Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အန်ကယ်တို့က ဥပဒေကြမ်းကော်မတီဝင်ဆိုတော့ တချို့ကိစ္စတွေမှာ မလုပ်သင့်ပါဘူးလို့ ဆုံးဖြတ်ကြပေမယ့် အများစုရဲ့ သဘောထားအရ ထောက်ခံတဲ့အကြောင်း သဘောထားမှတ်ချက်ပြန်ပေးကြရပါတယ်။ အန်ကယ် တို့က ဒါကို လိုက်နာ ကြရတာပဲ။ အဲဒီတော့ လွှတ်တော်ထဲမှာ ရောက်တော့ ပြန်ကန့်ကွက်လို့ မရတော့ဘူး။ အဲဒီလို ကန့်ကွက်နေ ကြလို့ရှိရင် လူကြီးကနေပြီးတော့ မင်းတို့ကော်မတီတွေ ဘာဖြစ်နေကြတာလဲလို့ ပြောမှာပေါ့။ ခလုတ်နှိပ်ပြီးတော့ မဲပေးလိုက်ရင်တော့ မမြင်သာဘူးပေါ့။ ဒီကိစ္စကတော့ နှစ်ဖက်ရှိပါတယ်”

ဇန်နဝါရီလ ၂၂ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၆) အမှတ် (၄) တွင် ပါရှိသော “လွှတ်တော် ကိုယ်စား လှယ်များထံမှ အစည်းအဝေး အဆုံးအဖြတ်ရယူရာတွင် ထပ်မံဖြည့်စွက်သည့် ဆန္ဒပြု နည်းလမ်းနှစ်ခုအား နိုင်ငံတော်သမ္မတမှ ဖြည့်စွက်ရန်မသင့်ကြောင်း သဘောထားမှတ်ချက် ပြန်လည်ပေးပို့” သတင်းမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တကယ်တမ်းပြောရမယ်ဆိုရင် ဒီနေ့ခေတ်စားနေတဲ့ ဖက်ဒရယ်ပေါ့။ ပြည်နယ်တိုင်း တွေမှာ ရှိနေတဲ့ပြည်သူတွေ အမှန်တော့ နိုင်ငံသားတွေချည်း အဲ့ဒီလူတွေရဲ့ အခွင့်အရေးတွေ တကယ်ရအောင် ကျွန်တော်တို့ လုပ်ပေးရမယ်။ အဲဒီလို ရအောင်လုပ်ပေးနိုင်ဖို့အတွက်ဆိုလို့ရှိရင် သူတို့ကို လုပ်ပေးပိုင်ခွင့်ရှိ ရမယ်။ ဘာလို့လဲဆိုရင် သူတို့မှာ ကိုယ်ပိုင်စီးပွားရေးတွေ ရှိတယ်။ ပြည်နယ်နဲ့တိုင်းတွေမှာ သူတို့အစိုးရ၊ လွှတ်တော်များရှိတယ်။ သူတို့ကို လုပ်ပိုင်ခွင့်ပေးရမယ်။ အဲဒီတော့မှ သူတို့လည်း လုပ်နိုင်လာမယ်။ ပြည်သူတွေရဲ့ အကျိုးအတွက်ကိုလည်း ဆောင်ရွက်လာနိုင်တယ်။ သို့သော်လည်း ကျွန်တော်တို့ ဖြစ်စေချင်တာ ကတော့ ပြည်နယ်တိုင်းက ပြည်ထောင်စုထဲမှာ ပါတယ်။ ဒါ့ကြောင့် သူတို့ကိုယ်တိုင်ပါတဲ့ ပြည်ထောင်စုကြီးရဲ့ အကျိုးကို အကုန်လုံးဝိုင်းဆောင်ရွက်ရမှာပါ ဒါကတော့ အဖြစ်ချင်ဆုံး၊ သို့သော် ဘာပဲပြောပြော သူ့ဒေသမှာလည်းပဲ သူတိုးတက်အောင် သူလုပ်နိုင်ရမှာပါ။ အဲဒါက ကျိန်းသေ ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်ပါတယ်”

ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၃၄) တွင်ပါရှိသော “ပုဒ်မ ၅၉ (စ) ကိုပြင်ဆင်ရာတွင် လူအတွက် မစဉ်းစားဘဲ နိုင်ငံနှင့် နိုင်ငံသားများအားလုံးအတွက်သာ စဉ်းစားပြီး ပြင်မည်ဟု ဦးဌေးဦးဆို” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“ရွေးကောက်ပွဲကော်မရှင်ဟာဆိုရင် လွတ်လပ်ပြီး အဖွဲ့အစည်းဖြစ်ရမယ်။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့ အစည်းရဲ့ သြဇာသက်ရောက်မှုမှ မရှိစေရဘူး။ ဒါဟာ နိုင်ငံတကာကော်မရှင်တွေလည်း ဒီအတိုင်းပဲ၊ ဦးတင်အောင်ကို ကော်မရှင်ပေါ့၊ ဦးခင်မောင်အေးက ဒီ နဝတ လက်ထက်အထိ နောက်ဆုံးကော်မရှင်အဖြစ် သူ တာဝန်ယူခဲ့ရတယ်။ အဲဒီတော့ ဥပဒေကို နားလည်ပြီးတော့ လွတ်လပ်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တာက ဒါ ကော်မရှင် လုပ်ထုံးလုပ်နည်းနဲ့ ညီတယ်လေ။ ရာထူးဌာန်တရ အနေနဲ့ရော အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဒါကိုအမာခံပြီး ဖွဲ့စည်းနေရင်တော့ ဒါ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး”

ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် ပြည်သူ့ဆန္ဒ ဂျာနယ် အတွဲ (၁) အမှတ် (၄၅) တွင် ပါရှိသော “ရွေးကောက်ပွဲ ကော်မရှင်သို့ တပ်မတော်သားများ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့်အပေါ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်” သတင်းမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“သတင်းမှားဖော်ပြတယ်ဆိုပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထိမ်ချန်တယ်ဆိုတာ အများပြည်သူကို ထိခိုက်စေ တယ်။ သတင်းရယူတယ်ဆိုတာ မီဒီယာ အကျိုးအတွက် မဟုတ်ဘူး။ သူတို့ (ရဲတပ်ဖွဲ့) ပိုင်ဆိုင်တယ်ဆိုတာ မဟုတ်ဘူး။ တကယ်လို့ သတင်းလွဲမှားခဲ့တယ်ဆိုရင် သက်ဆိုင်ရာသတင်းဌာနကို တရားစွဲဆိုခွင့်ရှိတာပဲ။ မီဒီယာတွေကလည်း ကျင့်ဝတ်နဲ့အညီ သတင်းရယူသင့်တယ်။ ဘယ်သတင်းက မှားတယ်၊မှန်တယ်ဆိုတာ ဖော်ပြရဲရမယ်။ ခု သတင်းထိမ်ချန် တဲ့ပုံစံက တပ်မတော်အစိုးရလက်ထပ်က မီဒီယာ တွေကို ထိန်းချုပ်ခံခဲ့ရတဲ့ ပုံစံမျိုးလို သက်ရောက်နေတယ်”

ဇန်နဝါရီလ ၂၀ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ပြည်တွင်းပုံနှိပ် မီဒီယာများကို သတင်းထုတ်ပြန်မှု ကန့်သတ်” သတင်းမှ မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) မှ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ရှိဘဏ်စနစ်အပေါ် ပြည်သူတွေက ယုံကြည်မှုရှိရှိနဲ့ ဆက်ဆံလုပ်ကိုင်ဖို့လိုတယ်။ ဘဏ်တွေကလည်း နည်းပညာ တွေကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ကိုင်ဖို့လဲလိုတယ်။ အစိုးရပိုင်းကလဲ ဘဏ်လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတို့ အတွက် နိုင်ငံခြားဘဏ်တွေနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်တာတွေကို အားပေးဖို့ လိုအပ်ပါတယ်”

ဇန်နဝါရီလ ၂၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ဘဏ်အရေအတွက် တိုးလာသော်လည်း ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ အားနည်းနေဆဲဟု ဘဏ်များ အသင်းဥက္ကဌ ဝန်ခံပြောဆို” သတင်းမှ မြန်မာနိုင်ငံဘဏ်များ အသင်းဥက္ကဌ ဦးသိန်းထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment