Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အမှန်က စနစ်ကြောင့်ပါပဲ။ လွှတ်တော်ထဲမှာက ပါတီစုံရှိလို့ အသံတွေစုံပြီး  အစိုးရအဖွဲ့က တင်ပြချက်တွေအပေါ်  သဘောတူတာတွေလည်းရှိ၊ ကန့်ကွက်တာတွေလည်း ရှိမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြလာတာကိုလည်း အစိုးရအဖွဲ့က သဘောတူတာလည်း ရှိမယ်။ ကန့်ကွက်တာလည်း ရှိမယ်။ ဒါတွေကစနစ်ရဲ့ဖော်ဆောင်မှုအပေါ် မိမိတို့ပါဝင်နေခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကို အားနည်းအောင်လုပ်မယ်ဆိုရင်လည်း လွှတ်တော်က အားနည်းသွားမှာ မဟုတ်ဘူး။ ဒီအတိုင်းပဲ အစိုးရအဖွဲ့ကို  အားနည်းအောင်လုပ်ရင်လည်း အစိုးရအဖွဲ့က အားနည်းစရာ အကြောင်းမရှိပါဘူး”

ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အစိုးရနှင့် လွှတ်တော်ကို အားနည်းအောင် လုပ်၍မရဟု သူရဦးရွှေမန်းပြော”သတင်းမှ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“NCCT က တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့နေရာမှာ အဖွဲ့အစည်းဆိုပြီး ဖော်ပြထားတယ်။ ဒါကို တိုင်းရင်းသားတွေဘက်က လက်မခံဘူး။ လက်နက်ကိုင်တော်လှန်ရေး လုပ်ခဲ့လို့ ကျဆုံးခဲ့တဲ့ ရဲဘော် တွေလည်းရှိတယ်လေ။ ဒါကိုအဖွဲ့အစည်းလို့ ပြောရင် အဓိပ္ပာယ်မရှိနိုင်ဘူး။ ဒါကိုဆွေးနွေးနေတယ်။ ပြင်ဖို့များပါတယ်။ အားလုံးပြင်ချင်နေတာဆိုတော့ အားလုံးအဆင်ပြေသွားမှာပါ”

ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲတွင် လက်နက်ကိုင်ဆိုသည့် စာသားနေရာနှင့် အဖွဲ့အစည်းဆိုသည့် စာသား အကြိတ်အနယ် ဆွေးနွေးနေရဟုဆို” သတင်းမှ   ရဲဘော်ထွန်းအောင်ကျော်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


 

“အစိုးရအဆက်ဆက်ဟာ ကျွန်တော်တို့ တိုင်းရင်းသားများအပေါ်မှာထားရှိတဲ့ သဘောထားဟာ တစ်ခုတည်းပဲ ဖြစ်တယ်။ မပြောင်းလဲဘူး။ ယနေ့အထိလည်း မပြောင်းလဲဘူး။ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ကြတာဟာ ဆူပူသောင်းကျန်းတယ်ဆိုတဲ့ သဘောနဲ့ပဲ ကျွန်တော်တို့ကို ဆက်ဆံခဲ့တာ ယနေ့အထိဖြစ်တယ်။ ဒီတော့ အပစ်အခတ်ရပ်စဲဖို့ သူ့မှာ ဒါပဲသဘောရှိတယ်။ ဒါကို ကျွန်တော်တို့က တွန်းအားပေးရမှာဖြစ်တယ်။ တွန်းအားပေးရာမှာ တစ်ဖွဲ့ချင်း တွန်းအားပေးလို့ မရဘူး။ အခုလို ကျွန်တော်တို့ စုစုစည်းစည်းနဲ့ တွန်းအားပေးရမှာဖြစ်တယ်။ ဒီစုစည်းမှုတောင်မှ  အားမရှိသေးဘူး။ ပြည်သူလူထုပါရမှာ ဖြစ်တယ်”

ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ရရှိရန်အတွက်  လူများစုဗမာတိုင်းရင်းသားများ၏ ထောက်ခံမှု အရေးကြီး ကြောင်း UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လပြော” သတင်းမှ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၏ ပြောကြားချက်အား ကောက်နုတ်ချက်။


 

“ကျွန်တော်တို့ အစိုးရသစ် တာဝန်စယူလာကတည်းက ပြုပြင်ပြောင်းလဲမှုတွေကို တောက်လျှောက် လုပ်လာခဲ့ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေတော့ ရှိနေဆဲပါပဲ။ နိုင်ငံတကာက ရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာနိုင်အောင် ကျွန်တော်တို့အနေနဲ့ သင့်တင့်မျှတတဲ့ အခြေအနေ၊ ပတ်ဝန်း ကျင်တွေကို ဖန်တီးရမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါမှာ CSR အတွက် လူမှုရေးအရ၊ ဥပဒေရေးအရ တာဝန်ရှိတယ်။ အသေးစား စီးပွားရေးလုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင်တွေကိုလဲ  မထိခိုက်အောင် ထိန်းသိမ်းဖို့လဲ တာဝန်ရှိတယ်”

ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် Yangon Times နေ့စဉ်သတင်းစာတွင်ပါရှိသော “စီးပွားရေး လုပ်ငန်းရှင်များကို CSR နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း တိုက်တွန်း” သတင်းမှ နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြည်ထောင်စုတပ်မတော် ဆိုတာ အချိုးကျပါရမှာပေါ့။ တိုင်းရင်းသားတွေလည်း အချိုးကျပေါ့ဗျာ။ လူအားနဲ့ဖြစ်မယ်။ ငွေအားနဲ့ ဖြစ်မယ်။ စစ်တပ်ဘက်က ထင်သလို တပ်မတော်ကြီးကို ဖျက်သိမ်းမှာ မဟုတ်ပါဘူး။ သမ္မတကြီးကတော့ သိပ်အောင်မြင်ချင်တယ်။ ကျွန်တော်တို့က သမ္မတကြီး အားကိုးနဲ့ လုပ်နေရတာပါ”

ဇန်နဝါရီလ ၂၅-၃၀ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ(၂)၊ အမှတ်(၄၆) တွင် ပါရှိသော “ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းပေးရန် တပ်မတော်မှ ကြောက်ရွံ့နေဟု ဖက်ဒရယ်ကောင်စီ ဒုဥက္ကဋ္ဌ ပြော” သတင်းမှ (UNFC) ဒုဥက္ကဋ္ဌ(၂) ပဒိုဒေးဗစ်သာကပေါ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment