Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

(10  January 2014 ရက်စွဲပါ UN News Centre မှ UN rights office praises Myanmar for commuting all death sentences ကို ဘာသာပြန်ဆိုသည်)

(10 January 2014 ရက်စွဲပါ The Copenhagen Post မှ Denmark forgives Myanmar debt ကို ဘာသာပြန်ဆိုသည်)


ကုလ လူ့အခွင့်အရေးရုံးက မြန်မာနိုင်ငံ၏သေဒဏ်ကို အစားထိုး လျှော့ပေါ့ခြင်းအတွက် ချီးကျူး

(10  January 2014 ရက်စွဲပါ UN News Centre မှ UN rights office praises Myanmar for commuting all death sentences ကို ဘာသာပြန်ဆိုသည်)

ယနေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောကြားရာတွင် မြန်မာနိုင်ငံက သေဒဏ်ပေးခြင်းကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြင့် အစားထိုးခြင်းသည် သေဒဏ် ပေးခြင်း ၊ ပယ်ဖျက်ခြင်းကို ဦးတည်ရန် မျှော်လင့်သည်ဟု ဆိုပါသည်။

သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ (၂) ရက်နေ့က ကြေညာရာတွင် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် သေဒဏ်များကို ထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ လည်းကောင်း၊ တချို့ ပြစ်ဒဏ်များကိုလည်း လျှော့ချခြင်းဖြင့် လည်းကောင်း လူသားချင်းစာနာသော အကြောင်းကို အခြေပြု၍ လျှော့ပေါ့ ပေးခဲ့သည်ဟု ဆိုပါသည်။

"ကျွန်တော်တို့ အနေနဲ့ မြန်မာသမ္မတရဲ့ အမိန့်ကို နွေးထွေးစွာ ကြိုဆိုပါတယ်" ဟု ကုလ သမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင်နာမင်းကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville က သတင်းထောက်များသို့ ဂျီနီဗာတွင် ပြောကြားခဲ့ပါသည်။

ယခုလုပ်ဆောင်မှုသည် အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာသော နိုင်ငံတစ်ခုအတွက် အရေးပါကြောင်း ၊ မြန်မာနိုင်ငံတွင် ၁၉၈၉ မှ စ၍ သေဒဏ် မပေးခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါသည်။

"ဒီခြေလှမ်းဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အတွက်ရော ဒေသတွင်းနဲ့ တခြား နိုင်ငံများအတွက်ပါ အပေါင်း လက္ခဏာ ဆောင်တဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်" ဟု Mr.Colville က ကုလ သမဂ္ဂ လူ့အခွင့်အရေး မဟာ မင်းကြီးရုံး (OHCHR) ကိုယ်စား ပြောကြားခဲ့ပါသည်။


ဒိန်းမတ်က မြန်မာနိုင်ငံအပေါ် အကြွေးဟောင်းလျှော်

(10 January 2014 ရက်စွဲပါ The Copenhagen Post မှ Denmark forgives Myanmar debt ကို ဘာသာပြန်ဆိုသည်)

ယမန်နေ့က သမ္မတ ဦးသိန်းစိန်နှင့် ဒိန်းမတ် ဖွံ့ဖြိုးရေးဝန်ကြီး Rosmus Helveg Peterson တို့ တွေ့ဆုံဆွေးနွေး အပြီးတွင် မြန်မာနိုင်ငံက ဒိန်းမတ်အပေါ် တင်ရှိနေသော ကြွေး ၂၉၅ ခရိုနာ (kroner) ကို တရားဝင် လျှော်ပစ်ခဲ့ပါသည်။

"ဒိန်းမတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အပေါင်းလက္ခဏာ ဆောင်တဲ့ တိုးတက်မှုကို ထောက်ခံတယ် ဆိုတာ မြန်မာပြည်သားတွေကို အရေးကြီးတဲ့ သတင်း စကားပါးတာပါပဲ"ဟု Petersen က ပြောပါသည်။

"ကျွန်တော်တို့ ကြွေးမြီတွေ လျှော်ပစ်လိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ အရမ်းလိုအပ်နေတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး ၊ ကျောင်းနဲ့ လမ်းတွေမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အရင်းအမြစ်တွေ တံခါးဖွင့်ပေး ပါလိမ့်မယ်" ဟု ၎င်းက ပြောပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ယခု လျှော်ပစ်ခဲ့သော ကြွေးအများစုမှာ နှစ်ပေါင်း သုံးဆယ် ကြာပြီ ဖြစ်သော အစိုးရချေးငွေများ ဖြစ်ပြီး ငါးဖမ်းလှေများကို စုံစမ်းထောက်လှမ်းသည့် ဒိန်းမတ်လုပ် သဘောင်္ များ ဝယ်ယူရန် ချေးခဲ့ခြင်းဖြစ် သည်ဟု ဆိုပါသည်။

"အချိန်ကတော့ ကွက်တိပါပဲ။ မြန်မာနိုင်ငံအနေနဲ့ ဆင်းရဲတဲ့ ပြည်သူတွေကို အကျိုးရှိအောင် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်မှာ ကြွေးဟောင်းတွေကြောင်း ဝန်ထုပ်ဝန်ပိုး မရှိသင့်တော့ပါဘူး" ဟု Petersen က ပြောပါသည်။ "ကြွေးမြီ လျှော်ပစ်တာက ကျွန်တော်တို့က မြန်မာနိုင်ငံ နဲ့ အခြား ဆင်းရဲတဲ့ တိုင်းပြည်တွေကို ငွေ ထောက်ပံ့ခြင်း မပြုဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး" ဟု ၎င်းက ဆိုပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment