် ၏ ပြောကြားချက် အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive