Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"ကျွန်တော်တို့ပါတီအနေနဲ့ ၁၉၈၉ ခုနှစ်နောက်ပိုင်းကတည်းက အကြောင်းအမျိုးမျိုးကြောင့် အုပ်စုနှစ်စုကွဲခဲ့ပါတယ်။ အခု ဆိုလည်း အုပ်စုကသုံးစုရှိနေပြန်ပါတယ်။ အရင်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှာပါဝင်ခဲ့တဲ့ ကျွန်တော်တို့ ပထမအကြိမ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီညီလာခံ ဗဟိုကော်မတီဝင်နဲ့ ရဲဘော်ဟောင်းတွေ ပါဝင်တဲ့အစုရယ်၊ ဦးအောင်မိုးဇော် ပါဝင်တဲ့အစုရယ်၊ ဦးဇေယျ ပါဝင်တဲ့အစုရယ် တို့ ဖြစ်ပါတယ်။ ပြောရရင် အခုထိုင်းနိုင်ငံမဲဆောက်မြို့ အခြေစိုက်ပြီး အစိုးရ ရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ညှိနှိုင်းပြီး ပြည်တွင်းပြန်ဝင်လာတဲ့ ဦးအောင်မိုးဇော်နဲ့အဖွဲ့က လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အမည်နဲ့ မှတ်ပုံတင်လျှောက်ပါတယ်။ ဒီလိုသူတို့ မှတ်ပုံတင်ခွင့်ပြန်လျှောက်တဲ့နေရာမှာ ကျွန်တော်တို့အရင် ပါတီဗဟို ကော် မတီဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်မှုမရှိခဲ့ပါဘူး။ လက်ရှိအနေအထားမှာ ကျွန်တော်တို့အနေနဲ့ အခြားလူ့ဘောင်သစ် ဒီမိုက ရက်တစ်ပါတီ ကိုယ်စားပြုအဖွဲ့တွေကို တစ်ဖွဲ့တည်းဖြစ်ဖို့ စုစည်းနေတဲ့အချိန်မှာ သူတို့ကဒီလိုမှတ်ပုံတင်ခွင့် လျှောက်ထား လိုက်တာဖြစ်တဲ့အတွက် အခုဒီလိုလျှောက်ထားခြင်းကို ကန့်ကွက်တဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ လူ့ဘောင်သစ်ပါတီသမိုင်းကို ချပြရှင်းလင်းရတာ ဖြစ်တယ်"

ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော "လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီအား ပြည်ပမှ ပြန်လာသည့် ပါတီဝင်များက ယခင် ပါတီဝင်ဟောင်းများနှင့် ဆွေးနွေးမှု မရှိဘဲ မှတ်ပုံတင်ခွင့် လျှောက်ထားခြင်းကို ပြည်တွင်းရှိ ပါတီဝင်ဟောင်းများနှင့် ဗဟိုကော်မတီဝင်များ ကန့်ကွက်"သတင်းမှ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီညီလာခံ ဗဟိုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေယျ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"အန်ကယ်တို့အကြမ်းဖျင်း ဆုံးဖြတ်ထားတာကတော့ ပြည်သူတွေထံကရောက်ရှိလာတဲ့ အကြံပြုချက်တွေမှာ တချို့ကတူတဲ့ အကြံပြုချက်တွေ ရှိတယ်။ အကြံပြုချက်သုံးသိန်းကျော်မှာ တချို့ကဒီအဓိပ္ပာယ်ပဲ။ ဒါတွေကိုအန်ကယ်တို့ စုစည်းနေတာ။ ကော်မတီမှာပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အခန်းလိုက်တာဝန်ခွဲပြီး လေ့လာနေတယ်။ တူတာတွေ စုစည်း မယ်။ အဲဒီအထဲမှာ တူတာတွေမှာ အခန်းအလိုက်၊ ပုဒ်မအလိုက် ဘယ်ပုဒ်မတွေကတော့ ပြင်ဆင်သင့်တယ်။ ဘယ်ပုဒ်မ ကတော့ ပယ်ဖျက်သင့်တယ်။ ဘယ်ပုဒ်မက ဖြည့်စွက်သင့်တယ်။ တချို့ကျတော့ စဉ်းစားသင့်တယ်ဆိုတာတွေ လိုလာတယ်။ ဘာတွေစဉ်းစားမလဲ။  ဘယ်လိုစဉ်းစားမလဲ။ ကျိုးကြောင်းဖော်ပြချက်လေးတွေပါမယ်။ ဒီဟာတွေအပေါ်မူတည်ပြီး အန်ကယ်တို့က တစ်ခန်းချင်းသွားမယ်။ ဥပမာအခန်း ၄ ပုဒ်မ ၇၅ ကို အကြံပြုတဲ့သူတွေက ပြင်ဆင်ဖို့ဘယ်နှစ်ဦးရှိပါတယ်။ ဖြည့်စွက်ဖို့ကဘာတွေရှိပါတယ်။ ပယ်ဖျက်မယ်ဆိုရင် ပယ်ဖျက်ဖို့ကဘာတွေရှိပါတယ်။ အဲဒီလို ပုဒ်မတစ်ခုချင်းအလိုက် အကြံ ပြုတဲ့သူအလိုက်သွားမယ်။ အခန်းလိုက်စုပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာအဖြစ် ဆက်လက်တင်ပြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ဆိုတာ ဥပဒေကြမ်းအဖြစ်တင်မှ ပြင်လို့ရတာ။ ဒီဥပဒေကြမ်းတင်ဖို့ ဒီကော်မတီအဖွဲ့က ပြင်ဆင် ပေးတဲ့ သဘောပဲ"

ဇန်နဝါရီ ၁၉ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "နှစ်ပတ်အတွင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အစီရင်ခံစာတွင် အခန်းအလိုက် ပြင်ဆင်သင့်သည့် ပုဒ်မများကို မည်သည့်အတွက်ကြောင့် ပြင်ဆင်သင့်သည့် ဆိုသည့် ကျိုးကြောင်းဖော်ပြချက်များ ပါဝင်မည်" သတင်းမှ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးအေးမောက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


မေး - တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မ တီတို့ တွေ့ဆုံမယ့်ရက်ကို နောက်ဆုတ်လိုက်တယ်လို့သိရပါတယ်။ ဘာ့ကြောင့်ရက်ရွှေ့လိုက်တယ်ဆိုတာနဲ့ ဘယ်ကာလမှာ တွေ့ဆုံမယ်ဆိုတာ သိရပါတယ်။

ဖြေ - ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလဆန်းမှာ မြစ်ကြီးနားမှာတွေ့တုန်းက နှစ်ဖက် Proposal တွေက နှစ်ဆယ်ရာခိုင်နှုန်းပဲ ကိုက်ညီတယ်လို့ ဦးခွန်ဥက္ကာတို့က ညွှန်းဆိုတယ်။ ဒီဇင်ဘာ ၁၆ ရက်က MPC မှာ NCCT နဲ့ထပ်ပြီး ဆွေးနွေးတော့ ၅၀ ရာခိုင်နှုန်းလောက် ရခဲ့ပြီပြောတယ်။ တစ်ခါ ဒီဇင်ဘာ ၂၉ ချင်းမိုင်မှာ ဝန်ကြီးဦးအောင်မင်းနဲ့ ဦးနိုင်ဟံသာတို့ဆွေးနွေးတော့ ၈၀ ရာခိုင်နှုန်းတူလာပြီလို့ပြောတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ သဘောသဘာဝကိုက အကြိမ်ကြိမ်ညှိနှိုင်းလေလေ သံသယ လျော့နည်းပြီး ငြိမ်းချမ်းမှုပိုရှိလာလေဖြစ်တော့ အခုလဲကြိုတင်ပြင်ဆင်ဖို့ အချိန်ပေးတဲ့သဘောပါ။ တိုင်းရင်းသားတွေဘက်က အဆိုပြုတာကိုလက်ခံတာပါ။ တခြားအခက်အခဲ ဘာမှမရှိဘူးလို့ နားလည်ထားပါတယ်။ အခုကတော့ လေးဝါးပွဲပြီးရင် ဘားအံကိုလာမယ့်အစား လေးဝါးပွဲကအချက်အလက်ကိုပြန်စုပြီးတော့ ဝန်ကြီးဦးအောင်မင်းနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့တွေနဲ့ ထပ်ပြီးတော့ အလွတ်သဘောပြင်ဆင်တာတွေကို ချင်းမိုင်၊ ရန်ကုန် ဒါမှမဟုတ် တခြား နေရာ မှာလုပ်ဖို့ရှိတယ်။ အဲဒီပြီးမှပဲ ဘားအံပွဲကို ရက်သတ်မှတ်ပြီးတွေ့ဖို့ အကြမ်းအားဖြင့် နှစ်ဖက်လုံးက သဘောတူထားတယ်။ ပြီးမှ ဘားအံမှာဖေဖော်ဝါရီလထဲတွေ့မယ်။ ဝန်ကြီးဦးအောင်မင်းနဲ့ တစ်ဖက်က တိုင်းရင်းသားခေါင်းဆောင်တွေ ညှိနှိုင်းနေ တာကဘားအံဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ နောက်ထပ်ဆွေးနွေးစရာမလိုအောင် လက်မှတ်ရေးထိုးဖို့ အချက်အလက် အားလုံးကိုပြင်ဆင်တဲ့ နောက်ဆုံးအစည်းအဝေးဖြစ်ဖို့ နှစ်ဖက်လုံးကဆန္ဒရှိတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် The Flower News ဂျာနယ် အတွဲ (၁၀) ၊ အမှတ် (၄) တွင် ပါရှိသော "60 Seconds Interview" ကဏ္ဍမှ Myanmar Peace Center ၏ အထူးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

"အခြေခံဥပဒေမှာလည်း တားမြစ်မှုမျိုးစုံ ရှိပါတယ်။ ဒါတွေကသိပ်ပြီးတော့ ဒီမိုကရေစီမဆန်ဘူး။ ဥပဒေကြောင်းအရလည်း မခိုင်ပါဘူး။ ဒါတွေကိုလည်းပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ ဒါတွေကို နိုင်ငံရေး သဘောတူညီချက် Political Pact မှ တစ်ပါး တခြားနည်းနဲ့ ဘယ်လိုပြောင်းမလဲတော့ မသိဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရက်တွေဘက်ကလည်း တော်လှန်ရေး Revolution နဲ့ ပတ်သက်ပြီးမပြောပါဘူး။ သူတို့ကလည်း လက်ရှိအစိုးရကို လုံးဝဖြုတ်ပစ်မှာမဟုတ်ပါဘူး။ ပြီးတော့ သူတို့ တွေက လွှတ်တော်ထဲမှာလည်း လုံလောက်တဲ့အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ မဲပေးပိုင်ခွင့်အာဏာမရှိပါဘူး။ သူတို့တွေက အစိုးရတစ်ဖွဲ့လုံး စစ်တပ်နဲ့ USDP အဖွဲ့ဝင်တွေနဲ့ အလုပ်လုပ်နိုင်ပါတယ်။ လောလောဆယ်မှာတော့ ကျယ်ပြန့် တဲ့ သဘောတူညီချက်မရှိဘဲနဲ့တော့ အခြေခံဥပဒေပြောင်းလဲမှု မဖြစ်ပေါ်နိုင်ဘူး။ အစိုးရအဖွဲ့က ဒီမိုကရက်တစ် အတိုက် အခံတွေနဲ့ NLD အပေါ်မှာ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ကန့်သတ်ထားတယ်။ ဒါတွေကို ပြောင်းလဲမှု မလုပ်နိုင်ဘူးဆိုရင် မြန်မာ အစိုးရအဖွဲ့က ကမ္ဘာ့အလယ်မှာ တရားဝင်မှုမရှိနိုင်ဘူး။ သူတို့တွေဝေဖန်မှုလည်းခံရလိမ့်မယ်။ NLD နဲ့ အခြား ဒီမိုကရက်တစ် အဖွဲ့အစည်းတွေတိုင်းရင်းသားပါတီတွေက လွှတ်တော်ထဲမှာ အခြေခံဥပဒေ ပြင်ဆင်မှုအတွက် မဲပေးနိုင်မှုအခွင့်အလမ်း နည်းပါးတယ်။ ဒါကြောင့် နိုင်ငံရေးသဘောတူညီချက်မရှိဘဲနဲ့ လက်ရှိပြဿနာတွေ မပြေလည်နိုင်ဘူး။

ဇန်နဝါရီလ ၂၀ ရက်နေ့ထုတ် The Messenger ဂျာနယ် အတွဲ (၄) ၊ အမှတ် (၃၅) တွင် ပါရှိသော "စစ်အုပ်ချုပ် ရေး ပြန်အသက်သွင်းရန် မြန်မာပြည်ကအဓိကရုဏ်း တိုင်းပြည်ဖြစ်သွားမယ်" သတင်းပါ အင်တာဗျူးမှ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလေ့လာသူ လာရီဒိုင်းမွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"အခြေအနေနဲ့အချိန်အခါအရ လုပ်သင့်လုပ်ထိုက်ရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထပ်မံတွေဆုံဖို့ တောင်းဆိုပါမယ်။ အရင်ကတောင်းဆိုခဲ့ဖူးပေမယ့် မတွေ့ရသေးလို့ အောင်မြင်မှုမရသေးဘူးလို့ပြောရပါမယ်။ တကယ်တော့ ကာကွယ်ရေး ဦးစီး ချုပ်ကိုတွ့ဖို့ တောင်းဆိုတာမဟုတ်ဘဲ လေးပွင့်ဆိုင်တွေ့ဖို့ တောင်းဆိုတာပါ။ မတွေ့ဆုံသင့်ဖူးလို့ သမ္မတဘက်က ပြောကြား တာပါ။ ကာကွယ်ရေးဦးစီးချုပ်ကပြောကြားတာမဟုတ်ပါဘူး။ ဒီကိစ္စ ဘာကြောင့်ပြောတယ်ဆိုတာ သမ္မတကိုပဲ မေးသင့်ပါ တယ်"

ဇန်နဝါရီလ ၂၀ ရက်နေ့ထုတ် True News ဂျာနယ် အတွဲ (၆) ၊ အမှတ် (၁၄) တွင်ပါရှိသော "လိုအပ်ပါက ကာ/ချုပ် နှင့်တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် ထပ်မံတောင်းဆိုမည်" သတင်းမှ  ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment