Transparency Myanmar

transparency.myanmar@gmail.com

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“နိုင်ငံတော်သမ္မတကနေ အမျိုးသား အကျိုးစီးပွားအတွက် ဒီဥပဒေကို  အမြန်ဆုံးပြဋ္ဌာန်းပေးနိုင်ဖို့ မေတ္တာရပ်ခံထားပါတယ်။ မိမိရဲ့ မျှော်မှန်းချက်တော့  ဒီဥပဒေကို  နိုင်ငံတော်သမ္မတကြီးဆီက  မေတ္တာရပ်ခံချက်မှာ သတ်မှတ်တဲ့ရက်အတွင်း မပြီးတောင်မှ  အမြန်ဆုံး ပြီးနိုင်ရေးအတွက်   ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီဥပဒေကို  အလေးအနက် ထားပြီး စဉ်းစားဆုံးဖြတ်ပေးနိုင်ဖို့လိုကြောင်းလည်း ပြောလိုပါတယ်။”

ဇန်နဝါရီ ၂၃ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ် သတင်းစာမှ ပါရှိသော “ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်း အလေးအနက်ထား သတ်မှတ်ရက်အတွင်း မပြီးသည့်တိုင် ကြိုးစားဆောင်ရွက်နေဟုဆို” သတင်းမှ  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ယူဆောင်ရွက်မှုက အားနည်းပါတယ်။ အားနည်းရုံတင်မကဘူး အချို့ကိစ္စတွေက  ဖြေရှင်းပေးရမယ့် တာဝန်ရှိသူ ကိုယ်တိုင်က  လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတယ်။ များသောအားဖြင့်  ပါတီကြီးတစ်ခုက ခရိုနီက လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်နေတယ်။ သူတို့မြေ  သူတို့ပြန်ပေးဖို့ သူတို့တင်သွင်းရမှာဆိုတော့ ဒီကိစ္စကို တော်တော် ခက်ခက်ခဲခဲ ဖြစ်နေတယ်။”

ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Reporter ဂျာနယ် တွင် ပါရှိသော “လယ်ယာမြေပြဿနာများ ဖြေရှင်းဆောင်ရွက်ရာတွင်  လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ယူဆောင်ရွက်မှုအပိုင်း အားနည်း”ဟုဆို သတင်းမှ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ  ညှိနှိုင်းဆောင်ရွက်သူ  ဦးနေမျိုးဇင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“နောက်အစိုးရ မတက်ခင်လေးမှာ ကျွန်တော်တို့ ဘယ်အဆင့် ရောက်မလဲဆိုတာလည်း မှီတည်တာပေါ့။ သဘောတူညီချက်နဲ့ ပတ်သက်လို့ ဘယ်အဆင့်အထိ ရောက်နိုင်မလဲ ဆိုတဲ့အပေါ်မှာပဲ ကြည့်ရဦးမှာပါ။ ပြင်တော့ပြင်ထားတယ်။ တကယ်လို့များ လာမယ့်အစိုးရက  လက်ရှိအစိုးရနဲ့ ကွင်းဆက်သိပ်မပြတ်ဘူးဆိုရင်တော့ အလားအလာရှိမယ်လို့ မြင်တာပေါ့။ တကယ်လို့များ ကွင်းဆက်ပြတ်သွားတဲ့ အစိုးရမျိုး ဖြစ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ အခုလက်ရှိ သွားနေတဲ့ဖြစ်စဉ်က  တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်ဆိုတာကို  ကျွန်တော်တို့ နည်းနည်းမြင်ယောင်ကြည့်တယ်။ ဒါလည်း ကံသေကံမ အပြတ်တော့ မပြောနိုင်ဘူး။”

ဇန်နဝါရီ ၂၃ ရက်နေ့ထုတ်  Daily Eleven နေ့စဉ်သတင်းစာတွင် ပါရှိသော  “လက်မှတ်ထိုးပြီး အပစ်ရပ်စာချုပ်ကို လွှတ်တော်သို့တင်ပြ၍ လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် နောက်ဆက်တွဲ အာမခံချက်များ ခိုင်မာစေရန် လုပ်ဆောင်သွားမည်” သတင်းမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)  ဒုတိယဥက္ကဋ္ဌ ခူးဦးရယ်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


 

“ငွေဖောင်းပွမှုနှုန်း မြင့်လာရင် တိုင်းပြည်က အခြေခံလူတန်းစားတွေ အများဆုံးရှိတဲ့တိုင်းပြည်ဖြစ်တဲ့အတွက် အဲဒီလူတွေရဲ့ ဝယ်လိုနိုင်စွမ်းအားကို ကျဆင်းစေတာပေါ့။ ဒါနဲ့အတူ အဲဒီလူတွေရဲ့ သာယာဝပြောမှုကို ကျဆင်းစေတယ်။ တနည်းပြောရရင် ဒါက လူနေမှုအဆင့်အတန်းကို နိမ့်ကျစေတဲ့ ဆက်စပ်နေတဲ့ အချက်တစ်ချက်ပေါ့။  အဲလိုအနေအထားမျိုးမှာ  ငွေကြေး ဖောင်းပွမှုနှုန်းကို နိမ့်နိုင်သမျှ နိမ့်အောင်လုပ်ဖို့ ဆိုတာ အရေးကြီးဆုံးတစ်ချက်ပေါ့။”

ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Irrawaddy ဂျာနယ် အတွဲ(၁) အမှတ်(၄)တွင် ပါရှိသော “ငွေကြေးဖောင်းပွမှု မြင့်တက်နိုင်ကြောင်း IMF ခန့်မှန်းမှု အရေးစိုက်ရန်လို”  သတင်းမှ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကို်၏  ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ကျွန်တော်တို့က အပစ်ခတ်ရပ်လက်မှတ်ထိုးပြီးတဲ့နောက် နှစ်လအတွင်းမှာ နိုင်ငံရေးဆွေးနွေးဖို့မူဘောင်(Frame Work) အပြီး ရေးဆွဲမယ်။ နောက်ပြီးတော့ သုံးလ မကျော်စေဘဲနဲ့ပေါ့။ နိုင်ငံရေးဆွေးနွေးပွဲ တက်နိုင်ဖို့ဆိုတဲ့ဟာ စာတမ်းထဲမှာ ထည့်ထားတယ်။”

ဇန်နဝါရီ ၂၄ ရက်နေ့ထုတ် မြန်မာပို့(စ်)ဂျာနယ်  အမှတ်(၁၄၅)တွင် ပါရှိသော “ နိုင်ငံရေးဆွေးနွေးမှု အာမမခံပါက အပစ်ခတ်ရပ်စဲရေးမူကြမ်း လက်မခံဟု NCCT ပြော ”  သတင်းမှ  NCCT ခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်ဟံသာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

Attached: Q & C
Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment