Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ပို့ကုန်အရည်အသွေးတိုးမြှင့်မှုလုပ်ရင် လက်ရှိပို့ကုန်တန်ဖိုးထက် နှစ်ဆကနေ သုံးဆအထိတက်နိုင်တယ်။ ဒါမှ တိုင်းပြည် စီးပွားတိုးတက်မှု မြန်မှာပါ။ အရင်လို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ပို့ကုန်အရည်အသွေးတိုးမြှင့်မှု လုပ်ပါလို့ မပြောတော့ပဲ နိုင်ငံတကာမှာလို value added လုပ်ရင် ဥပမာ လုပ်ငန်းအခွန်လျှော့တာမျိုး ဘဏ်က အထူးချေးငွေ ပေးတာမျိုးစတဲ့ ဥပဒေသတ်မှတ်မှုတွေ လုပ်ဆောင်သွားမယ်”

ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၄၃) တွင်ပါရှိသော “တိုင်းပြည်စီးပွား ဖွံ့ဖြိုး တိုးတက်မှုမြန်ဖို့ ပို့ကုန်ကဏ္ဍမြှင့်တင်မှုတွေ လုပ်နေ” သတင်းမှ ဒေါက်တာမောင်အောင် ၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“မေး-တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ အပစ် အခတ်ရပ်စဲရေး လုပ်ဆောင်နေကြတဲ့အပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ- ယုံကြည်မှုမရှိကြဘူး။ တိုင်းရင်းသားကလဲ ဒီဘက်ကို မယုံကြည်ဘူး။ ဒီဘက်ကလည်း တိုင်းရင်းသားတွေ ကို မယုံကြည်ဘူး။ ဒီ အခြေခံနဲ့ သေနတ်သံတွေကို ဆက်ပြီးကြားနေရတာပဲ။ နောက်ပြီး “ဝ” က တချို့ သတင်းတွေမှာ ပြည်နယ်တောင်းတဲ့အဆင့်ထိ ပြောတာမျိုးတွေ ကျွန်တော်တို့ တွေ့နေရတယ်။ တကယ့်ခေါင်းဆောင် တွေက ပြောတာ ဟုတ်၊မဟုတ်ဆိုတာ အန်ကယ်တော့ မသိဘူး။ သို့သော် ဒါတွေဟာ ငြိမ်းချမ်းရေးအတွက် မကောင်းဘူးလို့ ယူဆတယ်။ သူက ဖက်ဒရယ်ပြည်ထောင်စုထဲမှာ ဝင်လာပြီးရင် မိမိအခွင့်အရေး၊ မိမိတောင်းဆိုတာ မဟုတ်ဘူး။ အခုက ဆွေးနွေးပွဲမှာ သူ့ကို ပြည်နယ်ပေးပါဆိုတဲ့ဟာကိ အန်ကယ်တို့တော့ သိပ်မကြိုက်ဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် နည်းနည်း နှောင့်နှေးစေမယ်လို့ ထင်တယ်”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် Venus News Journal အတွဲ (၅) အမှတ် (၂၇) တွင်ပါရှိသော “ဖက်ဒရယ် ပြည်ထောင်စု မပေးရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဟိုဘက်ကိုဝေးသွားမှာပဲ” အင်တာဗျူးမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဥာဏ်ဝင်း ၏ ဖြေကြားချက်အား ကောက်နှုတ်ချက်။


 

“အခြေခံဥပဒေပြင်ဖို့ဆိုရင် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုဟာ အရေးပါတဲ့ ကဏ္ဍမှာပါဝင်နေတဲ့အတွက် ဒီဆွေးနွေးမှုကို ပြုလုပ်နိုင်ဖို့အတွက် ပြည်သူတွေဘက်က ပူးပေါင်းပါဝင်ဖို့ လိုအပ်နေတယ်ဆိုတာ တိုက်တွန်းတဲ့အနေနဲ့ အခုလို စီစဉ်ရ တာဖြစ်ပါတယ်”

ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “လေးပွင့်ဆိုင် တွေ့ဆုံရေး ပြည်သူများတွန်းအားပေးရန် ဒီချုပ်ကြိုးပမ်း” သတင်းမှ NLD ပါတီမှ အလုပ်အမှုဆောင် မဇာခြည်မျိုးထွဋ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အကြမ်းအားဖြင့်တော့ လိုင်ဇာသဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့အဖွဲ့အားလုံး အကျုံးဝင်တယ်။ လော်ခီးလာ ကွန်ဖရင့်ကို တက်ရောက်တဲ့အဖွဲ့အားလုံး အကျုံးဝင်တယ်။ နောက်တစ်ခါ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ထားတဲ့အဖွဲ့အားလုံး အကျုံးဝင်တယ်။ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းအားလုံးရဲ့ ကြန်အင် လက္ခဏာနဲ့ ပြည့်စုံတဲ့အဖွဲ့အစည်းအားလုံး အကျုံးဝင်တယ်။ အကျုံးမဝင်တာက နှစ်ခုရှိတယ်။ တစ်ခုက အစိုးရက သော်လည်းကောင်း၊ တပ်မတော်ကသော်လည်းကောင်း၊ သြဇာခံဖြစ်နေတယ်။ လက်အောက်ခံဖြစ်နေတဲ့ တပ်တွေကတော့ အကျုံးမဝင်ဘူး။ နောက်တစ်ခါ ဗမာအစိုးရကို ဆန့်ကျင်နေတာတင် မကဘူး။ အိမ်နီးနားချင်း တိုင်းပြည်တစ်ခုခုကိုပါ ဆန့်ကျင်နေတဲ့ အဖွဲ့မျိုး ဥပမာ အိန္ဒိယအစိုးရ ကိုလည်း ဆန့်ကျင်တယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရ ကိုလည်းဆန့်ကျင်တယ်။ အဲဒီလိုအဖွဲ့တွေလည်း အကျုံးမဝင်ဘူး။ အဲဒီမူနဲ့ ရွေးချယ်သွားမယ်”

ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမည်ဆိုပါက အစိုးရ၏ သြဇာခံ၊ လက်အောက်ခံ ဖြစ်ပြီးသား တပ်ဖွဲ့များပါဝင်မည် မဟုတ်ကြောင်း NCCT ပြောကြား” သတင်းမှ ဗိုလ်မှူးကြီး ခွန်ဥက္ကကာ ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“လျှပ်စစ်ဥပဒေကြမ်းက ဥပဒေကြမ်းအဆင့်ပဲရှိသေးတယ်။ လျှပ်စစ်ဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနနှစ်ခု ပေါင်းစပ်ပြုစု ထားတဲ့ ဥပဒေမျိုးဖြစ်သလို ပြည်သူဗဟိုပြုတဲ့ ဥပဒေ၊ ပြည်သူအကျိုးပြုတဲ့ ဥပဒေဖြစ်ဖို့လိုတယ်။ အဓိကဖြင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရတင်မဟုတ်ဘဲ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ပါဝင်ပူးပေါင်း ဆောင်ရွက်ဖို့ တိုးတက်လာစေဖို့ ဒီဥပဒေကြမ်းမှာ ထည့်သွင်းရေးဆွဲထားတယ်။ ဓါတ်အားခနှုန်းထားက မည်၍ မည်မျှ ကောက်ခံရမယ်ဆိုတာကိုတော့ ဥပဒေမှာ မဖော်ပြထားဘူး။ ဒါက နည်းဥပဒေတို့ အမိန့်ကြော်ငြာစာ တို့နဲ့သွားမယ်။ သို့သော် လျှပ်စစ်ဓါတ်အားခ နှုန်းထား သည် ပြည်သူဗဟိုပြုတဲ့ နှုန်းထားတွေဖြစ်ဖို့ ဥပဒေမှာ ရေးဆွဲထားတယ်။ ဒါ့အပြင် ပြည်ပက ဝင်လာတဲ့ လျှပ်စစ်ပစ္စည်း တွေက အရည်အသွေးမမီတာတွေ ရှိတယ်။ ပြည်တွင်းက ထုတ်တာတွေ အရည်အသွေး မကောင်းတာတွေကြောင့် မီးလောင်တာတွေ ဖြစ်တယ်။ အဲဒီ စံချိန်စံညွှန်းကိစ္စတွေ ပါပါမယ်”

ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ပြည်သူဗဟိုပြုသည့် လျှပ်စစ်ဓါတ်အားခ နှုန်းထားများ ဖြစ်ပေါ်စေရန်နှင့် ပုဂ္ဂလိက လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု ပိုမိုပါဝင်လာစေ မည့် လျှပ်စစ်ဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း” သတင်းမှ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးသိန်းလွင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment