Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

စီးပွားရေးပတ်ဝန်းကျင် သိသိသာသာ တိုးတက်မှုရှိလာသော တစ်ခုတည်းသော မြန်မာနိုင်ငံ

(International Business Times မှ 8 January 2014 ရက်စွဲပါ “Doing Business in Myanmar: The Only country to significantly improve its business environment” သတင်းကို ဘာသာပြန်ဆိုသည်)

စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရန် ခက်ခဲသော တိုင်းပြည်ဖြစ်နေပြီး၊ အိမ် ခြံ မြေ ဈေးနှုန်းများ ရက်ရက်စက်စက် မြင့်တက်ခေါင်ခိုက်နေသော်ငြားလည်း မြန်မာနိုင်ငံသည် စီးပွားရေးပတ်ဝန်းကျင်ကောင်းကို ဖန်တီးရာတွင် ကောင်းစွာတိုးတက် မှုရှိအောင် ထင်ထင်ရှားရှားပြုလုပ်လျက်ရှိသည်ဟု နောက်ဆုံးထုတ် အစီရင်ခံစာတစ်စောင်က ဆိုပါသည်။

ကမ္ဘာလုံးဆိုင်ရာ အန္တရာယ် ပြဿနာဆန်းစစ်မှုလုပ်ငန်း Maplecroft က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော နှစ်စဉ်ဥပဒေ ရေးရာ နှင့် သဘာဝပတ်ဝန်းကျင ထိခိုက်နိုင်ခြေ အန္တရာယ် ဆန်းစစ်မှု အစီရင်ခံစာ Legal and Environment Risk Atlas တွင် စီးပွားရေး ပတ်ဝန်းကျင်ကောင်းမွန်သော နိုင်ငံများစာရင်းကို ဖော်ပြထားသည်။

ယူကေ အခြေစိုက် ကုမ္မဏီ Maplecroft က လွန်ခဲ့သော ငါးနှစ်အတွင်း သော့ချက်ပြဿနာများ ဖြေရှင်းခြင်း၊ ဥပဒေနှင့် စည်းကမ်းပိုင်းဆိုင်ရာ ဖရိမ်ပုံစံကိုအချောသတ်ပြင်ဆင်ခြင်းတို့ဖြင့် စီးပွားရေးပတ်ဝန်းကျင်ကို ကောင်းကောင်း တိုးတက်မှုရှိအောင် ပြုလုပ်ခဲ့ကြသော နိုင်ငံများအဖြစ် မြန်မာနိုင်ငံနှင့်အတူ ဆီနီဂေါ၊ ဂွါတီမာလာ၊ မိုဇမ်ဘစ်၊ ရဝမ်ဒါ တို့ကို စာရင်း သွင်းဖော်ပြလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ငါးနိုင်ငံစလုံးသည် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု အားကောင်းစေရန်၊ စည်းကမ်းပိုင်းဆိုင်ရာ အဟန့်အတားများ လျှော့ချရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရန်၊ ဥပဒေစိုးမိုးမှုတိုးတက်လာစေရန် ဆောင်ရွက်ချက်များ အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အားပေးရာတွင် တိုးတက်မှုရှိခဲ့သည့်အတွက်လည်း အသိအမှတ်ပြု ချီးကျူးခြင်းခံရသည်။

အထူးသဖြင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ၂၀၁၁ ခုနှစ်ရောက်မှ အာဏာရလာသော အရပ်ဖက် အစိုးရ၏ အဓိက ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်မှုကြောင့် မနှစ်ကမှ စီးပွားရေးပတ်ဝန်းကျင် တိုးတက်မှု ရှိလာခဲ့ သော တစ်ခုတည်းသော နိုင်ငံအဖြစ် ထွက်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှု များတွင် နိုင်ငံခြားသား ပိုင်ဆိုင်မှု အတိုင်းအတာနှင့် မြေငှားရမ်းမှု စည်းကမ်းများကဲ့သို့သော အရေးကြီးကိစ္စရပ်များကို စတင် ကိုင်တွယ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ၂၀၁၃ မတ်လတွင် အကောင်အထည်ဖော်ခြင်း၊ ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးမှုကို အားပေးခြင်းတို့ ပါဝင်ပါသည်။

အာဏာရှင် အုပ်ချုပ်မှု နှစ်ပေါင်း ၅၀ အတွင်း ခြုံးခြုံးကျသွားသော တိုင်းပြည်၏ စီးပွားရေးအင်ဂျင်ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် အသစ်ပြန်လဲတပ်ဆင်ရန် မြန်မာအစိုးရက ကြိုးစားနေခြင်း ဖြစ်သည်။ လူထုဆန္ဒဖြင့် တင်မြှောက်ထား သည်ဟု ဆိုကြသော မြန်မာလွှတ်တော်က ခရိုနီတို့၏ အကျိုးစီးပွားကို ကာကွယ်သည်ဟု ယူဆရသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟန့်တားသည့် စည်းကမ်းချက်မျာကို ဥပဒေမူကြမ်းတွင် ထည့်သွင်းရန်ကြိုးစားခဲ့သော်လည်း တိုင်းပြည်အကျိုး ကိုသာ ရှေးရှုသည့် သမ္မတ၏ ညွှန်ကြားချက်ဖြင့် ပြန်လည်ပြင်ဆင်ကာ အပြုသဘောဆောင်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ FDI Law အသစ်ကို ပြဌာန်းထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် ဥပဒေစည်းကမ်းပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေများသော တိုင်းပြည်အဖြစ် ဆိုမာလီယာ၊ မြောက်ကိုရီးယား၊ တပ်စ်မင်နစ္စတန်၊ ကွန်ဂိုနိုင်ငံ တို့နောက်တွင် စာရင်းဝင်နေဆဲဖြစ်သော်လည်း ၂၀၁၂ ခုနှစ်က လုံးဝအန္တရာယ် အရှိဆုံးနိုင်ငံ အဖြစ်မှ ရှည်လျားစွာ တက်လှမ်းလာခဲ့ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် Maplecraf ၏ အမှတ်ပေးစနစ်တွင် ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ရာ၊ အလယ်အလတ်ပြောင်းလဲမှုဟု ဆိုနိုင်သော်လည်း နိုင်ငံအနေ ဖြင့်မူ စီးပွားရေးကဏ္ဍတွင် သိသာထင်ရှားသော တိုးတက်မှုများကို ရရှိနေပြီး ဖြစ်ပါသည်။

အကယ်၍ မြန်မာနိုင်ငံသည် လက်ရှိတစ်ဟုန်ထိုးပြောင်းလဲလာမှုကို စဉ်ဆက်မပြတ်အောင် ထိန်းထားနိုင်ပါက လာမည့်တစ်နှစ်မှ သုံးနှစ်အတွင်း အန္တရာယ်အများဆုံးစာရင်းမှ လွတ်ကျွတ်သွားနိုင်ဖွယ်ရှိသည်ဟုပင် Maplecroft က သုံးသပ်ထားသည်။

ယခုနှစ်၏ အန္တရာယ်အများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ဆီးရီးယား၊ ဗဟိုအာဖရိက ရီပတ်ဗလစ်၊ တောင်ဆူဒန်၊ အီရီထရီးယား၊ အာဖဂန်နစ္စတန် စသော နိုင်ငံများ ပါဝင်ကြသည်။

အာရှစီးပွားရေး၏ နောက်ဆုံးပေါ် အပျိုပေါက်ကလေးဟု သတင်းမွှေးနေသော မြန်မာနိုင်ငံအနေဖြင့် ယခင် တပ်မတော် အစိုးရလက်ထက်က တက်တက်စင်အောင် လွဲမှားနေသော မူဝါဒများ၊ စီမံခန့်ခွဲမှုများ၊ အမူအကျင့်များကို အပွင့်လင်းဆုံး ဝန်ခံကာ အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်သည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment