Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"ဇန်နဝါရီ ၇ ရက် အစည်းအဝေးမှာ ကော်မတီအဖွဲ့ဝင်တွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်းတွေအလိုက် အဆိုပြုချက်တွေ ဘယ်လောက်ရှိတယ် ဆိုတာ ချပြဖို့ ရှိတယ်။ အဲဒါတွေကို အဖွဲ့ဝင်တွေ အနေနဲ့ ဘယ်လို သုံးသပ်မလဲ။ လွှတ်တော်ကို ဘယ်လိုတင်မလဲ။ အကြံပြုချက်တွေ ထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနဲ့ မဲခွဲ ဆုံးဖြတ်လို့ရတဲ့ အချက်တွေ ပါရင် အဲဒါတွေကို ဘယ်လို ဆောင်ရွက်မလဲ။ ချက်ချင်း လုပ်လို့ ရတဲ့ ကိစ္စတွေကို ချက်ချင်း ပြီးပြတ်အောင် ဘယ်လိုလုပ်မလဲ စတဲ့အချက်တွေကို ကော်မတီ အဖွဲ့ဝင်တွေ အနေနဲ့ ဆွေးနွေးကြဖို့ ရှိပါတယ်"

ဇန်နဝါရီလ ၅ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံး သပ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး ဇန်နဝါရီ ၇ ရက်တွင် ပြုလုပ်မည်" သတင်းမှ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဦးအေးမောက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"အဲဒီနေ့ကျမှ အားလုံးရဲ့ သဘောတူညီချက်နဲ့ ဒီမိုကရေစီစနစ်ကျကျနဲ့ ရွေးချယ်ပြီးတော့ ဘယ်သူ ဘယ်တာဝန် ထမ်းဆောင် သင့်သလဲ ဆိုတာ ရွေးချယ်မှာပါ။ ထူးခြားတာ တစ်ခုကတော့ ကျွန်တော်တို့ လောလောဆယ် ပါတီ ဥက္ကဋ္ဌကို ကျွန်တော်တို့ မရွေးသေးဘူး။ တကယ်လို့ ရွေးနိုင်ရင် ရွေးမယ်။ မရွေးနိုင်ရန် ချန်လှပ်ထားမယ်။ အထွေထွေအတွင်းရေးမှူးနဲ့ ဥက္ကဋ္ဌ ကို ချန်လှပ်ထားမယ်"

ဇန်နဝါရီလ ၅ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ဖက်ဒရယ် ပြည်ထောင်စုပါတီ ၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ဇန်နဝါရီ တတိယပတ်အတွင်း ဖွဲ့စည်းမည်" သတင်းမှ ဖက်ဒရယ် ပြည်ထောင်စုပါတီ (FUP) ၏ လက်ရှိ ဒုတိယ ခေါင်းဆောင် ဦးစိုင်းစောသန်းမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အစိုးရက မဆိုင်သလို နေလို့မရဘူး။ ပြည်သူ ပြည်သား တစ်ယောက်ချင်းစီနဲ့ ဆိုင်တဲ့ ကိစ္စမှာ အစိုးရနဲ့ မဆိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ တပ်မတော် ရဲ့ အခန်းကဏ္ဍ ကလည်း မပါသလို ၊ ပါသလို လုပ်လို့ မရဘူး။ ပါကို ပါတယ်။ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးက တစ်နိုင်ငံလုံး အတွက် ဖြစ်တယ်ဆိုတာ တပ်မတော်ရော ၊ ပြည်သူရော သိဖို့ လိုပါတယ်"

ဇန်နဝါရီလ ၅ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အစိုးရ အဓိက ကျ ၊ တပ်မတော်၏ ကဏ္ဍ မပါသလို ၊ ပါသလို လုပ်၍ မရ" သတင်းမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"နဂို အစိုးရက နိုင်ငံရေးလုပ်လို့ လူတွေကို အကျဉ်းထောင်ထဲ ပို့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ သေတဲ့သူ က သေ ၊ ဒုက္ခရောက်တဲ့သူက ရောက် ၊ အခု အစိုးရလည်း တောင်းပန်ရမယ် ၊ အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာ ရာထူးအာဏာ မရှိတဲ့ သူတွေကလည်း နဂိုက ပတ်သက်ခဲ့ရင် သူတို့တွေပါ တောင်းပန်ရမယ်"

ဇန်နဝါရီလ ၆ ရက်နေ့ထုတ် The Messenger ဂျာနယ် အတွဲ (၄)၊ အမှတ် (၃၃) ပါ"နိုင်ငံရေး အကျဉ်းသားဟောင်းများ အား လက်ရှိ အစိုးရ တောင်းပန်ရမည်ဟု နိုင်ငံရေးခေါင်းဆောင်များ ပြော" သတင်းမှ ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင် ကိုမင်းကိုနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက အကောက်ခွန်ဦးစီးဌာနနဲ့ ပြန်ပြီးတော့ ညှိနှိုင်းနေပါတယ်။ သူတို့ဆီက တရားဝင် စာ ထွက်မလာသေးတဲ့အတွက် ဘယ်ပစ္စည်းတွေကို ပြန်ဖြုတ်မလဲတော့ မသိသေးဘူး။ စာရင်း အတိုင်း အားလုံး ခွင့်ပြုလိုက်မယ် ဆိုရင်တော့ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ ၉၉ ရာခိုင်နှုန်းလောက်ကို လိုင်စင် လျှောက်ထားစရာ မလိုဘဲ တင်သွင်း ခွင့်ရမှာ ဖြစ်ပါတယ်"

ဇန်နဝါရီလ ၅ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်း ရာနှုန်းပြည့်နီးပါးကို လိုင်စင်မလိုဘဲ တင်သွင်းခွင့် ရရန် တင်ပြ" သတင်းမှ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment