Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒီလိုပေါ်လာရင်လည်း အဆောက်အအုံက အရေးမကြီးပါဘူး။ အစည်းအဝေးဆိုတာ ဘယ်နေရာမှာ လုပ်လုပ် ရပါတယ်။ လက်တွေ့အနှစ်သာရက တကယ်တာဝန်ခံပြီး လုပ်မယ့်အဖွဲ့၊ တကယ် အလုပ်လုပ်မယ့်သူမှသာ အရေးကြီးတာပါ။ ဆရာ ကတော့ အဲလိုပဲ ခွဲခြားပြီး မြင်ပါတယ်”

ဇန်နဝါရီလ ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ် အတွဲ (၁၀) အမှတ် (၂) တွင်ပါရှိသော “ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနဖွင့်လှစ်ရန် စီစဉ်” သတင်းမှ ဦးဝင်းမျိုးသူ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အစိုးရဝန်ထမ်း လစာတိုးလို့ဖြစ်လာနိုင်တဲ့ ကုန်ဈေးနှုန်းတက်တာတွေကို ပြည်သူလူထုက ခါးစည်းခံရမှာ။ အစိုးရသုံးတဲ့ငွေ တွေဆိုတာ ပြည်သူ့ငွေတွေပဲလေ။ စာရင်းစစ်တွေ၊ လုပ်ငန်းစစ်တွေ တင်ပြတဲ့ စာရွက်တွေလောက်ပဲ လွှတ်တော် ကိုယ်စားလှယ်က ကြည့်နေကြရတာ။ အသေးစိတ်ဘာမှ စစ်ဆေးလို့မရတော့ ကျနော်တို့ တာဝန်မကျေဘူး။ အစိုးရပေးတာ ကိုပဲ ကြည့်ပြီး အတည်ပြုလိုက်ရသလို ဖြစ်နေတယ်”

ဇန်နဝါရီလ ၁၂ ရက်နေ့ထုတ် The Irrawaddy Journal အတွဲ (၁) အမှတ် (၂) တွင်ပါရှိသော “အစိုးရဝန်ထမ်း လစာတိုးမြှင့်မှု လွှတ်တော် အတည်ပြုမည်” သတင်းမှ အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ဦးဖုန်းမြင့်အောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အဖွဲ့ချုပ်ဥက္ကရဲ့ သဘောထားကတော့ ရှင်းလင်းပြတ်သားပါတယ်။ Contract ကိုလေ့လာမယ်။ စီမံကိန်းကို ပြန်လည်သုံးသပ်မယ်။ ညှိနှိုင်းဆွေးနွေးမယ်။ ပြည်သူလူထုကိုပွင့်လင်းမြင်သာစွာ အသိပေးမယ်။ အမျိုးသားရေးနှင့် နိုင်ငံတကာ သဟဇာတ ဖြစ်ရေးကို ရှေးရှုမယ်။ ဧရာဝတီမြစ်ကို ကာကွယ်လိုသူများအားလုံး စိုးရိမ်စိတ်များ ဖြေဖျောက်နိုင်မယ့် အဖြေတစ်ရပ်ကို ပူးပေါင်းရှာဖွေမယ်လို့ ယတိပြတ်ပြောထားပါတယ်။ ဒီထက်တိကျတဲ့ စကားလည်းမရှိပါ”

ဇန်နဝါရီ ၁၂ ရက်နေ့ထုတ် The Reporter Journal အမှတ် (၅၄) တွင် ပါရှိသော “မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားရေးနှင့် နိုင်ငံတကာ သဟဇာတ ဖြစ်ရေးအား ရှေးရှု ကြောင်း ဦးဝင်းမြင့်ဆို” သတင်းမှ ဦးဝင်းမြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ ခုနကပြောသလိုပေါ့ သယံဇာတခွဲဝေမှုတွေကို နောင်လည်းလုပ်ရမှာပဲလေ။ အဲ့ဒီတော့ အခုကတည်းက ခွဲဝေမှုရှိတယ်ဆိုတာကို ပြတဲ့အနေနဲ့ အစပျိုးဖို့လိုတယ်။ ဒါဟာ ငြိမ်းချမ်းရေး အတွက် တွန်းအားပေးရာ ရောက်ပါတယ်။ နှစ်ခြောက်ဆယ် ပြည်တွင်းစစ်ဟာ တိုင်းရင်းသားလူနည်းစုတွေနဲ့ ကြားမှာ သံသယတွေကို ဖြစ်စေတယ်။ လူမျိုးစုတွေရဲ့ စိတ်ထဲ marginalize ပေါ့ဗျာ။ အုပ်ချုပ်ရေးမှာလည်း marginalize အပစ်ပယ်ခံရတယ်။ သယံဇာတမှာလည်း အပစ်ပယ်ခံရတာကို အမြန်ဆုံးဖြေရှင်းဖို့တော့ လိုပြီ။ စစ်မှန်တဲ့ စိတ်စေတနာတွေ တာဝန်ခံမှု၊ တာဝန်ယူမှုတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှသာလျှင် Peace Building ပီပြင်လာလိမ့်မယ်”

ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် Hot News Journal အတွဲ (၄) အမှတ် (၁၇၄) တွင် ပါရှိသော “ငြိမ်းချမ်းရေး အတွက် သယံဇာတအရင်ခွဲပေးလိုက်ဟု ဦးခင်အောင်ဆွေဆို” သတင်းမှ ဦးခင်မောင်ဆွေ ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


 

“NNER (ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) ရဲ့ ရပ်တည်ချက်က ပညာရေး ပြုပြင်ပြောင်းလဲရေးမှာ ပြည်သူလူထုက ပါဝင်ရမယ်။ ပြည်သူလူထု အကြံပေးချက်အပေါ်မှာ ရေးဆွဲတဲ့ မူဝါဒ ဖြစ်ရမယ်။ အစိုးရဘက်က ပြည်သူကို ကိုယ်စားပြုတာမတွေ့ရဘူး။ အစိုးရဘက်ကို ဖြစ်စေချင်တာက ပြည်သူလူထုက လိုလားတဲ့ မူဝါဒဖြစ်အောင် လုပ်ဖို့တိုက်တွန်း ချင်ပါတယ်”

ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် Unity Journal အတွဲ (၃) အမှတ် (၂) တွင်ပါရှိသော “ပြည်သူလိုလားသည့် ပညာရေးမူဝါဒ အကောင်အထည်ဖော်ရန်ရှိ” သတင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ဦးသိန်းလွင် ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment