Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တရားမျှတခြင်း၊ မမျှတခြင်း ဆိုတာ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်ကလေးတစ်ခုကို ကြည့်ပြီးပြောလို့မရပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်အချိန်၊ ရွေးကောက်ပွဲ လုပ်နေတဲ့အချိန်အပြင် ရွေးကောက်ပွဲ ပြီးတဲ့အချိန်ထိလည်း၊ ချမှတ်ထားတဲ့အတိုင်း ကျင့်သုံးသလာဆိုပြီး အဲဒီအချက်သုံးချက်ကို ကြည့်ပြီးဆုံးဖြတ်ရမှာ ဖြစ်တယ်”

ဇန်နဝါရီလ ၄ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၉၀) တွင် ပါရှိသော “တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်၊ မဖြစ်အား အချိန်တစ်ခုတည်း ကြည့်ပြီး ဆုံးဖြတ်ရန် မသင့်” သတင်းမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သည် မဟာမိတ်အဖွဲ့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု မပြိုကွဲရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပေါ်ပေါက်ရေး၊ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေရပြီး ဒီမိုကရေစီ အနှစ်သာရပြည့်တဲ့နိုင်ငံဖြစ်အောင် စွမ်းဆောင်မယ်”

ဇန်နဝါရီလ ၃ ရက်နေ့ထုတ် မော်ဒန် ဂျာနယ် အမှတ် (၃၉၀) တွင်ပါရှိသော “ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ဖွဲ့မည်” သတင်းမှ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ တောင်းဆိုတဲ့အထဲက ဘာကိုမျှော်လင့်သလဲဆိုရင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖြေရှင်းတာမျိုးကို တိုင်းပြည်ကို တကယ်အုပ်ချုပ်နေတဲ့သူတွေ တကယ်သွားချင်နေတဲ့ အောင်မြင်မှုတွေရမှာ ဖြစ်သလို ကျွန်တော်တို့ မျှော်လင့် ထားတဲ့ ပြည်သူနဲ့ အစိုးရလက်တွဲပြီး လုပ်ဆောင်တာကိုပဲ လိုချင်ပါတယ်”

ဇန်နဝါရီလ ၅ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၂) အမှတ် (၂) တွင် ပါရှိသော “ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်း သိမ်းဆည်းခံထားရသော လယ်ဧက ၇၀၀၀ ကျော်ရှိဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား ကွန်ရက်မှဆို” သတင်းမှ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများကွန်ရက်မှ ညှိနှိုင်းရေးမှူး ကိုတင်လင်းအောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာပြည်ဟာ စိုးရိမ်သောကများနေတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ အခြေခံကျတဲ့အတိုက်အခံနဲ့ စစ်တပ်ကြားထဲမှာ  အခြေခံကျတဲ့ အတိုက်အခံနဲ့ စစ်တပ်ကြားထဲမှာ အခြေခံကျတဲ့ နားလည်မှု၊ ဒီ အသွင်ကူးပြောင်းရေးကို နောက်ငါးနှစ် ဘယ်လို စီမံခန့်ခွဲမလဲ၊ နောက် ၁၀ နှစ် ဘယ်လိုစီမံခန့်ခွဲမလဲ၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ တိုင်းရင်းသား ရေးရာ ကိစ္စတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ အခြေခံကျတဲ့ ပဋိညာဉ် မရှိလို့ရှိရင် ဒီအသွင်ကူးပြောင်းရေးက စိတ်ပူစရာတွေနဲ့ ပြည့်နှက်နေမယ်”

ဇန်နဝါရီလ ၄ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ (၂) အမှတ် (၄၃) တွင်ပါရှိသော “စစ်တပ်နဲ့ အတိုက် အခံအကြား အခြေခံကျသည့် နားလည်မှုမရှိသောကြောင့် မြန်မာ့အရေး အန္တရာယ်များနေဟု လေ့လာသူများ သုံးသပ်” သတင်းမှ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးမင်းဇင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ တိုင်းပြည်မှာ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ခဲ့တဲ့၊ ပဋိပက္ခဟာ အင်မတန်ကြီးမားတဲ့ နက်ရှိုင်းတဲ့အခြေအနေ အရရှိပါတယ်။ အာဃာဂတွေ၊ သံသယတွေ၊ ရန်ငြိုး၊ ရန်စတွေ တစ်ထွေးတစ်ပိုက်ကြီး ရှိခဲ့တဲ့အခါကျတော့ တစ်နေ့ တစ်ရက် တစ်မနက်တည်းနဲ့ မရှင်းနိုင်ပါဘူး”

ဇန်နဝါရီလ ၃ ရက်နေ့ထုတ် ရန်ကုန်တိုင်းနေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “သမ္မတ၏ ဖြူစင်သော စိတ်စေတနာ ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်မည်ဟု ဖဒိုမန်းငြိမ်းမောင်ပြော” သတင်းမှ KNU ကရင်ငြိမ်းချမ်းရေးကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment