Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

မြန်မာနိုင်ငံတွင် နောက်ထပ် ဟိုတယ်ဇုန်များ ထူထောင်ရန် ခွင့်ပြု

(Xinhua မှ 9 Jan 2014 ရက်စွဲပါ “Myanmar allows establishment of more hotel zones”  သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဟိုတယ်ခန်းလိုအပ်ချက် ကြီးထွားလာခြင်းကို ကိုင်တွယ်ရန် ကြိုးစားသည့်အနေဖြင့် နိုင်ငံတွင်း ဒေသသုံးခုတွင် နောက်ထပ်ဟိုတယ်ဇုန်များ ထူထောင်လုပ်ကိုင်ရန် မြန်မာအစိုးရဟိုတယ်၊ ခရီးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပြီဟု ခရီးသွား လုပ်ငန်းသတင်းရပ်ကွက်က ပြောကြားသည်။

မြန်မာနိုင်ငံ၌ ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သော ရန်ကုန်၊ မန္တလေး၊ တနင်္သာရီဒေသ များတွင် နောက်ထပ် ဟိုတယ်ဇုန် ၁၁ ခု ပေါ်ထွက်လာမည်ဟု ဆိုသည်။

ပြုပြင်ပြောင်းလဲရေးခေတ်သို့ ဝင်ရောက်လာပြီးနောက်ပိုင်း တစ်ဟုန်ထိုး အရှိန်တက်လာသည့် ခရီးသွား လုပ်ငန်း ကဏ္ဍအတွက် ယခု ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၆၂ သန်း ရင်းနှီးမြှုပ်နှံခဲ့သည်ဟုလည်း သိရှိရသည်။

ထိုအတောအတွင်း ၂၀၁၃ ခုနှစ်ပထမ ၇ လအတွင်း မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သော ခရီးသွား ဧည့်သည် အရေအတွက် စုစုပေါင်း ၃၁၈,၅၄၃ ဦး ရှိခဲ့သည်ဟုလည်း တရားဝင်ကိန်းဂဏန်းများက ဆိုပါသည်။

ဇန်နဝါရီလအတွင်း ပုဂံနှင့်မန္တလေးတွင် ကျင်းပတော့မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ဧည့်သည်အမြောက်အများ ရောက်ရှိလာကြဦးမည်ဖြစ်၍ ယခုနှစ်အတွင်း လာရောက်လည်ပတ်သူ အရေအ တွက် တိုးပွားလာဦးမည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၂ တွင် ခရီးသွားဧည့်သည် တစ်သန်းခန့် လာရောက်လည်ပတ်ခဲ့ကြပြီး ၂၀၁၄ တွင် ဧည့်သည် သုံးသန်းခန့်အထိ ဝင်ရောက်လာကြမည်ဟု မြန်မာနိုင်ငံက မျှော်လင့်ထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment