Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"တိုင်းရင်းသားတွေဘက်က လျှော့နိုင်တာတွေကို လျှော့ပြီးတာတွေရှိတယ်။ ဒါပေမယ့်အစိုးရနဲ့ ထပ်ညှိရင် တိုင်းရင်းသားတွေဘက်က ထပ်လျှော့နိုင်မှု ရှိမရှိကို ဒီအစည်းအဝေးပြီးရင် သိနိုင်မယ်။ နှစ်ဖက်အပစ်ရပ် စာချုပ်မှာက သဘောတူတာကများပါတယ်။ အသုံးအနှုန်းတွေ မတူတာတွေလောက်ပဲ ရှိပါတယ်။ ဒီအစည်းအဝေးပြီးရင်တော့ ဒီအတွက် တိုင်းရင်းသားတွေနဲ့ အစိုးရက ပြည်ထောင်စုနေ့ နောက်ပိုင်းမှာ ဆွေးနွေးသွားဖို့ရှိတယ်"

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် Mizzma နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော "ဖွဲ့စည်းပုံပြင်ရာတွင် တိုင်းရင်းသားညီလာခံမှ သဘောတူညီချက်များလည်း ထည့်သွင်းမည်' သတင်းမှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"နိုင်ငံရေးဆွေးနွေးမှုများနဲ့ စစ်မှန်တဲ့ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အရေးကြီးဆုံး ခြေလှမ်းတစ်ရပ် ဖြစ်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမှာပါသင့်တဲ့ နှစ်ဖက်တပ်တွေ ပဋိပက္ခမဖြစ်အောင် ဘယ်လိုထိန်းညှိကြမယ်။ လိုအပ်တဲ့ ယန္တရားတွေကို ဘယ်လိုတည်ဆောက်ရမယ် စတဲ့ကိစ္စများအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ဘယ်လို ဘုံသဘောတူညီချက်တွေ ချမှတ်ထားမယ်ဆိုတာကို ညှိနှိုင်းဖို့ပဲ ဖြစ်ပါတယ်"

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော "တိုင်းရင်းသား လက်နက်ကိုင်များ၏ လော်ခီးလာညီလာခံ၌ နှစ်ဖက်တပ်များ ပဋိပက္ခမဖြစ်စေရေးအချက်ကို အဓိကအချက် တစ်ချက်အနေဖြင့် ထည့်သွင်းဆွေးနွေးမည်" သတင်းမှ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး  မူတူးဆေးဖိုး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"တပ်မတော်ဘက်က ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ မပါရင် ဒါကမဖြစ်သင့်တဲ့အရာပဲ။ အဲ့ဒီတော့ သူတို့ပါလာဖို့ လိုတယ်။ ကျွန်တော်တို့ဘက်က အလေးအနက်ထားတယ်။ သူတို့ပါလာတယ်။ တော်တော်လည်းဆွေးနွေး ဖြစ်တယ်။ အထူးသဖြင့် ပြည်ထောင်စု အခန်းကဏ္ဍပေါ့။ တပ်မတော်ရဲ့အခန်းကဏ္ဍကိုလည်း တော်တော်ဆွေးနွေးကြတယ်။ ဘယ်အချက်ကို ဘယ်လိုပြောခဲ့ကြတယ်ဆိုတာကတော့ ဒီအချိန်မှာပြောဖို့ စောသေးတယ်။ ဘယ်လို့လဲဆိုတော့ ညှိနှိုင်းတဲ့အပိုင်းဆိုတော့ ဒီကာလမှာ အဖြေရှာဖို့လိုပါတယ်။ ဘယ်လိုပြောလဲဆိုတာတွေက မပြောသင့်သေးဘူး။ တပ်မတော်မပါဘဲ ငြိမ်းချမ်းရေးဆောင်ရွက်လို့မရဘူး"

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော "မြစ်ကြီးနား ဆွေးနွေးပွဲနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များတွင် တပ်မတော်၏ ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်း လာ" သတင်းမှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (NCCT အဖွဲ့ဝင်) ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


"ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကလည်း လွှတ်တော်ကိုယ်၌ကိုက လေ့လာရေးကော်မရှင်တွေ ဖွဲ့ပြီးတဲ့အခါမှာ လူထုရဲ့ အကြံဥာဏ်တွေရယူပြီး ဖြစ်ပါတယ်။ ပြည်သူကရော၊ နိုင်ငံရေးပါတီတွေကရော သူတို့ဖြစ်ချင်သော ပါဝင်စေချင်သော ပယ်ဖျက်စေချင်သော အချက်အလက်တွေအားလုံးကို ပေးပို့ပြီး ဖြစ်ပါတယ်။ အားလုံးကလည်း ဥပဒေဘောင်အတွင်းက ညီညီညွှတ်ညွှတ်နဲ့ တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းမှုကို အားလုံးကတာဝန်သိသိနဲ့ တိုင်းပြည်ရဲ့ ရှေးရှုပြီးတော့ အပြုသဘော လုပ်မယ်ဆိုရင် တိုင်းပြည်က တည်တည်ငြိမ်ငြိမ်နဲ့ ပြင်ဆင်လိုတဲ့ကိစ္စတွေကိုလည်း ပြေပြေလည်လည်ဆွေးနွေးမှုတွေ လုပ်သွားနိုင်တယ်"

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် ကုမုဒြာသတင်းဂျာနယ်တွင်ပါရှိသော "မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခြင်း" အင်တာဗျူးမှ ဦးဝဏ္ဏမောင်လွင်၏ ဖြေကြားချက်အား ကောက်နှုတ်ချက်။


"အဲ့ဒါအမှန်တကယ်ပါပဲ။ ဟိုတလောတုန်းကလည်း ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က သေနတ်နဲ့ပစ်လို့၊ ဘင်္ဂလီလူမျိုးတွေ အများကြီးသေတယ်ဆိုပြီ တစ်ဖက်စောင်းနင်းသတင်းတွေ ကြားရလို့ အစိုးရက တရားဝင်ထုတ်ပြန်ပြီး ရှင်းခဲ့ရတယ်။ သတင်းရေးသားပုံ၊ ချဉ်းကပ်ပုံမတတ်ဘဲနဲ့ နိုင်ငံတကာမီဒီယာကို ဝင်ဆံ့ဖို့ မလွယ်ကူတဲ့ကိစ္စပဲ၊ သတင်းထောက်ရဲ့အရည်အချင်းဆိုတာထက် ရှင်းရှင်းပြောရရင် နိုင်ငံတကာမီဒီယာအသိုင်းအဝိုင်း နောက်ကွယ်မှာ ဗိုင်းရပ်စ်(တစုံတရာ လွှမ်းမိုးမှု) ရှိနေတယ်လို့ပဲ ယူဆပါတယ်"

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် Venus News Weekly ဂျာနယ်အတွဲ ၅၊ အမှတ် ၂၆ တွင်ပါရှိသော "နိုင်ငံရေး၏ ပကတိအခြေအနေကိုမသိဘဲ ဝင်ရောက်ပြောဆိုရေးသားလျှင် ပြဿနာ ပိုမိုရှုပ်ထွေးရန် ဖန်တီးရာ ရောက်မည်ဟု ဦးကိုကိုကြီးပြော" သတင်းမှ ဦးကိုကိုကြီး၏ ပြောကြားချက်အား ထောက်ခံသည့်အနေဖြင့်  ဦးဇော်အေးမောင်(ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး) ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment