Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“လူ့အခွင့်အရေးဆိုတာ ပြည်သူတွေဆီက လာတာပါ။ ပြည်သူတွေဆီက လာတဲ့အသံကို ဆုံးဖြတ်မယ်။ ကာကွယ် စောင့်ရှောက်မယ့်သူဟာလည်း ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့သူ ဖြစ်စေချင်တယ်။ အာဆီယံ ဒေသတွင်း နိုင်ငံ တွေမှာ ဒီမိုကရေစီကူးပြောင်းပြီး ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာတော့ လူ့အခွင့်အရေး ကိုယ်စားလှယ်လောင်းတွေ လူထုက ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတယ်”

ဇန်နဝါရီလ ၁၃ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်း လာမည့်ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်”  သတင်းမှ အာဆီယံဆိုင်ရာ မြန်မာ့ အရေး လှုပ်ရှားဆောင်ရွက်နေသူများအဖွဲ့မှ ဒေါ်ခင်ဥမ္မာ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လာဘ်ပေး၊လာဘ်ယူ ပပျောက်ဖို့ဆိုရင် လာဘ်ပေးလာဘ်ယူ ဥပဒေရှိတယ်။ လာဘ်ပေး၊လာဘ်ယူ ပပျောက်ရေး ကော်မရှင် လည်းရှိတယ်။ ဒါပေမဲ့ ဥပဒေရှိတာကို ဥပဒေအတိုင်းမဆောင်ရွက်လို့ တရားဥပဒေမစိုးမိုးနိုင် တာပါ။ လာဘ်စားရင် အရေးယူရမယ်။ တရားဆွဲရမယ်။ ပြစ်ဒဏ်ပေးရမယ်။ အဲဒီလို ဥပဒေအတိုင်း မလုပ်ဘဲ ပင်စင်ပေးတာတို့၊ နယ်ပြောင်း တာတို့က နေရာသစ်မှာ စားကျက်သစ်ပေးလိုက် သလိုပါပဲ"

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် ပြည်သူ့ဆန္ဒ ဂျာနယ် အတွဲ (၁) အမှတ် (၄၄) တွင်ပါရှိသော “အကျင့်ပျက် ခြစားနေသည့် တရားသူကြီးများအား ထောင်ထဲသို့ပို့သင့်ဟု ဦးသိန်းညွန့်ပြော” သတင်းမှ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိမှသာလျှင် ကချင်ပြည်နယ်တစ်ခုလုံးဟာ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပြီး၊ အခုအချိန် အခါမှာ ပြည်သူပြည်သားများအနေဖြင့် ငြိမ်းချမ်းရေးကို လွန်စွာမျှော်လင့်တောင့်တလျက် ရှိပြီး၊ ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိ ရေးဟာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ကြီးမားတဲ့ဆန္ဒလည်း ဖြစ်ပါတယ်။ ဒေသအတွင်းမှာ ထာဝရတည်ငြိမ် အေးချမ်းမှုမရှိရင် ဖွံ့ဖြိုးမှုအရှိန်ရပ်တန့်နေမှာ ဖြစ်တဲ့အတွက် ယနေ့တက်ရောက် လာကြတဲ့ တိုင်းရင်းသားပြည်သူ အားလုံးက ငြိမ်းချမ်းရေး ရရှိရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါ တယ်”

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၃၃) တွင် ပါရှိသော “ကချင်ပြည်နယ် မငြိမ်းချမ်းပါက ဒေသတိုးတက်မည် မဟုတ်ဟု ဝန်ကြီးချုပ် သုံးသပ်” သတင်းမှ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ ဒီအစိုးရသက်တမ်းအတွင်းမှာ မြေယာနှင့်ပတ်သက်တဲ့ မှုခင်းကိစ္စများကို ပြီးပြတ်အောင် လက်ရှိ မြေအသုံးချထားတဲ့ သူတွေကလည်း တရားဝင်မြေလွှဲမိတ္တူတွေနဲ့ ပြည့်စုံအောင်လုပ်ထားရမယ်။ ပြန်ပေးမယ် ဆိုတဲ့ မြေများကိုလည်း မူလပိုင်ရှင်များထံ အမည်ပေါက်အောင် လုပ်ပေးရမယ်။ အဲဒီလို ပြတ်အောင်မလုပ် ခဲ့ရင် နောက်တစ်ခါ ဒီကိစ္စတွေကို ပြန်လည်ဖြေရှင်း နေရဦးမယ်။ ဒါ့ကြောင့် လုပ်ငန်းတွေကို ပြီးပြတ်အောင် ဆောင်ရွက်ဖို့ လိုပါတယ်”

ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၆) အမှတ် (၃) တွင် ပါရှိသော “လက်ရှိ အစိုးရ သက်တမ်းအတွင်း လယ်ယာမြေသိမ်းဆည်းမှုများကို အပြတ်ရှင်းပေးမည်ဟု ပြည်ထဲရေး ဒုဝန်ကြီးဆို” သတင်း မှ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ကျွန်တော်တို့ အားလုံးသွားနိုင်တဲ့ အခြေအနေတစ်ခုကို ဘုံထုတ်လိုက်မယ်ဆိုရင် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တစ်ခု ဖြစ်ပါလိမ့်မယ်။ ပန်းတိုင်ကတော့ ကျွန်တော်တို့ တူတယ်ဆိုရင် ရှေ့ဆက်ပြီး ဘယ်လို လက်တွဲကြမလဲဆိုတာကို စဉ်းစားဖို့ ကျန်ပါလိမ့်မယ်။ အဲဒီမှာ နှစ်မျိုးရှိပါလိမ့်မယ်။ ရွေးကောက်ပွဲဝင်ပြီးတော့ လွှတ်တော်ထဲကို ဝင်ကြမယ်။ အဲဒါက တစ်ပိုင်း၊ နောက်တစ်ပိုင်းက ဒီလွှတ်တော်ပြင်ပမှာလည်း အင်အားစုတွေက ရှိနေပါလိမ့်မယ်။ အကြောင်းကြောင်းကြောင့် လွှတ်တော်ထဲ မဝင်သော်လည်းပဲ ကျွန်တော်တို့ ပြည်ထောင်စု တစ်ခုလုံးအတွက် အလုပ်လုပ်ချင်ကြတဲ့ အင်အားစုတွေဟာ လွှတ်တော်တွင်း ရောက်သွားသူတွေနဲ့ ဟန်ချက်ညီဖို့ လိုတယ်”

ဇန်နဝါရီလ ၁၃ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၉) အမှတ် (၁၄) တွင် ပါရှိသော “လွှတ်တော် ပြင်ပရှိ အင်အားစုများအနေဖြင့် လွှတ်တော်တွင်းရှိသူများနှင့် ဟန်ချက်ညီလိုအပ်ကြောင်း ၈၈ မျိုးဆက်အဖွဲ့ ခေါင်းဆောင်များ ပြောကြား” သတင်းမှ ဦးမင်းကိုနိုင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment