Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

ဤရာစုနှစ် စာမေးပွဲများကို မီးမွှေးမည့် ဘာသာရေးအရ မတူကွဲပြားမှုများ

(25 January 2014 ရက်စွဲပါ The Guardian မှ Tony Blair ရေးသားသော Religious difference, not ideology, will fuel this century’s epic battle ကို ဘာသာပြန်ဆိုသည်)

ပြီးခဲ့သည့် ရက်သတ္တပါတ်များကတော့ ဆီးရီးယား၊ လစ်ဗျား၊ အီရတ်၊ လက်ဘနွန်၊ အီဂျစ်၊ ယီမင်၊ တူနီးရှား နှင့် ပါကစ္စတန် စသည့် နေရာအမျိုးမျိုးတွင် စိတ်မချမ်းမြေ့ဖွယ် အကြမ်းဖက်တိုက်ခိုက်မှုများကို တွေ့ရပါသည်။ ယခုနှစ်ပိုင်း များအတွင်း ထိုသို့သော အကြမ်းဖက်မှုမျိုးကို နိုက်ဂျီးရီးယား၊ အာဖရိကအလယ်ပိုင်းမှ နိုင်ငံများ၊ ရုရှားနှင့် အာရှအ လယ်ပိုင်း၊ မြန်မာနိုင်ငံ၊ ထိုင်းနှင့် ဖိလစ်ပိုင် တို့တွင်လည်း တွေ့လာရသည်။ ကျွန်ုပ်တို့သည် ထို သတ်ဖြတ်မှုများကို အမျိုးမျိုးသော နိုင်ငံရေးအကြောင်းအရာများကို အခြေခံ၍ ဖြစ်လာသည်ဟုဆိုကာ သီးခြားစီ ရှုမြင်နိုင်သည့်အပြင် ဘုံအကြောင်းအရာတစ်ခုကို ရှင်းရှင်းလင်းလင်း စတင်တွေ့မြင်လာရသည်ဟုလည်း ရှုမြင် နိုင်ပါသည်။ ထိုကိစ္စကို ကိုင်တွယ်ရန် စစ်မှန်သော ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတစ်ခု စတင်ဖော်ထုတ်ရတော့ မည် ဖြစ်ပါသည်။

တိုင်းပြည်တစ်ခုစီတွင် အကြမ်းဖက်မှုအတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် မတရားမှုများ သို့မဟုတ် အကြောင်းပြချက်များ ရှိသည်ဟု ဆိုနိုင်သော်လည်း အားလုံးတွင် တူညီသော အချက်တစ်ခု ရှိနေပါသည်။ ၎င်းမှာ အကြမ်းဖက်မှု ကျူးလွန်သူများသည် ဘာသာရေးကို အကြောင်းပြ အလွဲသုံးစားပြု၍ စေ့ဆော်ခဲ့သည် ဟူသော အချက်ဖြစ်ပါသည်။ ၎င်းမှာ ယုံကြည်ကိုးကွယ်မှုနှင့် ပတ်သက်၍ အဆိုးဖက်သို့ ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ သံသယဖြစ်ဖွယ်မရှိသော အချက်တစ်ခုမှာ အကြမ်းဖက်မှု ကျူးလွန်ကြသူများမှာ ၎င်းတို့ ယုံကြည် ကိုးကွယ်မှုကို အကြောင်းပြကြခြင်းဖြစ်ပြီး၊ ပဋိပက္ခ၏ ဘာသာရေးနှင့် ဆိုင်သော သဘာဝသည် ဘာသာရေးကို အခြေခံသော အစွန်းရောက်အတွေးအခေါ်များ ဖြစ်လာပါသည်။ ထို့အပြင် ဤပဋိပက္ခ၏ သဘာဝသည် လျော့မသွားပဲ ကြီးထွား လျက်ရှိနေသည်ကို တွေ့နေရပါသည်။

လတ်တလော ကျွန်ုပ်တို့ လုပ်ရမည့် ကာကွယ်မှုမှာ လိုအပ်သော လုံခြုံရေးကိစ္စများကို ကြိုတင်ပြင်ဆင်ရန် ဖြစ်ပါသည်။ ၉/၁၁ မှ စ၍ လုံခြုံရေးကိစ္စကြိုတင်ပြင်ဆင်မှုများမှာ တန်ဖိုးကြီးလှပြီး၊ ဝန်ထုပ်ဝန်ပိုးလည်း ကြီးပါသည်။ သို့သော် လုံခြုံရေးအရ လုပ်ဆောင်မှုတစ်ခုတည်း၊ (စစ်ရေးအရလုပ်ဆောင်သည့်တိုင်) သည် ဖြစ်ရသည့် အကြောင်း အရင်းကို ဖော်ထုတ်ကိုင်တွယ်ခြင်း မဟုတ်သေးပေ။ အဆိုပါ အစွန်းရောက်ဝါဒသည် လာရင်းအရပ် ရှိပါသည်။ ၎င်းမှာ မွေးကတည်းက ပါလာသော အတွေးအခေါ်တစ်ခု မဟုတ်ပေ။ သင်ယူလာခြင်း ဖြစ်ပါသည်။ ၎င်းကို ပုံမှန်ပညာရေးစနစ်မှ လည်းကောင်း၊ တစ်ခါတစ်ရံ သမရိုးကျမဟုတ်သော ဘာသာရေးကျောင်းများမှ ဖြစ်စေ သင်ယူလာကြပါသည်။ တစ်ခါတစ်ရံ ဘုရားဝတ်ပြုရာနေရာများတွင် သင်ယူကြပြီး အင်တာနက်ဆက်သွယ်ရေး၏ ကြီးမားသောကွန်ရက်ဖြင့် မြှင့်တင်ရေးပြုလုပ်လာကြပါသည်။

နည်းပညာသည် အခွင့်အလမ်းများကို သယ်ဆောင်လာသည့် နည်းတူအမုန်းတရားများနှင့် ခွဲခြားမှုများနှင့် ပတ်သက်သော တရားများကို ဖြန့်ဝေရန်လည်း အသုံးပြုလာကြပါသည်။ ယနေ့ အချိန်အခါသည် မည်သည့်ကာလ ကမျှနှင့် မတူအောင် ချိတ်ဆက်မိနေပြီ ဖြစ်ပါသည်။ ကြီးမားစွာ တိုးတက်နေပါသည်။ ဆိုလိုသည်မှာ တစ်ကမ္ဘာလုံး အပြန်အလှန်စကားပြောနိုင်မှု လုပ်ဆောင်နေနိုင်ပြီဟု ဆိုရပါမည်။ စိတ်လှုပ်ရှား စရာကောင်းပြီး လွတ်မြောက်မှုဟုလည်း မှတ်ယူနိုင်ပါသည်။ သို့သော် အဆိုပါ အခွင့်အလမ်းကို အစွန်းရောက် လုပ်ဆောင်မှုများ ပြုလုပ်သူများက သတင်း စကားဖြန့်ဝေရန်လည်း အသုံးချလာပါသည်။ ၎င်းတို့ကို တန်ပြန် တားဆီးရန် လိုအပ်ပါသည်။

လက်ရှိအားဖြင့်မူ ကျွန်ုပ်တို့၏ မြင်ကွင်းတွင် ဆီးရီးယားမှ မနှစ်မြို့ဖွယ် လူများ သေကြေနေရသည့် ကိစ္စကသာ လွှမ်းမိုးနေပါသည်။ ငြိမ်းချမ်းရေးညှိနှိုင်းမှုများ အောင်မြင်ပါစေဟုသာ မျှော်လင့်နေရပါသည်။ သို့သော် ယခုအချိန်တွင် လူပေါင်း (၁၃၀၀၀၀) ကျော် (အချို့က နှစ်သိန်းဟု ဆိုကြသည်) သေဆုံးပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်နေရခြင်းကြောင့် တိုင်းပြည်မှာ စုစည်းမှုအစည်းပြေလျက် ရှိပါသည်။ ဆီးရီးယားတွင် မည်သည့်ယုံကြည်ကိုးကွယ်မှုကို ကျင့်သုံးသည်ဖြစ်စေ သို့မဟုတ် မည်သည့်ယုံကြည်ကိုးကွယ်မှုမှ ဆင်းသက်လာသည်ဖြစ်စေ အားလုံးကို ညီတူညီမျှ ဆက်ဆံမှုမရှိမချင်း၊ အသိအမှတ်မပြုမချင်း၊ ငြိမ်းချမ်းရေး အတွက် ထာဝရသဘောတူညီမှုကို မြင်တွေ့နိုင်ဖွယ် မရှိပေ။ လူနည်းစုဘာသာရေး အုပ်စုက အမျိုးမျိုးကိုင်တွယ်မှုရှိသော လူများစုရှိသော တိုင်းပြည်ကို အုပ်စိုးထားလျှင် သို့မဟုတ် အစိုးရကို တိုက်ခိုက်နေသူများတွင် ဘာသာရေး အမျိုးမျိုးခြားနားနေမှုကို အခြေခံ၍ အုပ်ချုပ်လိုသူများအား ကောင်းနေပြီး ၎င်းတို့အလိုရှိမှုအား အကြမ်းဖက်ဝါဒကို သုံး၍ လုပ်ဆောင်ရန် ကြိုးစားပါက အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။

ဤကိစ္စသည် အခြေခံဥပဒေသစ်များက ဖော်ပြရုံဖြင့် လုံလောက်သော ကိစ္စများမဟုတ်ပေ။ ဒီမိုကရေစီ ဆိုသည်မှာ ဆန္ဒမဲပေးနိုင်သည့် နည်းလမ်းတစ်ခုမျှသာ မဟုတ်ပဲ၊ စဉ်းစားတွေးခေါ်ပုံ နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။ ပြည်သူများသည် အခြေခံဥပဒေက ဖော်ပြထားချက်များကို အလေးထားရုံမက ညီတူညီမျှဆိုသည် ကို ခံစားတွေးခေါ်ကြရ ပါမည်။ ဘာသာရေးနှင့် ပတ်သက်သော မတူကွဲပြားခြားနားမှုများကို လက်ခံအသိအမှတ် ပြုနိုင်ရန် သင်ကြားပေးရမည်။ ဆွေးနွေးငြင်းခုန်ပေးရမည်။ လက်ခံအသိအမှတ်မပြုနိုင်သူများကို လက်နက်ဖြင့် နှိမ်နှင်းရုံမက အတွေးအခေါ်ဖြင့်လည်း အနိုင်ရရန် ကြိုးပမ်းရမည် ဖြစ်ပါသည်။

အီရတ်အပါအဝင် ဒေသတစ်လွှားတွင် ဘာသာရေးအရ အစွန်းရောက်မှုသည် အတူတူထပ်တူဖြစ်ပြီး၊ ပြည်သူများ၏ ဒီမိုကရေစီ အနာဂတ်အတွက် ရပိုင်ခွင့်များကို ခြိမ်းခြောက်နေပါသည်။ ထို့ကြောင့် ၎င်းအစွန်းရောက်မှုကို တိုက်ခိုက်ပစ်ရမည်ဖြစ်ပါသည်။ အရှေ့အလယ်ပိုင်းသည် အရေးပါသည်ဆိုသည်မှာ ထို အကြောင်းပြချက်တော့ တစ်ခုအ ပါအဝင်ဖြစ်ပါသည်။ ၎င်းတို့နှင့် အဆက်အသွယ်ဖြတ်ခြင်းမှာ မှားယွင်းပြီး မျက်စိတစ်ဆုံးသာ ကြည့်သည်ဆို သည်ကို ပြနေပါသည်။ အစ္စလာမ်၏ ဗဟိုချက်ရှိရာတွင် ဘာသာရေးနှင့် နိုင်ငံရေးတို့ မည်သို့ငြိမ်းချမ်းစွာ တည်ရှိနေနိုင်မည်ဆိုသည့် ကိစ္စရပ်များကို ဆုံးဖြတ်ချက်ချနိုင်မည် ဖြစ်ပါသည်။

သို့သော ဤအစွန်းရောက်ပြဿနာသည် အစ္စလာမ်တွင်သာ အကန့်အသတ်နှင့် ရှိနေသည် မဟုတ်ပေ။ ကမ္ဘာအနှံ့တွင် အခြားဘာသာရေးအရ ယုံကြည်သူများ၏ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများတွင် အစ္စလာမ် ဘာသာ ဝင်မွတ်ဆလင်များက သားကောင်ဖြစ်နေရသည့် ဥပမာများ ရှိပါသည်။

ထို့ကြောင့် စိန်ခေါ်မှုမှာ ဘာလဲဆိုသည်မှာ ထင်ရှားလာပါသည်။ ၎င်းမှာ ၂၁ ရာစု၏ ပထမပိုင်း၏ ငြိမ်းချမ်းရေး နှင့် ပဋိပက္ခတို့၏ သဘာဝကို အဓိပါယ်ဖွင့်ဆိုပေးနိုင်ပါသည်။ ဤရာစုနှစ်၏ စစ်ပွဲများသည် ၂၀ ရာစုက စစ်ပွဲများ ကဲ့သို့ အစွန်းရောက်အတွေးအခေါ်များ၏ ထွက်ကုန်တစ်ခုအဖြစ် ဖြစ်နိုင်ချေ နည်းလာပါသည်။ ယဉ်ကျေးမှုနှင့် ပတ်သက်သော ကိစ္စရပ်များနှင့် ပတ်သက်ပြီး အလွယ်တကူရန်ပွဲများ ဖြစ်လာပါသည်။

အဖြေရှာရသော် မတူကွဲပြားခြားနားနေသူများကို အမြင်ကျယ်စေရန်နှင့် ကွဲပြားခြားနားမှုကို အသိအမှတ်ပြု လက်ခံရန် အမြင်များကို မြှင့်တင်ပေးရန် ဖြစ်ပါသည်။ တစ်ဖက်ပိတ်အတွေးအခေါ်များနှင့် ကွဲပြားခြားနားမှုကို လက်မခံရန် အင်တာနက်၌ သမရိုးကျပုံစံဖြင့် လည်းကောင်း၊ တရားမဝင်လည်းကောင်း ဝါဒဖြန့်ချီနေမှုများကို တိုက်ဖျက်ရပါမည်။ ယခု ၂၁ ရာစုတွင် ပညာရေးမှာ လုံခြုံရေးကိစ္စရပ်တစ်ခုပင် ဖြစ်လာပါသည်။

ကျွန်ုပ်အတွေ့အကြုံအရ 9/11 အလွန်ကာလတွင် အာဏာရှင်စနစ်အောက်မှာ လွတ်မြောက်လာသော တိုင်းပြည်များမှာ ပြည်သူများ၏ ဒီမိုကရေစီလိုလားချက်များကို ဘာသာရေးအစွန်းရောက်ဝါဒများက မည်သို့နှောင့်နှေး အောင် လုပ်ဆောင်နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် ဝန်ကြီးချုပ်ရာထူးမှ အနားယူပြီးနောက် ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ခဲ့ပါသည်။ ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ ယုံကြည် ကိုးကွယ်မှု အမျိုးမျိုးရှိသော လူများအကြား ဗဟုသုတနှင့် နားလည်မှုများ ပိုမိုအားကောင်းလာစေရန် မြှင့်တင် ပေးရေးဖြစ်ပါသည်။ ယုံကြည်ကိုးကွယ်မှု တစ်ခုအတွက် တောင်းဆိုခြင်းမဟုတ်ပဲ ယုံကြည်ကိုးကွယ်မှု အားလုံး အချင်းချင်းလေးစားရေး အတွက် ဖြစ်ပါသည်။ ယုံကြည်ကိုးကွယ်မှုကြောင့် ကျွန်ုပ်တို့ကြားတွင် ခွဲခြားမှုမရှိစေပဲ သနားညှာတာမှုနှင့် လူသားတန်ဖိုး အစစ်အမှန်များကို ကိုယ်စားပြုလာရန် ဖြစ်ပါသည်။

ဖောင်ဒေးရှင်းသည် နိုင်ငံပေါင်း ၂၀ ကျော်တွင် တက်ကြွစွာ လုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါ နိုင်ငံများတွင် ဘာသာရေးအစွန်းရောက် ဝါဒဒဏ်ကိုခံရသော နိုင်ငံအချို့လည်း ပါဝင်ပါသည်။ ဖောင်ဒေးရှင်းတွင် ပေါင်စတာလင် သန်းပေါင်းများစွာယ တန်သော ဘတ်ဂျတ်ရှိပြီး အချိန်ပြည့်ဝန်ထမ်း၊ အချိန်ပိုင်းဝန်ထမ်းမျာဖြင့် တိုးချဲ့လုပ်ကိုင်နေပါသည်။

ကျွန်ုပ် တို့သည် လက်တွေ့ ပရိုဂရမ်များကို အာရုံပြုပါသည်။ ကျောင်းပရိုဂရမ်များ တွင်လည်း IGCSE နှင့် နိုင်ငံတကာ အထက်တန်းကျောင်းများ၌ အသိအမှတ်ပြုထားပြီး အွန်လိုင်းဗီဒီယိုကွန်ဖရင့်များဖြင့် ကမ္ဘာအနှံ့မှ ကျောင်းသားများချိတ်ဆက်၍ တစ်ဦးအကြောင်းတစ်ဦး သင်ယူကာ အတူယှဉ်တွဲနေထိုင်ရေးကို မြှင့်တင်လျက် ရှိပါသည်။

တက္ကသိုလ်တွင် ပရိုဂရမ်များလုပ်ဆောင်နေရာ အပိုဆောင်း ဒီဂရီ သင်ခန်းစာများ သင်ကြားရန်ဖြစ်ပြီး ယေးလ်တက္ကသိုလ်တွင် စတင်နေပြီ ဖြစ်ပါသည်။ တရုတ်နှင့် လက်တင်အမေရိက အပါအဝင် တက္ကသိုလ် ၂၀ ကျော်တွင်လည်း စတင်နေရာ ကျောင်းသားများသည် ယုံကြည်ကိုးကွယ်မှုနှင့် ဂလိုဘယ်လိုက်ဇေးရှင်း ကို သင်ကြားကြရ ပါသည်။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ဘာသာတရားများအတွက် ကမ္ဘာကြီးမှ နေရာပေး ရပါမည်။

ယခုနှစ်နှောင်းပိုင်းတွင် Harvad Divinity School နှင့် ပူးပေါင်း၍ ဝက်ဆိုဒ်တစ်ခု ထူထောင်ပြီး ဘာသာရေးနှင့် ပဋိပက္ခနယ်တွင် ဖြစ်ပျက်နေမှုများအတွက် နောက်ဆုံးခွဲခြမ်းစိတ်ဖြာ လေ့လာချက်များ၊ ဘာသာတရားများကို နက်နဲစွာလေ့လာခြင်းများ၊ ဘာသာတရား၏ သက်ရောက်မှုများနှင့် အဓိကစိန်ခေါ်မှုများ စသည်တို့ကို ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့ လုပ်ဆောင်နေသော အတွေ့အကြုံအရ၊ ကျွန်ုပ်တို့သည် ကမ္ဘာကြီး၏ အစိတ်အပိုင်းတစ်ခုကိုသာ လက်လှမ်းမှီသောကြောင့် ကြီးမားလှသော ပြဿနာကြီးကို သေးငယ်သော အပိုင်းမှသာ ဝင်ရောက် တိုက်ခိုက် နိုင်ပါသေးသည်။ သို့သော် ရည်ရွယ်ချက်မှာ အစိုးရများ၏ မူဝါဒများပြောင်းသွားရေး ဖြစ်ပါသည်။ ဘာသာရေး အစွန်းရောက်မှုကို ဘာသာရေးကိစ္စတင်မဟုတ် နိုင်ငံရေးကိစ္စအဖြစ်ပါ ရှုမြင်၍ စတင်ကိုင်တွယ်ရန်၊ မည်သည့် နေရာမှစ၍ ဘာသာရေးကို မှားယွင်းရှုမြင်မှုစတင် ပြန့်ပွားသည်ကို အရင်းအမြစ်ရှာဖွေရန်၊ ကမ္ဘာ့ခေါင်းဆောင် များက အစီအစဉ်တွင် အဓိကကိစ္စရပ်အဖြစ် ပေါင်းစည်းတိုက်ဖျက်ကြရန်တို့ ဖြစ်ပါသည်။ ယခုမှ အစဖြစ်၍ အများကြီး ရုန်းကန်ကြိုးပမ်းကြရ ပါဦးမည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment