Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"တစ်ပါတီနဲ့တစ်ပါတီ ရန်ဘက်အသွင်တိုက်ခိုက်နေခြင်းဟာ အမျိုးသားစည်းလုံးညီညွတ်ခြင်းကို ပျက်ပြားတယ်။ ပါတီဆိုတာ က နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံသားတွေထူထောင်ထားတဲ့ အဖွဲ့အစည်းပဲဖြစ်တယ်။ ရန်သူမဟုတ်ဘူး။ ရန်သူလို သဘော ထား ပြီး အပြုတ်တိုက်မယ်ဆိုတဲ့ အတွေးခေါ်တွေနဲ့ဆက်ပြီး ဆောင်ရွက်နေမယ်ဆိုရင် အမျိုးသားပြန်လည သင့်မြတ်ဖို့ မဖြစ်နိုင် ဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက်လည်းထိခိုက်မယ်။ အဲဒီလိုဆိုရင် မြန်မာနိုင်ငံဟာ ဘယ်တော့မှ မတိုး တက် ဘူး။ မိမိတို့ပြည်သူတွေ ကောင်းစားစေချင်ရင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုရအောင် တကယ်လုပ်ဖို့လိုတယ်။ အဲဒီအ တိုင်းပဲ အမျိုးသားပြန်လည်သင့်မြတ်မှုရအောင် တစ်ပါတီနဲ့တစ်ပါတီ ရန်သူလိုသဘောထားလို့မဖြစ်ဘူး။ လုပ်ဖော်ကိုင်ဖက်လို့ သဘောထားရမယ်။ တကယ်လို့ တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်နေကြလို့ တစ်ပါတီပြုတ်သွားရင် တစ်ပါတီပဲကျန်မယ်။ ဒါဆို ကျွန်တော်တို့လိုချင်တဲ့ ပါတီစုံဆိုတာ ဘယ်ဖြစ်တော့မလဲ။ ပါတီစုံမဖြစ်တော့တဲ့အတွက် ဒီမိုကရေစီဆိုတာလည်း ဆိတ် သုဉ်းသွားနိုင်တယ်။ ဒါကို ကျွန်တော်တို့တွေအားလုံး သတိမူသတိပြုရမယ့် အနေအထားတွေရှိပါတယ်။ ဒါပေမဲ့ ပါတီထူ ထောင်လာပြီး ပြိုင်မယ်ဆိုလို့ရှိရင်တော့ နိုင်ချင်ကြမှာပဲနိုင်အောင် ကြိုးစားကြမှာပဲ။ အဲဒီလို နိုင်အောင်လုပ်တဲ့နေရာမှာ တရားသဖြင့် ယှဉ်ပြိုင်ဖို့လိုတယ်"

ဇန်နဝါရီလ ၂၆ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော "လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် တရားသောနည်းဖြင့် အနိုင်ရအောင် လုပ်မည်ဟု အာဏာရ ပြည့်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းပြောကြား"သတင်းမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


"အခု မြန်မာပြည်မှာထွက်တဲ့ GDP က sector အားလုံး ၁၄ ခု နဲ့တွက်ထားတာပါ။ အများအားဖြင့်တော့ စိုက်ပျိုးရေးရယ်၊ ထုတ်လုပ်မှုလုပ်ငန်းရယ်၊ ဝန်ဆောင်မှုရယ်ပေါ့။ GDP မှာပါတဲ့ဟာတွေအားလုံးက formal sector နဲ့သွားတာတွေ့ရတယ်။ အများအားဖြင့် မပါတာက informal sector တွေကမပါဘူး။ အခု World bank ကနေပြီးတော့ formal ။ Informal defination ခွဲတဲ့အခါကျတော့ ကျွန်တော်တို့ကဌာနဆိုင်ရာတစ်ခုမှာ register လုပ်ထားတဲ့လုပ်ငန်းတွေကို formal sector ထဲမှာထည့်ပါတယ်။ ဒါပေမဲ့ informal ဆိုလို့ တရားမဝင်လုပ်တဲ့ လုပ်ငန်းတွေကိုပြောတာမဟုတ်ပါဘူး။ informal ဆိုတာ register မလုပ်ထာားတဲ့ လုပ်ငန်းတွေကိုပြောတာပါ။ လုပ်ငန်းတွေကအရမ်းသေးလို့ register လုပ်စရာမလိုသေးဘူး။ ကျွန်တော်ပြောချင်တာက လုပ်ငန်းနည်းနည်း သေးပေမယ့်လည်း အဲဒါတွေ အားလုံးပေါင်းလိုက်တဲ့အခါကျတော့ လုပ်ငန်းက အကြီးဖြစ်သွားတာပေါ့။ အဲတော့သူနဲ့ပတ်သက်တဲ့ဟာတွေအပေါ်မှာကျတော့ economic report လုပ်တာ မရှိဘူးဖြစ်နေ ပါတယ်။ ဒါကြောင့် GDP ထဲမှာ မပါတဲ့ ကဏ္ဍတွေ ရှိနေလို့ အကယ်၍ များနေတယ် ဆိုရင်တောင် လက်ခံနိုင်တယ်လို့ ထင်ပါ တယ်"

ဇန်နဝါရီလ ၂၆ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော "မြန်မာနိုင်ငံ၏ တစ်ဦးချင်း ဝင်ငွေ (Per Capita GDP) ကို ဒေါ်လာ ၇၅၀ ဟု တွက်ချက်ထားသော်လည်း လူဦးရေစစ်တမ်း ကောက်ယူပြီး မှသာလျှင် ပိုမိုတိကျသော ကိန်းဂဏန်းများ ရရှိမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များ သုံးသပ်"သတင်းမှ Research Director ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"ခင်ဗျားတို့တာင်းတဲ့မြေယာတွေ ကျွန်တော်ပေးခဲ့ရင် စစ်ကိုင်းလောက်ပြန်ရောက်ရင်ကို ပြုတ်မယ့်ကိန်းရှိတယ်။ ကျွန်တော့် ဆန္ဒကတော့ မြေယာတွေမှာ ကုန်စည်ဒိုင်တွေဆောက်မယ်။ ဟိုတယ်တွေဆောက်မယ်။ အဆောက်အအုံတွေ ဆောက်ပြီး မြို့နယ်တိုင်း ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။ ဒါကြောင့် ကျွန်တော့်ဆီမှာရှိတဲ့မြေယာတွေကို ဝန်ကြီးချုပ်တွေတောင်းတိုင်း ပေးခဲ့ပါတယ်။ မုံရွာမှာလည်း ပေးခဲ့တာတစ်ခုရှိတယ်။ ရန်ကုန်မှာလည်း ပေးခဲ့တာတစ်ခုရှိတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် ဖေဖော်ဝါရီလကုန်ဆိုရင် ဝန်ကြီးဖြစ်ခဲ့တာ သုံးနှစ်ပြည့်ပါတော့မယ်။ ကျွန်တော်မြေမပိုင်ပါဘူး"

ဇန်နဝါရီလ ၂၆ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ဝန်ကြီးဖြစ်သည်မှာ သုံးနှစ် ပြည့်လုနီးသော်လည်း မြေမပိုင်ဟု ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ပြော"သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)ကို အဆိုပြုချက်တင်တဲ့အခါမှာ ငွေကြေးကုန်ကျမှုတွေများတယ်။ အချိန်ကြာတယ် ဆိုတဲ့အသံတွေ ကြားနေရတယ်။ တကယ်တော့ MIC ကိုတင်တဲ့အခါမှာ ငွေကြေးတစ်ပြားမှ ကုန်စရာမလိုပါဘူး။ အားလုံး အခမဲ့ဖြစ်ပါတယ်။ ကုမ္ပဏီမှတ်ပုံတင်တဲ့အခါမှာ မှတ်ပုံတင်ကြေး ၁ဝ သိန်းပေးရတယ်။ MIC ကို အဆိုပြုချက်တင်ရင်တော့ မှတ်ပုံတင်ကြေးလည်းမရှိ၊ ဝန်ဆောင်ခလည်းမယူပါဘူး။ အားလုံးအခမဲ့ဝန်ဆောင်မှုပေးနေပါတယ်။ ငွေအများကြီး ကုန်တယ် ဆိုတာ တစ်ချို့ကအဆိုပြုချက်ကို ကိုယ်တိုင်မရေးဘဲ ကြားခံအးဂျင့်ကိုအပ်လိုက်တယ်။ အဲ့ဒီအပေါ်မှာ လုပ်ငန်းအမျိုးအစား အလိုက် ငွေကြေးကုန်ကျမှုတွေ များပြားလာတာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ပြောချင်တာက အဆိုပြုချက်ကို ကိုယ်တိုင် ရေးတင်လို့ ရပါတယ်။ ကိုယ်တိုင်ရေးတင်တဲ့ အဆိုပြုချက်ကို လက်မခံဘူးဆိုတာလည်း မဟုတ်ပါဘူး"

ဇန်နဝါရီလ ၂၆ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "စီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဆိုပြုချက် တင်သွင်းရာတွင် ငွေကြေးကုန်ကျရင် မလိုဟု ပြောကြား" သတင်းမှ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


"နိုင်ငံတော်သမ္မတဦးဆောင်မှုနဲ့ အုပ်ချုပ်ရေး ၊ နိုင်ငံရေး ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်တဲ့နေရာမှာ တပ်မ တော်က ဥပဒေနဲ့အညီ ပူးပေါင်းနေပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ နိုင်ငံအလိုက် ဒီမိုကရေစီစနစ်ကျင့်သုံးပုံတွေ မတူပေမယ့် အဓိကလိုအပ်တဲ့ တည်ငြိမ်ရေးအတွက် ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေသလို ငြိမ်းချမ်းရေးအတွက် ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ပူးပေါင်းရန် ဖိတ်ခေါ်မှုကိုလက်ခံပါတယ်"

ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် The Flower News ဂျာနယ် အတွဲ (၁၀) ၊ အမှတ် (၅) တွင် ပါရှိသော "ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် မြန်မာစစ်တပ် ပူးပေါင်းပါဝင်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ပြော" သတင်းမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment