Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းတိုးကာ ဒေါ်လာ သုံးဘီလီယံသို့ ရောက်ရှိရန် မြန်မာမျှော်မှန်း

(Channel News Asia မှ 27 Jan 2014 ရက်စွဲပါ “Myanmar aims to increase foreign direct investment by 10% to US $ 3 b” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ယခုနှစ် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်ကို ဒေါ်လာ ၃ ဘီလီယံ သို့ရောက်အောင် ၁၀ ရာခိုင်နှုန်း မြှင့်နိုင်ရန် ရည်မှန်းပါပေသည်။

ထို့သို့ မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့ကို ပစ်မှတ်ထားသည်ဟု သမ္မတစီးပွားရေး အကြံပေး ဦးဇော်ဦးကဆိုပါသည်။

နိုင်ငံဖွံဖြိုးရေးအတွက် အစိုးရက ဦးစားပေးရွေးချယ်ထားသော သော့ချက်ကဏ္ဍတစ်ခုဖြစ်သည့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ လုပ်သားအင်အား ၇၅ ရာခိုင်နှုန်းခန့်ပါဝင် လုပ်ကိုင်လျက်ရှိသည်။

ထိုအပြင် အနာဂါတ် တိုင်းပြည်ဖွင့်ဖြိုးရေးအတွက် နောက်ထပ် ဒေါက်တိုင်ဖြစ်သည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SME) ကဏ္ဍသည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝေစုကို လက်ခံရရှိလိမ့်မည်ဟု မျှော်လင့်နေကြသည်။

ဒေါက်တာတစ်ဦးက “ကျွန်တော်တို့ နိုင်ငံဟာ သယံဇာတကြွယ်ဝတဲ့တိုင်းပြည်ပါ။ ဒါကြောင့် သဘာဝ သယံဇာတတွေကို ထုတ်ယူဖို့ စိတ်ဝင်စားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမြောက်အများကို သေချာပေါက် လက်ခံရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သယံဇာတထုတ်ယူတဲ့ ကဏ္ဍကို စီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စီမံသုံးစွဲရာမှာ အများကြီးဂရုစိုက် သတိထားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်သားအခြေပြုထုတ်လုပ်မှု ဖွံဖြိုးလာအောင် လုပ်ပေးနိုင်မယ့် အသေးစား၊ အလတ်စားလုပ်ငန်းကဏ္ဍထဲကို ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာအောင် ကျွန်တော်တို့က မြှင့်တင်အားပေး ချင်တာပါ။ ဒါကတော့ရေရှည်ပါ။ မြန်မာနိုင်ငံရဲ့စီးပွားရေးဆက်တိုက်ကြီးထွားလာအောင် စဉ်ဆက်မပြတ်တွန်းပေးနိုင်မယ့် အချက်တစ်ခုပေါ့” ဟု၎င်းကပြောဆိုသည်။

လက်ရှိမြန်မာနိုင်ငံ၏ အစဉ်အလာသည် နိုင်ငံတကာစံနှုန်းများကို မှီရန် အဝေးကြီးလိုသေးသော်လည်း စီးပွားရေးအသားပေး ဥပဒေသစ်များနှင့် ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုများကို စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။

ဒီတိုင်းပြည်မှာ သယံဇာတတွေကတော့ အဆင်သင့်ပဲ။ ဒီတော့ မူဝါဒ မှန်မှန်ကန်ကန် ချမှတ်ဖို့နဲ့ မှန်ကန်တဲ့ ဘဏ္ဍာရေး ဇယားပုံစံ အမျိုးအစားကို အားပေးဖို့ကိစ္စပဲကျန်ပါတယ်။ ဒါကြောင့် အသေးစား၊ အလတ်စားစီးပွားရေးတွေကို အကူအညီပေးနိုင်အောင် ပြည်တွင်းနဲ့ပြည်ပ ရင်းမြစ်နှစ်မျိုးစလုံးကို စနစ်တကျစီမံခန့်ခွဲခိုင်းဖို့လိုတယ်လို့ ကျွန်တော်ယူဆ ပါတယ်”ဟု ၎င်းကပြောကြားသည်။

အကဲခတ်လေ့လာသူများကလည်း မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ထဲတွင် ဆက်ရှိနေမည်ဆိုပါက လမ်းကြောင်းမှန်ပေါ်တွင် ရောက်နေပြီဟု အကောင်းရှုမြင်ကြသည်။

Oxford Business Group မှ မြန်မာရေးရာ အယ်ဒီတာပိုးဆိုင်ရာမန်နေဂျာ မိုက်ကယ် နက်စတစ်က “မြန်မာ နိုင်ငံဟာ ဒီလမ်းကြောင်းပေါ်ကနေ ချော်တောငေါ့ပြီး ပြည်လှည့်လာဖို့ဆိုတာ အလှမ်းဝေးလွန်းသွားပြီလို့ ကျွန်တော်ထင်ပါတယ်။ နောက်တစ်ချက်က ၂၀၁၄ အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ နေရာကို တာဝန်ယူတဲ့ကိစ္စဟာ ကြီးမားတဲ့ စိန်ခေါ်မှုဆိုပေမယ့် တိုင်းပြည်အတွက် ကြီးမားတဲ့ အခွင့်အလမ်းကိုလည်း ပေးနေပါတယ်။ မြန်မာနိုင်ငံအတွက် ငွေဖောင်းပွမှုဟာ အဓိက ကိစ္စတစ်ခုပါ။ အလုပ်လက်မဲနှုန်းကလည်း အဓိကပြဿနာတစ်ခုပါပဲ။ ဒါ့အပြင် အခွန်ကောက်ခံ တဲ့နေရာမှာ အစိုးရက ပိုပြီးထိထိရောက်ရောက် လုပ်ဆောင်လာတာမျိုးကို ကျွန်တော်မြင်ချင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

Myanmar Pinnack Financial မှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်မျိုးထွန်းကလည်း အောက်ပါအတိုင်း အကြံပြုပြောဆိုသည်။

နိုင်ငံတစ်ဝှမ်းလုံးက အသေးစားနဲ့အလတ်စား လုပ်ငန်းပိုင်ရှင်တွေကို အသိပညာပေးမယ့် ပညာပေး အစီအစဉ်တွေ ပြုလုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒီသင်တန်းတွေဖွင့်ဖို့အတွက် လက်ရှိကောလိပ်တွေ၊ တက္ကသိုလ် နေရာတွေကို အသုံးပြုလို့ရပါတယ်။ လုပ်ငန်းရှင်တွေအတွက် ညပိုင်းသင်တန်းတွေ ဖွင့်ပေးဖို့လိုပါတယ်။ တကယ်လို့ ဒီလိုညနေပိုင်းသင်တန်းကို လာတက်မယ်ဆိုင်ရင် အသိအမှတ်ပြုလက်မှန် Certificate ရမယ်။ ဒီ Certificate ရထားမယ်ဆိုရင် အစိုးရဆီက ငွေကြေးအထောက်အပံ့တွေ ရနိုင်မယ် စသဖြင့် ပြောပြီးစည်းရုံးလို့ရပါတယ်။”

ပညာရေးကဏ္ဍသည် နိုင်ငံဖွင့်ဖြိုးရေးအတွက် အစိုးရက နောက်ထပ် အာရုံစိုက်သင့်သော ကဏ္ဍတစ်ခုဖြစ်သည်။

ထိုကြောင့် မြန်မာနိုင်ငံသည် ၎င်း၏ အလွန်ကြီးမားပြီး မတို့မထိရသေးသော ဈေးကွက်သို့ ပညာရေးနှင့် လေ့ကျင့်ရေး အင်စတီကျူးရှင်းများမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာမြောက်များစွာ လှိမ့်ဝင်လာအောင် ဆွဲဆောင်ရမည် ဖြစ်သည်။ ထို့အပြင် အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးမှုကို ဖြစ်ပေါ်လာစေမည့် လူထု၏ ပညာရေးအဆင့်အတန်းကို တိုးတက်စေရန်၊ ကူညီခြင်းအားဖြင့်မည် လူသားထု၏ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်ပေးရန်နှင့် တိုင်းပြည်၏ အနာဂါတ်အတွက် ပိုက်ဆံရှာပေးမည့် ကဲ့သို့သောကဏ္ဍများဖွံဖြိုးလာစေရန် အားပေးကူညီနိုင်ရမည်။

သို့ရာတွင် မြန်မာနိုင်ငံတံခါးဖွင့်ကာစ အချိန်က ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားတက္ကသိုလ် ကောလိပ်အမြောက်အမြားလာရောက် စုံစမ်းခဲ့ကြသော်လည်း အစိုးရလက်ထက်တွင် မှုဝါဒချမှတ်ထားမှု မရှိခြင်း။ အထက်အမိန့်ကိုသာ စောင့်ရသော ပညာရေးဝန်ကြီးဌာနကလည်း လက်ခံဆောင်ရွက်နိုင်စွမ်းမရှိခြင်းတို့ကြောင့် နောက်ပြန်လှည့်သွားခဲ့ကြရာ။ မြန်မာမြေပေါ်တွင် နိုင်ငံခြားတက္ကသိုလ်၊ ကောလိပ်များ ပေါ်ပေါက်လာမည် အခွင့်အရေးများ လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု ရန်ကုန်မြို့မှ အကဲဆတ်လေ့လာသူ အချို့၏ အဆိုအရ သိရှိရသည်။

ထို့အပြင် အာဏာပိုင်များသည် ပညာရေးကဏ္ဍကို နိုင်ငံတကာနှင့် တစ်ပြေးညီဖြစ်အောင် တံခါးဖွင့်ပေးရန် လိုပုံမရသည့်အပြင်၊ အစိုးရလက်အောက်ခံအဖြစ် ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ဝင်ရောက်ပူးပေါင်း၊ ဖက်စပ်ဖွင့်လှစ်မှသာ လုပ်ကိုင်ခွင့်ပြုမည့် အခြေအနေမျိုးရှသည်ဟု ပြည်တွင်းမှ အကဲခတ်များက မှတ်ချက်ပေးထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment