Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(Bernama News မှ 22 Jan 2014 ရက်စွဲပါ EU seeks close cooperation with Myanmar in reform process သတင်းကို ဘာသာပြန်ဆိုသည်)

(23 January 2014 ရက်စွဲပါ LA Times မှ Carol J.Williams ရေးသားသော “UN right chief  demands Myanmar probe reported massacre of Muslim” ကိုဘာသာပြန်ဆိုသည်။)


မြန်မာနိုင်ငံဆက်လက်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန် အီးယူ ကြိုးပမ်း

(Bernama News မှ 22 Jan 2014 ရက်စွဲပါ EU seeks close cooperation with Myanmar in reform process သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ဆက်လက်လုပ်ဆောင်သွားမည့်အပိုင်းတွင် အီးယူက အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန် လုပ်ဆောင်နေကြောင်း မြန်မာသမ္မတရုံးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး ရိုလန်ကိုဘီယာနှင့် ဒုတိယသမ္မတ စိုင်းမောက်ခမ်းတို့ နေပြည်တော်၌ တွေ့ဆုံစဉ် ယင်းကိစ္စ ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု Xinhua က သတင်းဖော်ပြသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ်တို့ကို ပွင့်လင်းမြင်သာသော ပုံစံဖြင့် အကောင်အထည်ဖော်ရေးကိစ္စကို နှစ်ဦးစလုံးက ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

အပြန်အလှန်ထိတွေ့ဆက်ဆံမှု ပိုများလာသော အီးယူနှင့်မြန်မာနိုင်ငံတို့သည် ခိုင်မာသော လက်တွဲဆောင်ရွက်မှု ကို တည်ဆောက်ရန် ဆုံးဖြတ်ထားကြပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးသွားကြရန် ကတိပြုကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

၂၀၁၃ နိုဝင်ဘာလက အီးယူ- မြန်မာ အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့ရာ ဒီမိုကရေစီထွန်းကား၍ကြီးပွားဖွံ့ဖြိုးသော မြန်မာနိုင်ငံဖြစ်လာအောင် အတူတကွလုပ်ဆောင်သွားကြရန် အီးယူကော်မရှင်နာမင်းကြီး ကက်သရင်းအက်ရှ်တန်နှင့် မြန်မာသမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့က ကတိကဝတ် ပြုခဲ့ကြသည်။

ထို့အပြင် ၂၀၁၄ အစောပိုင်းတွင် အီးယူ-မြန်မာ လူ့အခွင့်အရေး ဒိုင်ယာလော့ဆွေးနွေးမှုကို စတင်ရန်နှင့် စီးပွားရေး ချိတ်ဆက်မှု လွယ်ကူချောမွေ့စေမည့် နည်းလမ်းများကို အစိုးရအား အကြံပေးမည့် အီးယူ-မြန်မာ စီးပွားရေး ကောင်စီကို ဖွဲ့စည်းရန် အထူးလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် သဘောတူခဲ့ကြသည်။

စီးပွားရေးကဏ္ဍတွင် အသေးစား အလတ်စားလုပ်ငန်းများနှင့် ကုန်ကြမ်းပစ္စည်းများ၊ စိုက်ပျိုးရေး ဆက်စပ်လုပ်ငန်းများ၊ စဉ်ဆက်မပြတ်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးနှင့် European Investment Bank နှင့် မြန်မာနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်ရေး စသည်တို့နှင့် ပတ်သက်ပြီး မူဝါဒဒိုင်ယာလော့ ဆွေးနွေးရာတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သော သဘောတူညီမှုများကိုလည်း အထက်ပါ ၂၀၁၃ နိုဝင်ဘာလ အထူးလုပ်ငန်းစဉ်အစည်းအဝေးတွင် ရရှိခဲ့သည်။


ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့အကြီးအကဲက မြန်မာနိုင်ငံမှ မူဆလင်များ သတ်ဖြတ်မှု စုံစမ်းရန်တောင်းဆို

(23 January 2014 ရက်စွဲပါ LA Times မှ Carol J.Williams ရေးသားသော “UN right chief  demands Myanmar probe reported massacre of Muslim” ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရိုဟင်ဂျာမှုဆလင်(၄၀)ကျော် အသတ်ခံရသည် ဟူသော သတင်းများနှင့် ပတ်သက်၍ မှန်ကန်သော သတင်းအချက်အလက်များစုံစမ်းစစ်ဆေးရန် မြန်မာနိုင်ငံမှ အာဏာပိုင်များကို ကုလသမဂ္ဂလူအခွင့်အရေးအဖွဲ့က တောင်းဆိုခဲ့ပါသည်။

“ကျွန်မအနေနဲ့ ဒူချာရာတန်ရွာက အသက်တွေဆုံးရှုံးရတာကို ရှုတ်ချပါတယ်။ အာဏာပိုင်တွေအနေနဲ့ ပြည့်ပြည့်ဝဝ၊ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အလျင်အမြန်ပြုလုပ်ဖို့နဲ့ ခံရတဲ့လူတွေနဲ့မိသားစုတွေကို တရားဥပဒေအရ လုပ်ဆောင်ပေးမှုတွေ ပြုလုပ်ဖို့တောင်းဆိုပါတယ်” ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ မဟာမင်းကြီး Navi Pillay က ဂျီနီဗာ ကုလသမဂ္ဂရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကမှု ကုလသမဂ္ဂတာဝန်ရှိသူများ စွပ်စွဲသကဲ့သို့ လုံခြုံရေးတပ်ဖွဲ့များနှင့် ဗုဒ္ဓဘာသာဝင်များသည် သတ်ဖြတ်မှုကျူးလွန်သည်ဆိုသည်မှာ မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ ပါသည်။

အစိုးရပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က အစိုးရအနေဖြင့် စွပ်စွဲမှုများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဆိုခဲ့သည်ဟု AP သတင်းဌာန အဆိုအရသိရှိရပါသည်။ ၎င်းက သေဆုံးသော အရေအတွက်နှင့် လက်စားချေ သတ်ဖြတ်သည် ဆိုခြင်းမှာ လုံးဝမှားယွင်းကြောင်းဆိုပါသည်။

ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံ၌ လူဦးရေသန်းဂဏန်းမျှရှိသော နိုင်ငံမဲ့ရိုဟင်ဂျာများသည် ၈၀% နေထိုင်ပြီး၊ ၎င်းတို့အများစုမှာ မြန်မာနိုင်ငံဇာတိဖြစ်ပါသည်။ ၎င်းတို့ကို ဒုက္ခသည်များအဖြစ်သာ မှတ်ယူ၍ အစိုးရနှင့် ဗုဒ္ဓဘာသာ အများစုက ကျယ်ကျယ်ပြန့်ပြန့် နှိပ်ကွပ်လျက်ရှိပါသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ဂျာနယ်လစ်များသွားရောက်ခြင်းကိုလည်း ပိတ်ပင်ထားပြီး၊ လူသားချင်းစာနာသည့် အကူအညီပေးသည့် အေဂျင်စီများမှာလည်း အကန့်အသတ်နှင့်သာ သွားရောက်နိုင်ခြင်းကြောင့် အကြမ်းဖက်မှုနှင့် ပတ်သက်၍ အတည်ပြုရန် ခက်ခဲနေပါသည်။

Pillay က သူမ၏ကျေညာချက်တွင် ဖော်ပြထားရာ၌ ၎င်းတို့အဖွဲ့သည် ဒူချာရာတန် ကျေးရွား၌ ဇန်နဝါရီ(၉) ရက်နေ့က ရိုဟင်ဂျာ(၈)ဦး တိုက်ခိုက်သတ်ဖြတ်ခံရခြင်းအတွက် ယုံကြည်ရလောက်သော သတင်းပေးပို့မှုများ ရှိကြောင်း ဖော်ပြထားပါသည်။ နောက်ထပ် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် မှုဆလင် (၄၀)ခန့်မှာ လေးရက်အကြာ ဒုတိယအကြိမ်အကြမ်းဖက်မှုတွင် အသတ်ခံရခြင်းဖြစ်ပြီး ဒေသခံရဲတစ်ပျောက်ဆုံးနေရာ အသတ်ခံရသည်ဟု ယူဆ၍ လက်တုံ့ပြန်ခြင်းဖြစ်မည်ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။

အဆိုပါ ဒေသမှ အာဏာပိုင်များသည် ရိုဟင်ဂျာများကို ဖမ်းဆီးလျက်ရှိရာ မှားယွင်းကိုင်တွယ်ခြင်းခံရ၍ စိုးရိမ်ရကြောင်း Pillay ကပြောပါသည်။

“ကျွန်မအနေနဲ့ အစိုးရကို တိုက်တွန်လိုတာကတော့ ဖမ်းဆီခံရသူတွေရဲ့ အခွင့်အရေးကိုလေးစားဖို့ပါပဲ။ နောက်အစိုးရကို အားပေးလိုတာက ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးနိုင်ဖို့ လူသားချင်းစာနာတဲ့ အကူအညီပေးရေးအဖွဲ့တွေ သွားရောက်ခွင့်ပြုရေး ဖြစ်ပါတယ်”ဟု Pillay ကပြောပါသည်။

လူ့အခွင့်အရေးအုပ်စုဖြစ်သော Fortify Right ကလည်း ကုလသမဂ္ဂ၏ စိုးရိမ်မှုကို ထောက်ခံခဲ့ပြီး၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရကို ထိုဒေသသို့ လူသားချင်းစာနာသော အကူအညီများ အကန့်အသတ်မပါပဲ သွားရောက်နိုင်ရေး မေတ္တာရပ်ခံခဲ့ပါသည်။

“အာဏာပိုင်တွေဟာ လူအခွင့်အရေးပြုပြင်ပြောင်းလဲမှုကို လုံးဝမပြောနိုင်ဘူး ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်မှာလည်း နောက်ထပ်သတ်ဖြတ်မှုများ ဖြစ်နေတဲ့နေရာကိုလည်း ပိတ်ထားပါတယ်” ဟု အဆိုပါအုပ်စု အမှုဆောင်ဒါရိုက်တာ Matthew Smith ကကြေညာချက်တွင် ဖော်ပြထားပါသည်။

ကုလသမဂ္ဂက ရိုဟင်ဂျာများကို ကမ္ဘာပေါ်တွင် မှားယွင်းစွာပြုမူမှုအခံရဆုံး လူနည်းစုအဖြစ်မှတ်ယူထားပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခံရရုံမျှသာမက၊ လက်ထပ်ရန်လည်း အစိုးရထံမှ ခွင့်ပြုချက်ရ ယူကြရပါသည်။ ရိုဟင်ဂျာအိမ်ထောင်စုများမှာ အခြားတိုင်းရင်းသားများ၊ ဘာသာဝင်များနှင့်မတူပဲ ကလေးနှစ်ဦး ထက်ပိုမယူရပေ။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment