Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

 (Shanghai Daily မှ 4 Jan 2014 ရက်စွဲပါ “ Myanmar president stresses efforts to achieve long – lasting peace” သတင်းကို ဘာသာပြန်ဆိုသည်။)

(5 January 2014 ရက်စွဲပါ Bangkok Post မှ Japan to aid Myanmar minorities ကိုဘာသာပြန်ပါသည်။)


ရေရှည်ငြိမ်းချမ်းရေးရအောင် အားထုတ်နေကြောင်း သမ္မတပြောကြား

 (Shanghai Daily မှ 4 Jan 2014 ရက်စွဲပါ “ Myanmar president stresses efforts to achieve long – lasting peace” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် ရှေရည်ခံသော ငြိမ်းချမ်းရေးရရှိအောင် အတူတကွ လုပ်ဆောင်ကြရန် တိုင်းရင်းသားပြည်သူ များ အားလုံးကို သမ္မတဦးသိန်းစိန်က စနေနေ့တွင် တိုက်တွန်းလိုက်ပါသည်။

စနေနေ့တွင် ကျရောက်သော မြန်မာနိုင်ငံ၏ ၆၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် သမ္မတက ယင်းသို့တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်သည်။

နေပြည်တော်တွင် ပြုလုပ်သော လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားတွင် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း ကသမ္မတဦးသိန်းစိန်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

တိုင်းရင်းသားလူမျိုးများအကြား အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခသမိုင်းမှာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း တိုင်းရင်သားများအားလုံးသည် စစ်မှန်၍ ရှေရှည်ခံသော ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းအား ထုတ်နေကြ ကြောင်း၊ မကြာမှီ အတောအတွင်း အမျိုးသားအဆင့် အပစ်ရပ်သဘောတူညီမှု လက်မှတ်ထိုးနိုင်ရန် အစီအစဉ် ပြုလုပ်လျှက်ရှိကြောင်း လက်ရှိအခြေအနေသည် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးအတွက် အချိန်ကောင်း ဖြစ်ကြောင်း သမ္မတ ကပြောကြားသည်။

ထို့အပြင် ပြည်သူတို့၏ ဆန္ဒနှစ်ရပ်ဖြစ်သော တရားဥပဒေစိုးမိုး၍ ငြိမ်းချမ်းသော နိုင်ငံဖြစ်လာရေးနှင့် လူထု တစ်ရပ်လုံး ၏ လူမှုစီးပွားရေးဖွံ့ဖြိုးရေးတို့ ပြည့်ဝစေရန်အတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အစိုးရက ပြုလုပ်နေသည်ဟု သမ္မတ ကဆိုပါသည်။

စီးပွားရေးပြုပြင်ပြောင်းလဲရာတွင် အရေးကြီးဆုံးအချက်မှာ တိုင်းပြည်၏ အနွမ်းပါးဆုံး ကျေးလက်လူထု၏ လူမှုစီးပွား တိုးတက်ဖွံ့ဖြိုးရေးပင်ဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်ရန်အတွက် အရင်းအနှီးနှင့် နည်းပညာများ ရရှိအောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်လျက်ရှိသည်ဟု သမ္မတက ပြောကြားသည်။

ထို့အပြင် အများမျှော်လင့်နေကြသော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကိုလည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနေဖြင့် သမ္မတဦးသိန်းစိန်က လက်မှတ်ထိုးထုတ်ပြန်ခဲ့သည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် သောကြာနေ့က အကျဉ်းသား ၇၀၀၀ ခန့်လွှတ်မြောက်ခဲ့သည်ဟု တရားဝင်သတင်းများက ဆိုပါသည်။


ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှ တိုင်းရင်းသားများကို ကူညီမည်

(5 January 2014 ရက်စွဲပါ Bangkok Post မှ Japan to aid Myanmar minorities ကိုဘာသာပြန်ပါသည်။)

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ပြည်တွင်းပဋိပက္ခဒဏ်ခံစားကြရသော တိုင်းရင်းသားများ၏ လူမှုရေးအဆင့် အတန်း မြှင့်တက်လာစေရန် ရည်ရွယ်၍ လာမည့် ငါးနှစ်အတွင်း ၁၀ ဘီလီယံယန်း (၃ဘီလီယံဘတ်) ဂရန်ငွေ့အဖြစ် ခွင့်ပြုမည် ဖြစ်ကြောင်း ဂျပန်အစိုးရ၏ သတင်းစာများက စနေနေ့က ပြောကြားခဲ့ပါသည်။

တိုကျိုအနေဖြင့် အဆိုပါအကူအညီကို လက်ရှိမြန်မာအစိုးရ နှင့်တိုင်းရင်းသား လက်နက်ကိုင်များကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အရှိန်မြှင့်နိုင်ရန် ကူညီပေးရန် ရည်ရွယ်ကြောင်း သတင်းရင်းမြစ်များက ဆိုပါသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သယံဇာတပေါသောနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှု အားကောင်းစေရန် ရည်ရွယ်၍ ချေးငွေနှင့် ဂရန်ငွေစုစုပေါင်း ၁၅၀ ဘီလီယံယန်းကျော်အထိ ပေးရန် စီစဉ်နေ ပါသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသားများသည် အစိုးရစစ်တပ်နှင့် နှစ်ပေါင်းများစွာ စစ်တိုက် လျက်ရှိခြင်းကြောင့်၊ အထူးသဖြင့် တရုတ်နှင့် ထိုင်းနယ်စပ်ရှိ မဖွံ့ဖြိုးသေးသော ဒေသမှ လူများသည် စစ်ကြောင့် ထွက်ပြေးကြရပါသည်။

ဦးသိန်းစိန်၏ အစိုးရသည် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်လျက်ရှိခြင်းကြောင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးလျက်ရှိပါသည်။

တိုင်းပြည်အကြီးဆုံးအတိုက်အခံပါတီဖြစ်သော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးသိန်းစိန် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်များအား ပြန်လည်ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းရေးအတွက် တိုက်တွန်းလျက်ရှိ ပါသည်။

ဂျပန်နိုင်ငံက တိုင်းရင်းသားအုပ်စုများကို အကူအညီပေးခြင်းအားဖြင့် ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်ရာတွင် အထောက်အကူပြုရန် ရည်ရွယ်ပါသည်။ တိုင်းရင်းသားအုပ်စုများကို အကူအညီပေးခြင်းသည် မြန်မာ နိုင်ငံတွင်း နေထိုင်သူများ၏ လူနေမှုအဆင့်ကိုခြုံ၍ မြှင့်တင်ပေးသည့် သဘောပင်ဖြစ်ကြောင်း သတင်းများ၏ အဆိုအရ သိရှိရပါသည်။

ဂျပန်အစိုးရသည် စီစဉ်ထားသော အကူအညီများကို NGO များနှင့် ပူးပေါင်း၍ ပေးအပ်ရန် စီစဉ်လျက်ရှိရာ အစားအသောက်နှင့် ဆေးဝါးများ၊ အခြေခံအဆောက်အဦ တိုးတက်ရေးနှင့် စစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့များအား မူရင်းဒေသ တွင် ပြန်လည်နေရာချထားရေးများတွင် အကူအညီအတွက် ခွင့်ပြုငွေ (grant – in – aid) ပုံစံဖြင့် ပေးအပ်သွား မည်ဖြစ်ပါ သည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသားအုပ်စုများထံမှ ခွင့်ပြုချက်ရရှိပြီးပါက အသေးစိတ်အစီအစဉ်များကို ဆွေးနွေးသွား မည်ဟု ၎င်းတို့က ဆိုပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment