Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(Shanghai Daily မှ 25 Jan 2014 ရက်စွဲပါ "Myanmar ethnic arrned groups agree to sign ceasefire accord with govt" သတင်းကို ဘာသာပြန်ဆိုသည်)


အစိုးရ နှင့် အပစ်ရပ် စာချုပ် လက်မှတ်ထိုးရန် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများ မူအားဖြင့် သဘောတူ

(Shanghai Daily မှ 25 Jan 2014 ရက်စွဲပါ "Myanmar ethnic arrned groups agree to sign ceasefire accord with govt" သတင်းကို ဘာသာပြန်ဆိုသည်)

ကရင်ပြည်နယ် အရှေ့တောင်ပိုင်း လော့ခီးလာစခန်းတွင် စနေနေ့ကကျင်းပပြီးစီးသော တိုင်းရင်းသားလက် နက်ကိုင် ၁၇ ဖွဲ့ ခေါင်းဆောင်များ၏ ဒုတိယအကြိမ်မြောက် ၆ ရက်ကြာကွန်ဖရင့်တွင် မြန်မာအစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် သဘောတူလိုက်ကြပြီဟု လက်ခံရရှိသော ကွန်ဖရင့်ကြေညာချက်အရ သိရှိရသည်။

ကွန်ဖရင့်ကျင်းပသော လော့ခီးလာစခန်းသည် KNU အဖွဲ့ ထိန်းချုပ်ထားသော နယ်မြေဖြစ်သည်။

အစိုးရအဆိုပြုထားသော ရှေးဦးစွာအပစ်ရပ်ပြီးမှ နိုင်ငံရေးဒိုင်ယာလော့ဆဆွးနွေးမည့် ဖရိမ်ပုံစံကို တိုင်းရင်း သား လက်နက်ကိုင်ခေါင်းဆောင်များက မူအားဖြင့် သဘောတူခဲ့ကြပြီး ၎င်းတို့ မူကြမ်းရေးဆွဲ ထားသော တစ်မျိုးသားလုံး အပစ်ရပ်သဘောတူညီချက်တွင် နိုင်ငံရေးဒိုင်ယာလော့ ထည့်သွင်တောင်းဆိုမှုကို တွန်းအားပေးခဲ့ကြသည်။

လော့ခီးလာညီလာခံသည် အပစ်ရပ်လက်မှတ်ထိုးပြီးပါက နိုင်ငံရေးဒိုင်ယာလော့ဆွးနွေးမှုများ ဆက်တိုက် ပြုလုပ်သွားရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် နိုင်ငံရေးဒိုင်ယာလော့ဆွေးနွေးမှုတွင် တညီတညွတ်တည်း ပါဝင် ကြရန်လိုအပ်ပြီး အစစ်အမှန်ဖက်ဒရယ်ယူနီယံထူထောင်ရန် ကြိုးပမ်းကြရမည်ဟု ကြေညာချက်ကဆိုသည်။

KNU ဥက္ကဋ္ဌစောမူတူးစေဖိုး သဘာပတိအဖြစ်ဆောင်ရွက်ကာ တနင်္လာနေ့ကစတင်ကျင်းပခဲ့သော လော့ခီးလာ ညီလာခံသည် ၂ဝ၁၃ အောက်တိုဘာလက ကချင်ပြည်နယ်ရှိကျင်းပခဲ့သော လိုင်ဇာညီလာခံ၏နောက်ဆက်တွဲ တွေ့ဆုံ စည်းဝေးပွဲတစ်ခု ဖြစ်သည်။ လိုင်ဇာတွင် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ထိုးခဲ့ကြသော အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို နိုဝင်ဘာလက မြစ်ကြီးနားတွင် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံကာ နိုင်ငံလုံးကျွတ် အပစ် ရပ်စဲရေး ပထမအချီ ဆွေးနွေးပွဲတွင် တင်ပြခဲ့ကြသည်။

ယခု လော့ခီးလာညီလာခံအပြီးတွင် အစိုးရ၏ငြိမ်းချမ်းရေးဖ်ာဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေးဆိုင်ရာအပစ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့တို့၏ ဒုတိယအချီ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပ မည်ဖြစ်သည်။

ကရင်ပြည်နယ် ဘားအံတွင် ဇန်နဝါရီလကုန်၌ကျင်းပရန် မူလကစီစဉ်ထားသော အဆိုပါအစိုးရနှင့် တိုင်းရင်း သားအုပ်စုများ ဒုတိယအချီတွေ့ဆုံရေးအစီအစဉ်ကို အကြောင်းကြောင်းကြောင့် နောက်ဆုတ်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ကျင်းပကြမည်ဟု မျှော်လင့်ရသည်။

ပြီးခဲ့သော နိုဝင်ဘာလက မြစ်ကြီးနားဆွးနွေးပွဲတွင် တိုင်းရင်းသားအုပ်စုများက ၎င်းတို့သဘောတူညီမှု ရထား သော အချက် ၁၁ ချက်ဖရိမ်ပုံစံကို အဆိုပြုတင်ပြခဲ့ကြသလို အစိုးရကလည်း ၎င်းရေးဆွဲထားသော အပစ်ရပ် သဘော တူညီချက်မူကြမ်းကို တင်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တောင်တန်းဒေသများတွင် သီးခြားစီလက်နက်ကိုင် တော်လှန် ခဲ့ကြပြီးနောက် ယခုအခါ စုစည်းဆွေးနွေးနေကြသော လက်နက်ကိုင် ၁၇ ဖွဲ့တွင် ကချင်လွတ်မြောက်ရေးတပ် KIA၊ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC၊ ကရင်လွတ်မြောက်ရေးအစည်းအရုံး KNLA၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် RCSS - SSA၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP၊ ချင်းအမျိုးသားတပ်ဦး CNF စသောအဖွဲ့များ အဓိကပါဝင်ကြသည်။

နောက်ထပ်ထင်ရှားသော အဖွဲ့နှစ်ခုဖြစ်ကြသော ရှမ်းအထူးဒေသ ၂၊ ဝ ပြည်သွေးစည်းညီညွတ်ရေးစစ်တပ် UWSA နှင့် ရှမ်းအထူးဒေသ(၄) NDAA ၊ မိုင်းလားတပ်ဖွဲ့တို့မှာမူ ညီလာခံသို့တက်ရောက်ခြင်းမရှိသော်လည်း တစ်မျိုး သားလုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုးရာတွင် ပါဝင်ကြမည်ဟုကတိပြုထားကြောင်း ညီလာခံသတင်းများအရ သိရှိရ သည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်းခြောက်ဆယ်ခန့် အစဉ်အလာရှိရှိရပ်တည် တော်လှန်ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ယခင်တပ်မတော်အစိုးရအပါအဝင် အာဏာရှင်အစိုးရ အဆက်ဆက်လက်ထက်တွင်လည်း ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုများကို ရပ်နားခြင်းမရှိပဲ ပြုလုပ်ခဲ့ကြသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment