Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အဲဒီ ပုဂ္ဂလိကလက်ထဲမှာလည်း ဗိုလ်ကြီးလိုလို၊ ဗိုလ်မှူးလိုလိုဆိုတော့ ဗိုလ်ကြီး၊ဗိုလ်မှူးက သိမ်းတယ်ဆိုရင် စစ်တပ်ကလို့ပဲ အောက်မေ့မိတယ်။ နောက်တော့ မဟုတ်ဘူး။ အဲဒါက ပင်စင်စားဖြစ်နေပြီး ထောင်မှူး၊ထောင်ပိုင် ရဲ့ မိန်းမဆီက ဖြစ်နေတယ်။ အဲဒီလို ကွက်ပျောက်ပေါ့။ ဌာနဆိုင်ရာသိမ်းထားတယ်ဆိုတဲ့ ပုံစံမျိုးလုပ်ပြီးတော့ ကိုယ်ပိုင်သိမ်းပစ်လိုက်တဲ့ ပုံစံမျိုးတွေ့ရတယ်”

ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ် အမှတ် (၃၉၁) တွင်ပါရှိသော “လယ်ယာမြေ သိမ်းဆည်းမှု တချို့မှာ ကွက်ပျောက်ပုံစံ သိမ်းဆည်းမှုမျိုးလည်းရှိ” သတင်းမှ ဦးခိုင်မောင်ရည် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဆရာမ၊ ဆရာတွေ အရည်အသွေးတိုးတက်မြင့်မားဖို့အတွက် သီးခြားလုပ်ငန်းစဉ်တစ်ခုအနေနဲ့ အလေးအနက် ထား ဆောင်ရွက်နေတယ်။ အလားတူပဲ နိုင်ငံခြားနဲ့ဆက်သွယ်ပြီးတော့မှ ဆရာ၊ဆရာမတွေရဲ့ အရည်အသွေး တက်လာအောင်လဲ ကဏ္ဍတစ်ခုအနေနဲ့ ပိုပြီးတော့ စဉ်းစားဆောင်ရွက်နေတယ်။ ကျောင်းသူ ကျောင်းသား တွေရဲ့ အရည်အသွေးတိုးတက်ရေးကိုလည်း စဉ်းစားဆောင်ရွက်နေတယ်”

ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ် အမှတ် (၃၉၁) တွင်ပါရှိသော “ပညာရေးစနစ် အပြင်မှာ တကယ်ချိတ်ဆက် သုံးနိုင်အောင် ပြုပြင်ပြောင်းလဲမည်” သတင်းမှ အဆင့်မြင့်ပညာရေး ဦးစီးဌာန (အောက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နဝတ၊နအဖက လူတွေနေရာယူထားတာတွေ ရှိပါတယ်။ ဒါကလည်း သိပြီးသားတွေပေါ့နော်။ ဘာပဲပြောပြော ဒီဟာက အခြေခံဥပဒေ ရေးဆွဲတုန်းကလည်း အမျိုးသားညီလာခံကျင်းပရေးကော်မရှင်မှာ ဝန်ကြီးတွေပါသလို အခုလည်း အုပ်ချုပ်ရေး ပိုင်းမှာပါနေတာဆိုတော့ ဒီနှောင်ကြိုးလေးတွေက အရင်ကနေအခုထိ သယ်လာသလို ဖြစ်နေတဲ့အတွက် ဒီမိုကရေစီကို မသွားနိုင်သေးပါဘူး။ ဒီမိုကရေစီစံနှုန်းတွေနဲ့လည်း မညီသေးဘူး။ တကယ့် ဒီမိုကရေစီ နိုင်ငံတော်မှာဆိုရင် လွှတ်တော်မှာ ပြည်သူကရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပဲ ပါရမယ်ဆိုတာ ရှိပါတယ်။ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ထဲ မှာလည်း တပ်မတော်သားမရှိရဘူးလို့ မဆိုလိုပါဘူး။ လူနည်းစုတော့ ဖြစ်မှာပေါ့နော်။ လွှတ်တော်ထဲမှာက ပြည်သူကရွေးတဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ် တော် အဲလိုဖြစ်ရမှာပေါ့ဗျာ။ လွှတ်တော်ထဲမှာက ပြည်သူတွေ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ တက်ရမှာပေါ့။ ဒါမှ ဒီမိုကရေစီရဲ့ အခြေခံမူဖြစ်မှာ”

ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ (၂) အမှတ် (၄၄) တွင် ပါရှိသော “ဒီမိုကရေစီ နိုင်ငံအခြေခံအုတ်မြစ် မချနိုင်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ တပ်မတော်အခန်းကဏ္ဍ ထည့်သွင်းထားခြင်း ကြောင့်ဟု NLD ဗဟိုကော်မတီဝင် ပြောကြား” သတင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီလိုမတက်ရောက်ဖြစ်တာကလည်း KIA နဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲပြဿနာတွေကြောင့် မဟုတ်ပါဘူး။ ကျွန်တော် တို့ကတော့ နှစ်ဦးနှစ်ဖက် ထိရောက်တဲ့ ဆွေးနွေးမှုတွေရှိတာပဲ လိုချင်တယ်။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခွင့်အရေး တွေအတွက် ပွင့်လင်းမြင်သာမှုတွေရှိမှ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မှာပါ။ အစိုးရ အနေနဲ့ တံခါးကို ကျယ်ကျယ် ဖွင့်ထားပေးဖို့ လိုပါတယ်”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် News Watch Journal အတွဲ (၈) အမှတ် (၃၂) တွင်ပါရှိသော “ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဘားအံ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်မည်မဟုတ်” သတင်းမှ ‘ဝ’ ပြည် အထွေထွေ အတွင်းရေးမှူး ဦးဆိုင်ပေါင်းနပ် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြည်ထောင်စုအစိုးရအနေနဲ့ ဒီဒုက္ခသည်တွေကို ကူညီပံ့ပိုးပေးရမယ့် အစီအစဉ်တွေလည်း ရှိနေတယ်။ KNPP နဲ့လည်း ဆွေးနွေးနေတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကူညီချင်တယ်။ အဲဒီမှာ ကျွန်တော်တို့ တစ်ခုတည်းလိုနေတာက အင်အားဘယ်လောက်နဲ့ ဘယ်အချိန်မှာ ဘယ်လမ်းကြောင်းက ပြန်လာမှာလဲ။ အဲဒါ အဓိကပဲ။ ဒါကိုသိမှ လုပ်ရတာလည်း လွယ်မယ်”

ဇန်နဝါရီလ ၁၂ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၂) အမှတ် (၃) တွင်ပါရှိသော “အစိုးရထောက်ပံ့မှု မလုံ လောက်မှာကို ကရင်နီဒုက္ခသည်များ စိုးရိမ်” သတင်းမှ ကယားပြည်နယ်အစိုးရ စီမံရေးရာဝန်ကြီး ဦးတော့ရယ် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment