Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(The Chosun llbo မှ 1 Jan 2014 ရက်စွဲပါ "Way clear for Rangoon bombing memorial" သတင်းကို ဘာသာပြန် ဆိုသည်)

(UN News Centre မှ 31 Dec 2013 ရက်စွဲပါ "Myanmar: UN human rights office welcomes presidential pardon for political prisoners" သတင်းကို ဘာသာပြန်ဆိုသည်)

     


ရန်ကုန်မြို့ အာဇာနည်ကုန်း ဗုံးကွဲမှု အထိမ်းအမှတ် နေရာ တည်ဆောက်ရန် လမ်းပွင့်သွား

(The Chosun llbo မှ 1 Jan 2014 ရက်စွဲပါ "Way clear for Rangoon bombing memorial" သတင်းကို ဘာသာပြန် ဆိုသည်)

၁၉၈၃ ခုနှစ်က ရန်ကုန်မြို့တွင် မြောက်ကိုရီးယား အေးဂျင့်များ၏ ဗုံးဖောက်ခွဲမှုကြောင့် တောင်ကိုရီးယား ထိပ်ပိုင်းအရာရှိ ၁၇ ဦး သေဆုံးကာ ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သော ဖြစ်ရပ်အတွက် အမှတ်ရစရာ အထိမ်းအမှတ် နေရာတစ်ခု တည်ဆောက်ရန် တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံတို့ အင်္ဂါနေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးကြတော့မည် ဖြစ်သည်။

ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် အထိမ်းအမှတ်နေရာ တည်ဆောက်ရန် တောင်ကိုရီးယားအား နေရာ ပေးမည့် နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး လီဘက်ဆွန်နှင့် မြန်မာ ဖက်မှ သံတမန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်စင် တို့ လက်မှတ်ရေးထိုးကြလိမ့်မည်ဟု ဆိုးလ် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားသည်။

အစကတော့ ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှု နှစ် ၃ဝ ပြည်တဲ့ ဒီနှစ်ထဲမှာ အထိမ်းအမှတ် နေရာတည်ဆောက်ဖို့ စီစဉ်ထားခဲ့ပေမယ့် မြန်မာနိုင်ငံဖက်က အခြေအနေကြောင့် အနည်းငယ် ကြန့်ကြာသွား ပါတယ်။ ဒါပေမဲ့ MOU လက်မှတ်ထိုးပြီးတာနဲ့ လာမယ့် နှစ် ပထမ သုံးလပတ်မှာ အုတ်မြစ်ချပြီး နှစ်လခွဲအတွင်း အပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်" ဟု ဆိုးလ်မှ အစိုးရ တာဝန်ရှိသူက ပြောကြားသည်။

အထိမ်းအမှတ် ကျောက်တိုင်ကို အနက်ရောင် ကွန်ကရစ်ဖြင့် တောင်ကိုရီးယားတွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာ နိုင်ငံသို့ ပို့မည်ဖြစ်သည်။ ကျောက်တိုင်တွင် ကျဆုံးသု ၁၇ ဦး၏ အမည်နှင့် ရာထူးအဆင့်တို့ကို ကိုရီးယား ဘာသာဖြင့် ထွင်းထုထားမည်ဟု သိရှိရသည်။


 

နိုင်ငံရေးအကျဉ်းသားများအား သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းကို ကုလ လူ့အခွင့်အရေးရုံး ကြိုဆို

(UN News Centre မှ 31 Dec 2013 ရက်စွဲပါ "Myanmar: UN human rights office welcomes presidential pardon for political prisoners" သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် မတရားသင်း ငြိမ်းချမ်းစွာ စုဝေးမှု၊ တိုင်းပြည် သစ္စာဖောက်မှု ၊ စည်းရုံးလှုံ့ဆော်မှု တို့ အပါအဝင် အထူး ဥပဒေ ၇ ချက်နှင့် ငြိစွန်းသော ကျုးလွန်မှုများအတွက် ပြစ်ဒဏ်ချမှတ်ထားသော နိုင်ငံရေး အကျဉ်းသားများအား သမ္မတ က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ကြိုဆိုလိုက်ပါသည်။

ယခင်ရက်က သမ္မတ ဦးသိန်းစိန် ပေးသော လွတ်ငြိမ်းချမ်းသာခွင့်သည် မနှစ်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွင် အရေးပါသော အဆင့်တစ်ခု ဖြစ်သည်ဟု လူ့အခွင့်အရေး မဟာမင်းကြီးရုံး OHCHR မှ ထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသား ပြဿနာကို ဖြေရှင်းရာတွင် နှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးမည်ဟူသော သမ္မတ ၏ ကတိကဝတ်အတိုင်း ဆောင်ရွက်နိုင်ခဲ့ခြင်းသည် သိသာထင်ရှားသော တိုးတက်ပြောင်း လဲမှုကို ပြသနေသည်ဟု OHCHR က ဆိုပါသည်။

"နိုင်ငံရေးအကျဉ်းသား အဖြစ် ဖမ်းဆီးခြင်းခံရတဲ့ လူတွေ ၊ ကိစ္စတွေ မရှိစေဖို့အတွက် ဒီလို ဥပဒေမျိုး တွေကို ပြုပြင်ပြောင်းလဲနိုင်အောင် အစိုးရ အပါအဝင် သက်ဆိုင်ရာ stakeholders တွေနဲ့အတူ လုပ်ဆောင် သွားဖို့ ကျွန်မတို့ လေ့လာနေပါတယ်" ဟု OHCHR ပြောရေးဆိုခွင့်ရှိသူ စီစီလီပူလီက ပြောကြားသည်။

တစ်ချိန်ထဲတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် စာရင်း၌ ၂၀၁၂ ဇွန် ၊ ဇူလိုင်က ဘူးသီးတောင် အကျဉ်းထောင်တွင် ဖမ်းဆီးထားခြင်း ခံရသော နိုင်ငံတကာ NGO လုပ်သား သုံးဦးနှင့် ၂ဝ၁၂ ဇွန် ၊ ၂ဝ၁၃ ဇူလိုင်လ တို့တွင် ဖမ်းဆီးခြင်းခံရသော လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ဖြစ်သည့် ဒေါက်တာ ထွန်းအောင်နှင့် ဦးကျော်လှအောင်တို့ ပါဝင်ခြင်း မရှိသည့်အတွက် စိတ်မကောင်းကြောင့် OHCHR က ထုတ်ဖော် ပြောဆိုသည်။

"ဒီ အကျဉ်းသားတွေကို အာဏာပိုင်တွေက လွှတ်ပေးဖို့နဲ့ ဆိုင်းငံ့ထားတဲ့ အမှုကိစ္စတွေ အားလုံးကို ဖြေရှင်းပေး နိုင်အောင် အကျဉ်းသားစီစစ်ရေး ကော်မတီက အလုပ် ဆက်လုပ်သွားဖို့ ကျွန်မတို့ တိုက်တွန်း ပါတယ်" ဟု မစ္စ ပူလီက ပြောကြားသည်။

မြန်မာနိုင်ငံတွင် တပ်မတော် အစိုးရ ဖျက်သိမ်းပြီး အရပ်ဖက်အစိုးရထံ အာဏာ လွှဲပြောင်းပေးပြီး နောက်ပိုင်း သမ္မတ ဦးသိန်စိန်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကြောင့် နိုင်ငံရေး အကျဉ်းသား ရာပေါင်း များစွာကို တစ်သုတ်ပြီး တစ်သုတ် လွှတ်ပေးခဲ့ရာ ယခုအခါ ကုန်သလောက်နီးပါး ရှိသွားပြီ ဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment