Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

(15 January 2014 ရက်စွဲပါ Channel News Asia မှ Myanmar Steps into international role at ASEAN helm ကို ဘာသာပြန်ပါသည်)

(The Korea herald မှ 14 Jan 2014 ရက်စွဲပါ “Daewoo International to earn W 400 b in Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)


မြန်မာနိုင်ငံက အာဆီယံကို ဦးဆောင်၍ နိုင်ငံတကာ အခန်းကဏ္ဍ သို့ ဝင်ရောက်

(15 January 2014 ရက်စွဲပါ Channel News Asia မှ Myanmar Steps into international role at ASEAN helm ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသည် ပထမဦးဆုံး နိုင်ငံတကာ နိုင်ငံရေး အခန်းကဏ္ဍကို ယခုအပတ်တွင် အာဆီယံအဖွဲ့ကြီးအား အိမ်ရှင်အဖြစ် စတင်လက်ခံခြင်းဖြင့် စတင်ခဲ့ပါသည်။ ယခုအခါ အဖွဲ့ကြီးသည် နယ်မြေ အငြင်းပွားမှုများ ၊ ရည်မှန်းချက် ကြီးသော စီးပွားရေးစုဖွဲ့မှု အစီအစဉ်များဖြင့် ရုန်းကန်နေရခြင်းကြောင့် လိုအပ်သည်ထက် ပိုမို မမျှော်လင့်ကြရန် ပညာရှင်များ က သတိပေးလျက် ရှိပါသည်။

လာမည့် သောကြာနေ့တွင် ရှေးဟောင်းမြို့တော် ပုဂံမြို့၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သာမန် အစည်း အဝေးတစ်ခု ကျင်းပမည် ဖြစ်ပါသည်။

ကာလကြာရှည် အပယ်ခံ ဖြစ်ခဲ့သော မြန်မာနိုင်ငံသည် လွန်ခဲ့သည်သုံးနှစ် စစ်အုပ်ချုပ်ရေး အပြီးတွင် ပြုပြင် ပြောင်းလဲရေးများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံ အများစု၏ အရေးယူမှုများ ရုတ်သိမ်းသွားခဲ့ပြီး နိုင်ငံတကာ၏ ချီးကျုးမှုခံခဲ့ရကာ ရင်းနှီးမြှုပ်နှံမှု အတွက် ကတိကဝတ်များ မြင့်တက်လာခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်က အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများကို ကျင်းပခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ကြီးကို အိမ်ရှင်အဖြစ် လက်ခံ၍ သံတမန် ၊ အစားအသောက်နှင့် သယ်ယူပို့ဆောင် ရေးများ စသည့် စိန်ခေါ်မှုများကို ကောင်းစွာ ကိုင်တွယ်နိုင်မည်ဟု ယုံကြည်မှု ရှိနေပါသည်။ သို့သော် အခြေခံ အဆောက်အဦး မှာမူ ထိရောက်စွာ ဆောင်ရွက်နိုင်သည့် အခြေအနေတွင် မရှိပေ။

"မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ နေရာအတွက် အသင့်ဖြစ်နေပါပြီ"ဟု အမျိုးသား စီမံကိန်းဝန်ကြီး ဌာနမှ အကြီးတန်း တာဝန်ရှိသူ ဦးသန်းထွတ်က ပြောပါသည်။

"အာဆီယံဟာ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေးမှာ ထွန်းတောက်နေဆဲ ကြယ်တစ်ပွင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမှုဟာ ဒီအချက်ကို အထောက်အပံ့ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောပါသည်။ ကိုယ်စား လှယ်များ ကြိုဆိုရန်အတွက် BMW ကား အုပ်စုကိုလည်း လှူဒါန်းထား ကြောင်း ၎င်းက ဖြည့်စွက်ပြောပါသည်။

သြစတြေးလျ၏ Maequarie University မှ တွဲဖက် ပါမောက္ခ Sean Turnell ကလည်း မြန်မာနိုင်ငံ သည် ယခင်က အဖွဲ့ကြီး၏ ပြဿနာနိုင်ငံ ဖြစ်ခဲ့သော်လည်း ယခုအခါ အပေါင်းလက္ခဏာဆောင်သော ထည့်ဝင်မှုများ ပြုလုပ်ရန် ကတိကဝတ်များ ပြုထားကြောင်း ဆိုပါသည်။

"မြန်မာနိုင်ငံအတွက် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူတာနဲ့ ပတ်သက်ပြီး အကြီးဆုံး အန္တရာယ်ကတော့ ရှိသင့်တာထက် ပိုပြီး မျှော်လင့်ချက်တွေ ထားမိကြမှာ ဖြစ်ပါတယ်" ဟု ၎င်းက AFP သို့ ပြောပါသည်။ အရှေ့တောင်အာရှ အားကစားပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းကြောင့် မဟာဗျူဟာ အရေးကြီးသော စိန်ခေါ်မှုတွေကို ကိုင်တွယ်နိုင်လိမ့်မည်ဟု သဘာဝ မကျသော မျှော်လင့်ချက်များ ထွက်ပေါ်လာနိုင်ကြောင်း ၎င်းက ပြောပါသည်။

"နိုင်ငံတကာ အသိုင်းအဝိုင်းက အရင် ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ လာအို ၊ ကမ္ဘောဒီးယား တို့ကို သိပ်ပြီး မျှော်လင့်ချက် မထားခဲ့တော့ မျှော်လင့်ချက်တွေကို လွယ်လွယ်  ကျော်ဖြတ်နိုင်ခဲ့ပါတယ်" ဟု ၎င်းက ပြောပါသည်။

၂ဝဝ၆ ခုနှစ်က အာဆီယံ ဥက္ကဋ္ဌ အတွက် အလှည့်ကျခဲ့စဉ်က လူ့အခွင့်အရေး မှတ်တမ်းများ ၊ စစ် အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်မှု မရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံမှာ ဥက္ကဋ္ဌ နေရာအတွက် လက်ခံခြင်း မပြုနိုင်အောင် ဖိအားပေးခဲ့ကြပါသည်။

မြန်မာနိုင်ငံသည် ယခုနှစ်တွင် ဥက္ကဋ္ဌ နေရာအတွက် စိတ်အား ထက်သန်လျက်ရှိရာ အစိုးရအနေဖြင့် ဒေသတွင်း နှင့် ပြင်ပကမ္ဘာကို တံခါးဖွင့်နေပြီ ဖြစ်ကြောင်း အချက်ပြလိုက်ခြင်း ဖြစ်သည်ဟု အရှေ့တောင်အာရှ ကျွမ်းကျင်သူ Cart Thayer က ပြောကြားခဲ့ပါသည်။

၎င်းက ပြောကြားရာတွင် မြန်မာနိုင်ငံသည် ကြိုတင် သတ်မှတ်ထားသော အစီအစဉ်များ အပေါ်တွင်သာ အစီအစဉ် များအပေါ်တွင်သာ လုပ်ဆောင်နိုင်ဖွယ် ရှိပြီး ဥက္ကဋ္ဌနေရာ အနေဖြင့် မထိန်းသိမ်းနိုင်သည့် အဖြစ်သို့ ရောက်လိမ့်မည် မဟုတ်ဟု ဆိုပါသည်။

သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် အောက်တိုဘာလက ပြောကြားရာတွင် မြန်မာနိုင်ငံဥက္ကဋ္ဌ တာဝန်ယူခြင်း၏ အဓိက အကြောင်းအရာမှာ ငြိမ်းချမ်း၍ သာယာဝပြောသော အသိုင်းအဝန်း အဖြစ် ညီညွတ်စွာ ရှေ့ဆက်လှမ်းနိုင်ရေး ဖြစ်သည်ဟု ဆိုပါသည်။

အာဆီယံတွင် လောလောဆယ် ရှုပ်ထွေးသော ကိစ္စရပ်များ ဖြေရှင်းရန် ရှိနေပါသည်။ တရုတ်နှင့် အာဆီယံ အဖွဲ့ဝင် အချို့ ဖြစ်သော ဖိလစ်ပိုင် နှင့် ဗီယက်နမ်တို့ တောင်တရုတ်ပင်လယ်တွင် နယ်မြေ အငြင်းပွားမှုများ ၊ ရည်မှန်းချက်ကြီးသော စီးပွားရေးအရ စုစည်းမည့် အစီအစဉ်များ ရှိနေပါသည်။

လူဦးရေ သန်း (600) ရှိသော အာဆီယံသည် တရုတ်နှင့် အိန္ဒိယ တို့ကို ပိုမိုယှဉ်ပြိုင်နိုင်ရန် ဘုံဈေးကွက်နှင့် ထုတ်လုပ်မှု ထူထောင်ရန် ဆန္ဒရှိနေသော်လည်း ၂ဝ၁၅ တွင် မျှော်မှန်းချက် ပြည့်မှီနိုင်ခြင်း ရှိ ၊ မရှိ မှာမူ သံသယများ ရှိနေပါ သည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေးများ စတင်ကတည်းက စီးပွားရေးအရ စိတ်ဝင်စားမှုများ ပေါ်ထွက်လာရာ မဟာဗျူဟာကျသော အရေးပါသည့် နေရာကြောင့် ရင်းနှီးမြှုပ်နှံသူများ မျက်စိကျခြင်း ၊ သဘာဝသယံဇာတ ပေါများခြင်း နှင့် အပယ်ခံ ဖြစ်ခဲ့ရသော သန်း (၆၀) သော စားသုံးသူ ဈေးကွက်များမှာ စိတ်ဝင်စားဖွယ် ဖြစ်ခဲ့ရပါသည်။

"စုဖွဲ့မှုမှနေပြီး မြန်မာနိုင်ငံဟာ ကြီးမားစွာ အကျိုးအမြတ် ရနိုင်ပါတယ်"ဟု Turnell က ပြောပါသည်။ ပြုပြင်ပြောင်း လဲရေးများ လုပ်ဆောင်နေသော်လည်း ရင်းနှီးမြှုပ်နှံသူများက သတိထားနေဆဲ ဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့ပါသည်။

မြန်မာနိုင်ငံသည် တောင်တရုတ်ပင်လယ် ကိစ္စကို ကိုင်တွယ်ပါ ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့သော တရုတ် နှင့် ဆက်ဆံရေး ပျက်သွားနိုင်သည့် အခြေအနေရှိပါသည်။

၂ဝ၁၂ က အာဆီယံ ဥက္ကဋ္ဌ ဖြစ်ခဲ့သော ကမ္ဘောဒီးယား သည် တရုတ်၏ မဟာမိတ် ဖြစ်ခဲ့ခြင်းကြောင့် တောင်တရုတ်ပင်လယ် ကိစ္စတွင် တရုတ်ကို ဝေဖန်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် အများကို အံ့အားသင့်စေ ခဲ့ပါသည်။

"မြန်မာ သံတမန်တွေ အလွတ်သဘော ကျွန်တော့်ကို ပြောကြားချက်အရ သူတို့ အနေနဲ့ တောင်တရုတ် ပင်လယ်ကိစ္စမှာ အာဆီယံရဲ့ အများသဘောတူညီမှု ကို ထင်ဟပ်စေမှာ ဖြစ်ပြီး တရုတ်ရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုကို မျှော်လင့်ထားကြောင်း ပြောပါတယ်" ဟု Thayer က AFP သို့ ပြောပါသည်။ အရေကြီးသော ဆုံးဖြတ်ချက်များမှာ ဥက္ကဋ္ဌ နေရာပြီးမှသာ ထွက်ပေါ်လာနိုင်ဖွယ် ရှိကြောင်း ဆိုပါသည်။

၂ဝ၁၄ တွင် မြန်မာနိုင်ငံသည် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပမည်ဖြစ်ရာ အမေရိကန် ၊ တရုတ် နှင့် ရုရှားတို့ပါ ပါဝင်မည် ဖြစ်ပါသည်။

ဥက္ကဋ္ဌနေရာ တာဝန်ယူခြင်းသည် မြန်မာအစိုးရအား လူ့အခွင့်အရေး အခြေအနေ တိုးတက်ရန် နှင့် စစ်အုပ်ချုပ်ရေး ကနေ စစ်မှန်တဲ့ အရပ်သား အုပ်ချုပ်ရေးအတွက် အသွင်ကူးပြောင်းရေးကို ပိုမို လေးနက်စွာ လုပ်ဆောင်ရန် အခွင့်အလမ်း ဖြစ်သင့်ကြောင်း Human Rights Watch မှ သုတေသနပြုသု David Mathieson က ပြောပါသည်။ ယခုအချိန်အထိမူ ယုံကြည်ရန် ခက်သော အကြောင်းတချို့ ရှိနေသေးကြောင်း ပြောပါသည်။

မကြာသေးမီက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းအတွက် အကောင်းမြင်မှုများကို တက်ကြွသူများ ဆက်လက်ဖမ်းဆီးခြင်း နှင့် ဘာသာရေးအရ တင်းမာမှုများ ၊ လွှတ်တော်တွင် စစ်တပ်က အရေးပါသော နေရာယူထားမှုများက အားနည်းအောင် လုပ်ဆောင်နေပါသည်။


 

 မြန်မာနိုင်ငံတွင် ဝမ်ငွေဘီလီယံ ၄၀၀ ခန့် Daewoo International ရရှိနိုင်မည်

(The Korea herald မှ 14 Jan 2014 ရက်စွဲပါ “Daewoo International to earn W 400 b in Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာအနောက်ဖက် ကမ်းရိုးတန်းကမ်းလွန်ရှိ ‘ရွှေ’ ဓါတ်ငွေ့ လုပ်ကွက်တွင် ဓါတ်ငွေ့ထုတ်လုပ်မှုကို အောင်မြင်စွာ စတင်လိုက်နိုင်ပြီဟု ကိုရီးယား POSCO ၏ လုပ်ငန်းခွဲ Daewoo International က တနလာင်္နေ့ တွင် ထုတ်ပြန်ကြေညာ သည်။ ၎င်းစီမံကိန်းမှ နှစ်စဉ်အခွန်မဆောင်မှီ အမြတ်ငွေ ဝမ် ၃၅၀-၄၀၀ ဘီလီယံခန့် နောက်ထပ်နှစ်ပေါင်း ၂၀ လုံးလုံးရရှိနေမည်ဟု ကုမ္ပဏီက မျှော်လင့်ထားသည်။

Daewoo သည် ရွှေဓါတ်ငွေ့ စီမံကိန်းရှိ တွင်း ၁၁ တွင်းအနက်မှ တစ်တွင်းတွင် ဓါတ်ငွေ့ထုတ်လုပ်မှု စတင်ခဲ့ ခြင်းဖြစ်ပြီး၊ ယခုနောက်ဆုံး ထုတ်လုပ်မှုကြောင့် မနှစ်က ဇူလိုင်လ တွင် စတင်ထုတ်လုပ်ခဲ့သော မြ လုပ်ကွက်မှ ထွက်ရှိမှု အပါအဝင် ကုမ္မဏီ၏ နေ့စဉ်သဘာဝဓါတ်ငွေ့ထုတ်လုပ်မှု ပမာဏမှာ ကုဗပေသန်း ၂၀၀ သို့ ရောက်ရှိ လာမည်ဖြစ်သည်

ရွှေဓါတ်ငွေ့စီမံကိန်းတွင် ထုတ်ယူမှု အပြည့်အဝ စတင်သည်နှင့် တစ်ပြိုင်နက် ယခုနှစ်ကုန်တွင် နေ့စဉ် ထုတ်လုပ် နိုင်စွမ်း ကုဗပေ သန်း ၅၀၀ အထိရှိလာနိုင်မည်ဟု ကုမ္မဏီက မျှော်မှန်းထားသည်။

ထို့အပြင် ‘ရြွှေဖူ’ ဓါတ်ငွေ့လုပ်ကွက်မှလည်း အစောဆုံး ၂၀၂၀ တွင် စတင် ထုတ်ယူရန် ကုမ္မဏီက စီစဉ်နေ သည်။

အဆိုပါ ဓါတ်ငွေ့လုပ်ကွက် ၃ ခု၏ စုစုပေါင်း သိုမှီးမှုပမာဏသည် ခန့်မှန်းခြေ ကုဗပေ ၄ ထရီလီယံခန့် ရှိနိုင်ပြီး၊ ရေနံစိမ်း စည်သန်းပေါင်း ၇၀၀ (သို့) ကိုရီးယားနိုင်ငံ၏ ဓါတ်ငွေ့သုံးစွဲမှု ၃ နှစ်စာ နှင့် အကြမ်းဖျင်းညီမျှသည်ဟု ကုမ္မဏီ ဆိုပါသည်

ထို့အပြင် ကိုရီးယား ကုမ္မဏီတစ်ခု၏ အကြီးစား ပင်လယ်ရပ်ခြား ရေနံဓါတ်ငွေ့ စီမံကိန်းတစ်ခုဖြစ်ကြောင်း ကိုလည်း ထင်ဟပ်နေသည်ဟု ကုမ္မဏီက ပြောကြားသည်။

Daewoo International တာဝန်ရှိသူတစ်ဦးက “မြ ဓါတ်ငွေ့လုပ်ကွက် အပြင် ရွှေ ဓါတ်ငွေ့လုပ်ကွက် ကနေ ဓါတ်ငွေ့ထုတ်လုပ်မှု အောင်အောင်မြင်မြင် စတင်နိုင်ခဲ့လို့ ကျွန်တော်တို့ ဝမ်းသာပီတိဖြစ်နေပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ မြန်မာကမ်းလွန် ဓါတ်ငွေ့သိုက်တွေကနေ တည်တည် ငြိမ်ငြိမ် ထုတ်လုပ်နေမှုကို မြင်တွေ့နိုင်တော့မယ်ဆိုတဲ့ အဓိပါယ် ကိုဆောင်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ဓါတ်ငွေ့သိုက်များမှ ထွက်ရှိလာသော ဓါတ်ငွေ့များကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသို့ ပို့လွှတ်ရောင်းချ သွားမည်ဟု ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment