Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“စာနယ်ဇင်းကိစ္စတွေကို သမ္မတဖွဲ့ပေးထားတဲ့ စာနယ်ဇင်းကောင်စီနဲ့ပဲ ဖြေရှင်းရမှာ စာနယ်ဇင်း လွတ်လပ်ခွင့် ပေးတယ်ပြောပြီး အစိုးရပိုင်းနဲ့ တစ်ခုခုထိမိတာတွေကျတော့ ဒီလိုပြည်ထဲရေးကတိုက်ရိုက်ဖြေရှင်းတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးနေ သလိုပေါ့။ စာနယ်ဇင်းလွတ်လပ်ခွင့်ကလည်း မရှိသေးပါဘူး”

ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် လူထုပုံရိပ် ဂျာနယ် အတွဲ (၂) အမှတ် (၁၅) တွင်ပါရှိသော “စာနယ်ဇင်းအပေါ် ပြည်ထဲရေး တိုက်ရိုက် ကိုင်တွယ်မှု မီဒီယာများလက်မခံ” သတင်းမှ မြန်မာဂျာနယ်လစ် ကွန်ရက်မှ အတွင်းရေးမှူး ဦးမြင့်ကျော် ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့အဖွဲ့တွေ အခန်းလိုက်ဆွေးနွေးပြီးရင် ကော်မတီမှာ တစ်ပတ်တစ်ကြိမ် အစည်းအဝေးပြန် ထိုင်မယ်။ လေ့လာတွေ့ရှိချက်တွေကို တင်ပြရမှာပေါ့။ အဲဒါဆိုရင် ကိုယ်လေ့လာတဲ့အချက်တွေတင်မက အခြားအဖွဲ့တွေက အချက်အားလုံးပါ လေ့လာသုံးသပ်ပြီးသား ဖြစ်သွားမယ်”

ဇန်နဝါရီလ ၉ ရက်နေ့ထုတ် Popular News Journal တွင် ပါရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တင်ပြ ချက်ပေါင်း သုံးသိန်းကျော်အား အဖွဲ့ ၅ ဖွဲ့ ခွဲကာ ပူးပေါင်း ကော်မတီ သုံးသပ်မည်” သတင်းမှ ဒီချုပ်ပါတီ လွှတ်တော်  ကိုယ်စားလှယ် ဦးဝင်မြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ကို အရင်တုန်းက အစိုးရက လုပ်မှပဲဖြစ်မယ်ဆိုပြီးတော့ လုပ်ဆောင်ခဲ့ကြတယ်။ အခုတော့ အစိုးရ နဲ့အတူ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ သန်း ၆၀ ပြည်သူတွေပါဝင်မှ ဒီမိုကရေစီ သွားတဲ့အခါ မှာ ကောင်းမွန်လာမှာ ဖြစ်တယ်။ ဒါ့ကြောင့် အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ များများလေး ကြိမ်ဖန်များစွာ တွေ့ဆုံဖို့ လိုပါတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အားတွေကို အားကိုးတယ်၊ တိုင်းပြည်တိုးတက်ဖို့အတွက် ကောင်းမွန်လာမှာ ဖြစ်တယ်။ နိုင်ငံတော်အစိုးရ ကလည်း လုပ်ဆောင်စေချင်တယ်”

ဇန်နဝါရီလ ၈ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖိုရမ်အတွက် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများ ဖွဲ့စည်းထူထောင် သွားမည်” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


 

“ဆိုလိုတာက ကျောင်းသားတွေအတွက် အကျိုးရှိတဲ့ ပြုပြင်ပြောင်းလဲမှု လက်တွေ့မှာ မတွေ့ရဘူး။ ဆရာaတွအတွက်လည်း ပြုပြင်ပြောင်းလဲမှု မတွေ့ရဘူး။ ပညာရေးဆွေးနွေးပွဲတွေတော့ လုပ်နေတာရှိပေမယ့် ပြည်သူလူထုပါဝင်တဲ့ ဆွေးနွေးပွဲမျိုး မဟုတ်ဘူး”

ဇန်နဝါရီလ ၈ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “အစိုးရသစ်လက်ထက် ပညာရေးစနစ် အကျိုးရှိတဲ့ ပြောင်းလဲမှုတွေ မတွေ့ရသေးဘူး” သတင်းမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပညာရေးကွန်ရက်မှ ဥက္ကဌ ဒေါက်တာသိန်းလွင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဘားအံ့ဆွေးနွေးပွဲကနေ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဖြစ်ဖို့ဆိုရင် လိုအပ်ချက်တွေ အများကြီး ရှိပါ တယ်။ တစ်ကယ်လို့ အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုရင် ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမယ့် အာမခံချက်ရှိရမယ်။ နောက်တစ်ချက်က လက်နက်ကိုင် ပဋိပက္ခကို ပြန်မသွားနိုင်တဲ့ အာမခံချက်ရှိရမယ်။ နောက်ပြီးတော့ တာဝန်ရှိတဲ့ တကယ်အာမခံနိုင်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ ပါဝင်ပြီးတော့ လက်မှတ်ထိုးရမယ်”

ဇန်နဝါရီလ ၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်ရန် လိုအပ်ချက်များစွာ ရှိနေဟု KNU ပြောကြား” သတင်းမှ ပဒိုစောကွယ်ထူး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment