Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“လက်နက်ကိုင်ကိစ္စက နှစ်ဖက်တပ်ကြားမှာ လေ့လာစောင့်ကြည့်ရေး ထားဖို့တင်ပြတယ်။ သူတို့ဘက်ကလည်း သဘောတူတဲ့ သဘောမျိုး ပြောတယ်။ သာမန်ဖြစ်တက်တဲ့ ကိစ္စတွေကို အောက်ခြေမှာ တိုင်းမှူးတွေကို ညွှန်ကြားပြီးတော့ ကျွန်တော် တို့ဘက်က သက်ဆိုင်ရာတာဝန်ရှိတဲ့ တပ်မှူးတွေနဲ့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်သွားဖို့ သဘောထား ရှိတယ်”

ဇန်နဝါရီလလ ၇ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၄၀) တွင်ပါရှိသော “သမ္မတနဲ့ကာချုပ်က ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံချက်ရတဲ့ အဆင့်ရောက်အောင် ဆောင်ရွက်မည်ဟုဆို” သတင်းမှ ဖဒိုမန်းငြိမ်းမောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ နိုင်ငံရှေ့ဘက်သွားဖို့အတွက် ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်ဖို့လိုအပ်တဲ့ ပုဒ်မတွေ အကုန်ပြင်ဖို့ လိုပါတယ်။ ၅၉ (ခ) နဲ့ အခြားသော ပုဒ်မတွေလည်း ပြင်ဖို့လိုအပ်ပါတယ်။ ပြဿနာတွေ အကြီးအကျယ်ဖန်တီး ပြီးမှ ပုဒ်မတွေ ပြင်ကြမှာလား၊ ပြဿနာနည်းနည်းနဲ့ ပုဒ်မတွေ ပြင်ကြမှာလားပေါ့နော်။ ပြဿနာ နည်းနည်းနဲ့ ပြင်လိုက်ရင် ပိုကောင်းတာပေါ့”

ဇန်နဝါရီလ ၉ ရက်နေ့ထုတ် Venus News Journal အတွဲ (၅) အမှတ် (၂၄) တွင်ပါရှိသော “ပုဒ်မ ၅၉ (စ) သည် ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်ရွယ်ထားခြင်းဖြစ်၍ ပြင်ရမည်ဟု ဟံသာဝတီ ဦးဝင်းတင် ပြော” သတင်းမှ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီမိုကရေစီဆိုပေမယ့် အမြဲတမ်းယှဉ်ပြိုင်ဖို့ မလိုဘူးပေါ့။ အပြန်အလှန်လေးစားမှု ပြုရမှာပေါ့။ အဲ့ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မျိုး၊ ရန်ကုန်မှာ ကျွန်တော်တို့ မပြိုင်ဘူး။ အဲဒီလိုပဲ ပြည်ခိုင်ဖြိုး ပါတီက အဆင့် မြင့်မြင့်ပေါ့။ ဥပမာ သူရဦးရွှေမန်း တို့အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ ဝင်ရောက်ယှဉ်ပြိုင် မယ်ဆိုရင်လည်း အဲဒီလိုနေရာမျိုး  ကျွန်တော်တို့ ရှောင်ပေးမှာပါ။ ဒီလိုပဲ နိုင်ငံရေးဝါစဉ်ကြီးတဲ့ တကယ်ပဲ လိုအပ်တယ်ဆိုရင်တော့ ရှောင်ပေး မှာပဲ”

ဇန်နဝါရီလ ၇ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်တွင်း ပြည်သူအကျိုး ဆောင်ရွက်နိုင်သူများ ဝင်ရောက်မည့် မဲဆန္ဒနယ် များ၌ NNDP ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်” သတင်းမှ အမျိုးသားဒီမိုကရေစီ ပါတီသစ် (NNDP) မှ ပါတီ ဥက္ကဌ ဦးသိန်းညွန့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဆရာကတော့ အဓိက နိုင်ငံရေးနယ်ပယ်မှာ တပ်ရဲ့အပိုင်းကို ထည့်စဉ်းစားဖို့လိုတာကို ထောက်ပြချင်ပါတယ်။ ဒါပေမယ့် တောင်းဆိုသူတွေဘက်က အခုအခြေအနေထက် အရမ်းရှေ့ရောက်ပြီး တောင်းဆိုလိုက်ရင် မြန်မာ့နိုင်ငံရေး အပြောင်း အလဲ မှာစိုးရိမ်စရာတွေ ရှိလာမှာ စိုးတဲ့အတွက် အချင်းချင်း ညှိနှိုင်းလုပ်ဆောင်စေချင်တဲ့ သဘောလို့ မြင်တယ်။ တောင်းဆိုစရာ ရှိတာတော့ တောင်းဆိုရမှာပါ”

ဇန်နဝါရီလ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “၂၀၁၅ တွင် အတိုက်အခံနှင့် မြေလှန်ပြောင်းလဲလိုသူများ အာဏာရလာပါက တပ်အာဏာသိမ်းမှု အန္တရာယ်ကြုံတွေ့နိုင် ခြင်းများဟုဆို” သတင်းမှ ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မေး-အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ သတ်မှတ်မယ့် ဥပဒေထွက်လာရင်ရော အရင်နဲ့နှိုင်းယှဉ် ကြည့်ရင် ဘယ်လိုအခြေအနေ ဖြစ်နိုင်မလဲ သုံးသပ်ပေးပါဦး။

ဖြေ- ကိစ္စတိုင်းရဲ့ တာဝန်ရှိသူက အစိုးရပဲရှိတယ်။ ဥပဒေထွက်လာမှာကိုလည်း ကြိုဆိုတယ်။ ဒါပေမဲ့ ပြီးပြည့်စုံမှာ မဟုတ်ပါ ဘူး။ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဈေးကွက်စီးပွားရေးစနစ်မြင့်တက်မှု၊ အလုပ် သမားလစာ တိုးမြှင့်မှု၊ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းခွင် လျှပ်စစ်မီတာခ၊ မြေခွန်နဲ့ အခွန်အခတွေအားလုံးကို ချိန်ကြည့်လိုက်ရင် ဖြစ်နိုင်မယ် မထင်ပါဘူး။ ၂၀၁၄ မှာလည်း ဒီလိုပြဿနာတွေ ရှိနေဦးမှာပဲ”

ဇန်နဝါရီလ ၇ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အခြေခံလစာ နည်းပါးမှုရဲ့ နောက်မှာ အချိန်ပိုတွေဆင်းပေးနေရတာတွေက အဓိကအားနည်းချက်ပဲ” အင်တာဗျူးမှ အလုပ်သမားခုံ သမာဓိကောင်စီမှ အလုပ်သမား ကိုယ်စားလှယ် ဦးရဲနိုင်ဝင်း ၏ ပြောကြားချက် အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment