Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

တရုတ်တို့ထံမှ ပိုမို ကောင်းမွန်သော လုပ်ပုံကိုင်ပုံကို မြန်မာ ကုမ္ပဏီများ တောင်းဆို

(AFP မှ 15 Dec 2013 ရက်စွဲပါ "Myanmar Businesses call for better deal from China" သတင်းကို ဘာသာပြန် ဆိုသည်။)

စီးပွားရေးနိမ့်ကျသော အိမ်နီးချင်း မြန်မာနိုင်ငံ အပေါ် ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်းများကို တိုးတက်ကောင်း မွန်အောင် ပြုလုပ်ရန် တရုတ်နိုင်ငံအား မြန်မာ့ စီးပွားရေးလောက ဦးဆောင် ကုမ္ပဏီများက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်း လိုက်ပြီး မြန်မာနိုင်ငံ၌ ဘီဂျင်း ထက် အငြင်းပွားစရာ စီမံကိန်း အချို့ကို စုံစမ်းစစ်ဆေးမှုများ တိုးမြှင့်လာချိန်တွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ယခင် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ၏ ကာလရှည်ကြာ မဟာမိတ် တိုင်းပြည်ဖြစ်ခဲ့ သည်။ တရုတ်တို့သည် ထိုစဉ်က တံခါးပိတ် မြန်မာနိုင်ငံအား သံတမန်ရေး အကာအကွယ်ပေး အပြီး အပြန်အလှန် အားဖြင့် စီးပွားရေး အမြတ်ထုတ်ခွင့် ရခဲ့သောကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ၃၃ ရာခိုင်နှုန်းဖြင့် အများဆုံး ထည့်ဝင်ထားပြီး အရေးပါသော ကုန်သွယ်ဖက်နိုင်ငံ အဖြစ် သတ်မှတ်ခြင်း ခံရသည်။

သို့ရာတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တစ်သီတစ်တန်း ပြုလုပ်ပြသမှုကြောင့် အနောက် အုပ်စု အရေးယူပိတ်ဆို့မှု Sanctions များ ရုတ်သိမ်းသွားပြီဖြစ်ရာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် စီးဝင်လာတော့မည့် မျှော်လင့်ချက်မျာ တိုးပွားလာနေသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှ ဦးအေးလွင်က "အခု ဒီမှာက တရုတ် ကုမ္ပဏီတွေချည်းပဲ မဟုတ်တော့ဘူး။ နိုင်ငံတကာ ကုမ္ပဏီတွေလည်း ဝင်လာနေပြီလို့ အသိပေးချင်ပါတယ်" ဟု ပြောကြားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တရုတ်စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ နှင့် စကားပြောရာတွင် ၎င်းက " အခု အချိန်ဟာ နယ်စပ် ဖြတ်ကူးလာတဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အရေးကြီးတဲ့ အချိန်ပါ" ဟု ပြောကြားခဲ့ပြီး နိုင်ငံတကာ စံနှုန်းများကို လိုက်နာကြရန် နှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ၊ လူမှုရေးဆိုင်ရာ တာဝန်ယူတတ်သည့် ပုံစံဖြင့် လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

တရုတ်ကုမ္ပဏီများ နိုက်ဂျီးရီးယားနှင့် မြန်မာတွင် ဘိလပ်မြေထုတ်လုပ်ရန် ဒေါ်လာ (၇၃၃) သန်း စာချုပ်ချုပ်ဆို

(14 December 2013 ရက်စွဲပါ PUNCH မှ Chinese Firms Sign $ 733 m Cement deal in Nigeria, Myanmar ကို ဘာသာပြန်ပါသည်။)

တရုတ်ကုမ္ပဏီနှစ်ခုဖြစ်သော CITIC နှင့် Sinoma အကြီးစားစက်မှုလုပ်ငန်းများသည် နိုင်ငံရပ်ခြားတွင် ဈေးကွက် ချဲ့ထွင်သောအနေဖြင့် မြန်မာနိုင်ငံနှင့် နိုက်ဂျီးရီးယားနိုင်ငံတို့တွင် စုစုပေါင်း ဒေါ်လာ ၇၃၃ သန်း တန်ဖိုးရှိ ဘိလပ်မြေ ထုတ်လုပ်ရေးအတွက် သဘောတူခဲ့ကြပါသည်။

ရိုက်တာသတင်းဌာနက သတင်းပေးပို့ရာတွင် China National Materials Company Limited ၏ လက်အောက် ခံဖြစ်သော Sinoma International Engineering Company Lilmited သည် နိုင်ဂျီးရီးယား၏ Dangote Cement Plc နှင့် ဒေါ်လာ ၅၃၆ သန်းတန် စာချုပ် ချုပ်ဆိုခဲ့ကြောင်း Sinoma နှင့် National Materials တို့မှ ကြာသပတေးနေ့ က သီးခြားစီ ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

Sinoma နှင့် Dangote တို့သည် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်မည်ဖြစ်ပြီး တစ်ရက်လျှင် တန် ၆၀၀၀ ထုတ်လုပ်မည်ဖြစ်ပါသည်။ Dangote ကို နိုက်ဂျီးရီးယား ဘီလီယံနာ Aliko Dangote က ပိုင်ဆိုင်ပါသည်။

တချိန်တည်းမှာပင် CITIC အကြီးစားစက်မှုလုပ်ငန်းသည် Siam Cement အုပ်စု၏ ယူနစ်တစ်ခုအဖြစ် မြန်မာနိုင်ငံ တွင် ပူးပေါင်းဆောက်ရွက်လျက် Mawlamyine Cement Limited အဖြစ် တစ်ရက်လျှင် တန် ၅၀၀၀ ကျ ဘိလပ်မြေစက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း ၎င်း၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။

“ပရော့ဂျက်လက်မှတ် ရေးထိုးမှုနဲ့ ချောမွေ့စွာ လုပ်ဆောင်နိုင်မှုတို့ဟာ ကုမ္ပဏီရဲ့ အနာဂတ်လုပ်ငန်းတွေမှာ အပေါင်းလက္ခဏာဆောင်သော သက်ရောက်မှုတွေ ရှိမှာဖြစ်ပါတယ်” ဟု CITIC Heavy က ဆိုပါသည်။

“၎င်းဟာ အရှေ့တောင်အာရှိ ဘိလပ်မြေဈေးကွက်မှာ ကုမ္ပဏီရဲ့ အနေအထား တိုးတက်လာနိုင်ပြီး ငွေကြေး အကျိုးအမြတ်လည်း တိုးတက်ရရှိနိုင်ပါတယ်”ဟု ဆိုပါသည်။

ယခု ပရော့ဂျက်မှာ ဒေါ်လာ ၁၉၇ သန်း တန်ဖိုးရှိပြီး မေလက CITIC နှင့် ထိုင်း၏ Siam Cement ကြားတွင် ကမ္ဘောဒီးယား၌ ဘိလပ်မြေ ထုတ်လုပ်ရန် လက်မှတ်ရေးထိုးပြီး နောက်တွင် သဘောတူ ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ယင်းကြောင့် ရှန်ဟိုင်း စတော့ အိတ်ချိန်းတွင် စံချိန်တင် တက်သွားခဲ့ကြောင်း CITIC က ပြောပါသည်။

နိုဝင်ဘာလက China Machinery Engineering Coorporation သည် Kar Group နှင့် ဒေါ်လာ ၂၃၆ သန်းတန် ဘိလပ်မြေ စက်ရုံကို အီရက်တွင် ဆောက်လုပ်ရန် သဘောတူခဲ့ပြီး ထိုစက်ရုံမှ တစ်ရက်လျှင် ဘိလပ်မြေ တန် ၆၀၀၀ ထုတ်လုပ်မည် ဖြစ်ပါသည်။

ကြာသပတေးနေ့က အဆိုပါ ကြေညာချက်သည် တရုတ်နှင့် ဟောင်ကောင်ဈေးကွက်များ ပိတ်အပြီးတွင် ထွက်ပေါ် လာခြင်း ဖြစ်ပါသည်။

Sinoma ၏ ရှယ်ယာသည် ၀.၁၂ ရာခိုင်နှုန်း နိမ့်ပြီး ၈.၃၅ ယွမ်ဖြင့် ပိတ်သိမ်းခဲ့ပြီး CITIC ၏ ရှယ်ယာသည် ၀.၂၉ ရာခိုင်နှုန်း အမြင့်၌ ၃.၄၉ ယွမ်ဖြင့် ပိတ်သိမ်းခဲ့ရာ ရှန်ဟဲ၏ စုစုပေါင်း ညွှန်းကိန်း ၀.၀၆ ရာခိုင်နှုန်း ကျဆင်းမှုနှင့် နှိုင်း ယှဉ်ခဲ့ခြင်း ဖြစ်သည်။

China National ၏ ရှယ်ယာသည် ၀.၅၇ ရာခိုင်နှုန်း အနိမ့်၌ ဟောကောင်ဒေါ်လာ ၁.၇၅ ရှိပြီး Hang Sang ညွှန်းကိန်း၏ ၀.၅၁ ရာခိုင်နှုန်း ကျဆင်းမှုနှင့် အကြမ်းအားဖြင့် တူညီနေပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive