Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အာဆီယံ ၁၀ နိုင်ငံအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းစေတဲ့ အကြောင်းတရားတွေကို မြန်မာနိုင်ငံ ဦးဆောင်ပြီး ချမှတ်ပေးနိုင်ဖို့အတွက် အာဆီယံဘက်ကလည်း မျှော်လင့်ထားတယ်။ ဒေသကိုလည်းကောင်းအောင် လုပ်ပေးရမယ်။ အာဆီယံဆိုတာကလည်း ကမ္ဘာပေါ်မှာ ကမ္ဘာ့စီးပွားရေးမှာ ကမ္ဘာ့နိုင်ငံရေးမှာ အင်မတန်တကယ့်ကို rising star ပဲ အဲဒီက နေပြီးတော့ ကမ္ဘာ့စီးပွားရေးကို အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ် အတွဲ (၃) အမှတ် (၄၁) တွင် ပါရှိသော “အာဆီယံ စီးပွားရေး အဆင့်မြင့် အစည်းအဝေးကနေ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုရရှိလာမယ် မျှော်လင့်” သတင်းမှ နိုင်ငံခြားစီးပွားရေး ဆက်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“စီမံချက်ကစနေပြီ။ နိုင်ငံတကာရဲ့ အကူအညီတွေယူမယ်။ ၂၀၁၅ မှာ ၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မယ်လို့ ခန့်မှန်းထားတယ်။ နိုင်ငံတော်အစိုးရကလည်း ဆင်းရဲမှုလျှော့ချရေးနဲ့ မြစိမ်းရောင်စီမံကိန်းအတွက် ဘတ်ဂျက်တွေ ချထား ပြီးပြီ။ ဒီနိုင်ငံမှာ ကျေးလက်နေပြည်သူလူထုက ၇၀ ရာခိုင်နှုန်း ရှိတာမို့လို့  ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နယ်ဘက်က အဓိကပါ။ ကျေးလက်နဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး ပြေလည်ဖို့ ရေ၊မီး၊လမ်း၊ တံတား အခြေခံလိုအပ်ချက်တွေ ပြည့်စုံဖို့ လုပ်ဆောင်သွားမယ်။ မီးအတွက် ADB နဲ့ ပူးပေါင်းပြီး အစီအစဉ်တွေ စဆွဲနေတယ်”

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် News Week Journal အတွဲ (၂) အမှတ် (၁၈) တွင် ပါရှိသော “ဆင်းရဲမှု ပပျောက်ဖို့ လုပ်ရခက်တယ် လျော့ပါးဖို့အရင် လုပ်ရမယ်ဆိုတဲ့ သမ္မတကြီး၏ ခေါင်းစဉ်အောင်တွင် မဟာဗျူဟာ ရေးဆွဲ” သတင်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ လူငယ်တွေသည် အနာဂတ်ကို တာဝန်ယူရမယ့်သူတွေ ဖြစ်တယ်။ အနာဂတ်ကို တာဝန်ယူရမယ့် လူငယ်တွေဖြစ်တဲ့အတွက် ငါတို့တွေက နေရာတိုင်းမှာ လူငယ်တွေကို ဖွဲ့စည်းပါ။ လူငယ်တွေကို တာဝန်ပေး ပါ။ လူငယ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် လူငယ်တွေရဲ့ အခန်းကဏ္ဍကို ကျယ်ပြန့် အောင် လုပ်ပေးရမယ်ဆိုပြီး တို့ပါတီမှာ ဆုံးဖြတ်ထားတယ်”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “အရည်အချင်းရှိသည့် လူငယ်များအား ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် လျာထားဟု ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေး မှူး ပြောကြား” သတင်းမှ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သမ္မတလောင်းအရည်အချင်း  သတ်မှတ်ချက်မှာ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စစ်ရေးအမြင်ရှိရမယ် လို့ ပြဌာန်းထား တယ်။ ဒီနေရာမှာ စစ်ရေးအမြင်တစ်ခုတည်းနဲ့ ပြည်တွင်းစစ်ငြိမ်းချမ်းအောင်၊ အေးချမ်းအောင် မစွမ်းဆောင်နိုင်ဘူး ဆိုတာ ဒီနေ့ဖြစ်ရပ်တွေအရ တွေ့မြင်ရပြီး ဖြစ်တယ်”

ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “စစ်ရေးအမြင်ရှိရုံဖြင့် တိုင်းပြည်အေးချမ်းအောင် မဆောင်ရွက်နိုင်ဟု သူရဦးအောင်ကို ပြောကြား” သတင်းမှ ပြည်သူ့လွှတ်တော် တရားစီရင် ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စီစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ သူရ ဦးအောင်ကို ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မေး- သတင်းမီဒီယာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကော်မတီအနေနဲ့ ဘာများဆောင်ရွက်နေပါသလဲ။

ဖြေ- သတင်းမီဒီယာဥပဒေကြမ်းမှ မဟုတ်ဘဲနဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ အခု လုပ်နေပါ တယ်။ အဲ့ဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ အဲဒါကို ဆွေးနွေးတာ တစ်ခုဆောင်ရွက်တာ တစ်ခု ရှိတယ်။ ပြီးတော့ Public Service မီဒီယာနဲ့ ပတ်သက်ပြီးတော့ ဥပဒေကို ညှိနှိုင်းဆွေးနွေးကြတယ်။ ဥပဒေကြမ်းကော်မတီ၊ အစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်နဲ့ အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီ အပါအဝင် ဆွေးနွေးမှုလုပ်နေတယ်။ ဒီ ဥပဒေကြမ်းကို စီစစ်ဆွေးနွေးမှုတွေ လုပ်နေတယ်။ အခု Public Service မီဒီယာက ဆွေးနွေးနေတယ်။ မပြတ်သေးဘူး။ နောက် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ ဆွေးနွေးတဲ့ ကိစ္စလည်း ဆောင်ရွက်နေတယ်လို့ပဲ ပြောလို့ရမယ်။ ကော်မတီထဲ ဆွေးနွေးတာ ဖြစ်တဲ့အတွက် အသေးစိတ်အနေနဲ့ ပြောလို့ မရသေးဘူးပေါ့”

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Venus News Journal အတွဲ (၅) အမှတ် (၂၅) တွင် ပါရှိသော “ပြည်သူ့အာဏာ ပြည်သူလက်ထဲကို တကယ်ရပြီလားလို့ မေးကြမယ်ဆိုရင် မရသေးပါဘူး” အင်တာဗျူးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment