Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“လျှပ်စစ်ဓါတ်အားပိုမိုရရှိလာတာနဲ့ လူမှုဘဝတွေလည်း တိုးတက်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ ညမှောင်သွား ပေမယ့် ကလေးတွေ စာကြည့်နိုင်မယ်။ ဈေးဆိုင်တွေဖွင့်ထားနိုင်မယ်။ ဆေးခန်းတွေအတွက် မီးလင်းပြီး လူ့အသက်ကယ်တင်ဖို့ အရေးကြီးတဲ့ ခေတ်မီစက်ပစ္စည်းနဲ့ နည်းပညာတွေ သုံးနိုင်မယ်။ လျှပ်စစ်ဓါတ်အားက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်နိုင်ဖို့ အရေးကြီးပါတယ်”

ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ္ဘာ့ဘဏ် ဒေါ်လာနှစ်ဘီလီယံ အသုံးပြုကူညီမည်” သတင်းမှ ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဌဂျင်ယုံကင်မ် ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“အခုမူကြမ်းတွေက အားလုံးနီးပါးညှိနှိုင်းလို့ရပြီလို့ ပြောနိုင်တယ်။ လော်ခီးလာ ဆွေးနွေးပွဲက အဖြေအသေးစိတ်ကို ထပ်ဆွေးနွေးရအောင် ဒီလကုန်လောက်မှာ တွေ့ဖို့စီစဉ်နေတယ်၊ ပြီးရင် ရန်ကုန်မှာ တစ်ကြိမ်တွေ့မယ်၊ ပြီးရင်တော့ ဖေဖော်ဝါရီလထဲမှာ အစိုးရဘက်က ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ ဘားအံမှာ ထပ်တွေ့မယ်။ မတ်လမှာတော့ နေပြည်တော်မှာ လက်မှတ်ထိုးနိုင်ဖို့ ရည်ရွယ်ထားတယ်။ စီစဉ်နေပါတယ်”

ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “တစ်နိုင်ငံလုံးအပစ်ရပ်ရေး မတ်လလက်မှတ်ထိုးမည်” သတင်းမှ ဦးလှမောင်ရွှေ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တချို့ဥပဒေတွေဟာ တရားမျှတမှုမရှိဘူး။ လက်တွေ့မလိုက်နာနိုင်ဘူးဆိုရင် ဥပဒေပြဌာန်းလိုက်ကတည်းကို က ဒီဥပဒေကို ချိုးဖောက်ပြီးသားလူတွေ ရှိနေတယ်။ ချိုးဖောက်တာကို လက်ပိုက်ကြည့်နေကြတဲ့ တာဝန်ရှိသူ များကလည်း ဥပဒေကို ထပ်ဆင့်ချိုးဖောက်လိုက်တာ ဖြစ်တယ်။ အဲဒီတော့ မလိုအပ်ပဲနဲ့ တရားခံတွေ မြန်မာ နိုင်ငံမှာ အများကြီး ဖြစ်လာတယ်”

ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ် Weekly Eleven အတွဲ (၉) အမှတ် (၁၆) တွင် ပါရှိသော “တရားမျှတမှုမရှိသည့် ဥပဒေအချို့ကြောင့် မြန်မာနိုင်ငံတွင် မလိုလားအပ်ဘဲ တရားခံများပြားနေဟု ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား” သတင်းမှ သူရဦးရွှေမန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ကော်မတီတွေကို ပြည်သူတွေကို ကိုယ်စားပြုသင့်ပေမယ့် လက်တွေ့မှာ ပြည်သူကို ကိုယ်စားမပြုဘဲ ဖြစ်နေတယ်။ သုတေသနပြုတာတွေနဲ့ပဲ အချိန်ကုန်နေတယ်။ အဲဒါတွေကို လျှော့ချပြီး အောက်ခြေအဆင့်မှာ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေ ပိုပြီးလုပ်ဆောင်သင့်တယ် ထင်တယ်”

ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ဆင်းရဲမွဲတေမှု အောက်ခြေ အဆင့်ထိ ချဉ်းကပ်နိုင်ရေး လွှတ်တော်တွင် အချိန်နှင့်အင်အားမရှိဟုဆို” သတင်းမှ မြန်မာနိုင်ငံတောင်သူ လယ်သမားအသင်း ဥက္ကဌဒေါက်တာစိုးထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ပြည်သူရဲ့ ကျန်းမာရေးအသုံးစရိတ်ကို မြှင့်တင်တဲ့ ကိစ္စက ကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့် ပြည်သူ့ကျန်းမာရေး ကို အသေအချာမြှင့်တင်ချင်ရင် ကျန်းမာရေးတစ်ခုတည်းကို ကြည့်မရဘူး။ ကျန်းမာရေးနဲ့ ဆက်နွယ်နေတဲ့ တခြားကဏ္ဍတွေကိုလည်း အားဖြည့်လုပ်ဆောင်မှ ရမယ်။ မူးယစ်ဆေးစွဲလို့ ဆေးရုံကကူဖြတ်ပေးတာက ခဏပဲ။ အမှန်တကယ်မူးယစ်ကင်းဖို့ဆိုရင် လူငယ်တွေကြား မူးယစ်ဆေးတွေ မပြန့်ဖို့ကို တခြားဌာနတွေကပါ ဝင်မှရမယ်”

ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “လူတစ်ဦးကျန်းမာရေး အသုံးစရိတ် ၁၁ ဒေါ်လာ အစိုးရတိုးမြှင့် သုံးစွဲမည်” သတင်းမှ အသည်းအထူးကုဆရာဝန်ကြီး ဦးဇော်ထွန်းရှိန် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment