Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(South China Morning Post မှ 26 Jan 2014 ရက်စွဲပါ “Suu Kyi will be invited to Beijing , says China’s ambassador to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

(ENT News မှ 26 Jan 2014 ရက်စွဲပါ “Expanding network: Myanmar airlines” သတင်းကို ဘာသာပြန်ဆိုသည်)


ဒေါ်အောင်ဆန်းစုကြည်အား ဘီဂျင်းသို့ တရားဝင်ဖိတ်ကြားတော့မည်ဟု တရုတ်သံအမတ်ကြီး ပြောကြား

(South China Morning Post မှ 26 Jan 2014 ရက်စွဲပါ “Suu Kyi will be invited to Beijing , says China’s ambassador to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်ပြည် ဘီဂျင်းသို့ တရားဝင်ခရီးစဉ် ဖိတ်ကြားရန်အတွက် အချိန်ကိစ္စတစ်ခုသာ ညှိနှိုင်းရန်ကျန်တော့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရန်ဟိုလန် က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း “သူမအနေဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး သြဇာလွှမ်းမိုးထား ဆဲ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်လိုကြောင်း၊ သို့သော် ဖိတ်ကြားမှုသည် တရုတ်အစိုးရထံမှ လာသင့် ကြောင်း” ပြောဆိုထားသည်။

တရုတ်နိုင်ငံမှ အစိုးရတစ်ပိုင်း အဖွဲ့အစည်းများ၏ ယခင်ဖိတ်ကြားမှုများကို ဒေါ်အောင်ဆန်းစုကြည်က  ငြင်းဆန်ခဲ့သည်။ တရုတ်သံအမတ်ကြီး ရန်ဟိုလန် က “ဘီဂျင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ အားလုံးနှင့် ဆက်လက်ထိတွေ့ ဆက်ဆံသွားမည် ဖြစ်ကြောင်း၊ အစီအစဉ်များ အတည်မပြုရသေးသော်လည်း နှစ်ဖက်စလုံးအဆင်ပြေသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အား တရားဝင်ဖိတ်ကြားမှု ထွက်ပေါ်လာမည် ဖြစ်ကြောင်း ” ရှင်းလင်းပြောဆိုသည်။

“ကျွန်တော်ဒီမှာ တာဝန်ထမ်းဆောင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ပါ တယ်။ သူမရဲ့ နိုင်ငံတကာ ကျော်ကြားမှုအဆင့်အတန်းနဲ့ မြန်မာတွေအကြား ရေပန်းစားမှု အခြေအနေတွေကြောင့် တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုဟာ အချိန်ကိစ္စတစ်ခုပဲ ကျန်ပါတော့တယ်” ဟု ရန်ဟိုလန်က ဆက်လက်ပြောကြားသည်။

၂၀၁၁ နှစ်ကုန်ပိုင်းတွင် တရုတ်သတင်းမီဒီယာနှင့် အင်တာဗျူးပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသို့ သူမ သွားရောက် လည်ပတ်မည်ဟူသော မှန်းဆချက်များ စတင်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မနှစ်က ဇန်နဝါရီလ တောင်ကိုရီးယားခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ မကြာမှီ အတောအတွင်း သွားရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံပါတီနှင့် တရုတ်နိုင်ငံတို့အကြားမှ ဆက်ဆံရေးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ မတိုင်မှီ ပိုမိုရင်းနှီးမှုရှိအောင် နှစ်ဖက်စလုံးက လိုလားကြ ပုံရခြင်းကြောင့် မနှစ်က သိသိသာသာ တိုးတက်လာခဲ့သည်။

NLD ပါတီဖက်မှလည်း မနှစ်ကတရုတ်နိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ လေးဖွဲ့ စေလွှတ်ခဲ့သည့်အပြင် မကြာသေး မှီ ဒီဇင်ဘာလအတွင်းက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ယုံကြည် စိတ်ချရသူတစ်ဦးဖြစ်သည့် ပါတီအ တွင်းရေးမှူး ဦးဥာဏ်ဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ လာရောက်ခဲ့သည်။

တရုတ်သံအမတ်ကြီး ရန်ဟိုလန် က “အခြေအနေအသစ်၊ ဖြစ်ရပ်အသစ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ ဆက်လက်မြှင့်တင်သွားဖို့ နည်းလမ်းတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ အမြင်တွေကို ကျွန်တော်တို့ ကလည်း နားထောင်ဖို့ စိတ်ဝင်စားနေပါတယ်” ဟု ပြောကြားသည်။

မြန်မာအာဏာပိုင်များ၏ ဒီမိုကရေစီ အမှန်တကယ်လိုလားမှုကို ပီပီပြင်ပြင် စမ်းသပ်မည်ဟု ယူဆရသော ၂၀၁၅ ရွေးကောက်ပွဲများတွင် အာဏာရပြည်ခိုင်ဖြိုးပါတီနှင့် ယှဉ်ပြိုင်သည့်အခါ ပြတ်ပြတ်သားသား အနိုင်ရလိမ့်မည်ဟု NLD ပါတီက မျှော်လင့်လျက်ရှိသည်။

သမ္မတဦးသိန်းစိန်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ရည်ညွှန်းသည့်အနေဖြင့် မည်သည့်နိုင်ငံသားမဆို နိုင်ငံခေါင်းဆောင်ဖြစ်လာနိုင်ရန်အတွက် အခြေခံဥပဒေပြင်ဆင်ခြင်းကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုထားသည်။


 မြန်မာလေကြောင်းလိုင်းများ ခရီးစဉ်ကွန်ယက်တိုးချဲ့

(ENT News မှ 26 Jan 2014 ရက်စွဲပါ “Expanding network: Myanmar airlines” သတင်းကို ဘာသာပြန်ဆိုသည်)

Myanmar Airways International MAI သည် ၂၀၁၄ တွင် ပြည်တွင်း၊ ပြည်ပ စင်းလုံးငှား ခရီးစဉ် နှစ်မျိုးစလုံး ကို စတင်ပျံသန်းပေးတော့မည်ဟု MAI ဈေးကွက်နှင့် ပြန်ကြားဆက်ဆံရေးအရာရှိ ဒေါ်အေးမရသာ က ပြောကြားသည်။

မြန်မာနိုင်ငံ၏ လေကြောင်းခရီးသွားကဏ္ဍဖွံ့ဖြိုးလာခြင်းကြောင့် MAI ကလာမည့် နှစ်တွင် လေယာဉ်သစ်များ ထပ်မံဝယ်ယူကာ ခရီးစဉ်များ တိုးချဲ့ပျံသန်းရန် စီစဉ်နေခြင်း ဖြစ်သည်။

“ခရီးသည်တွေရဲ့ တောင်းဆိုမှုအပေါ် မူတည်ပြီးတော့ ဒီနှစ်ထဲမှာ ဂျပန်နဲ့ တောင်ကိုရီးယားကို စီးလုံးငှားလေ ယာဉ် တွေ ပျံသန်းပေးဖို့ စီစဉ်နေပါတယ်၊ ဒါ့အပြင် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်ကိုလည်း စီးလုံးငှားခရီးစဉ်တွေ ပျံသန်းပေးဦးမှာ ဖြစ်ပါတယ်” ဟု သူမက ရှင်းလင်း ပြောကြားသည်။ MIA ၏ လေယာဉ်ကြီးများသည် အဆိုပါလေဆိပ်သုံး ခု၏ ပြေးလမ်းများတွင်သာ ဆင်းသက်နိုင်သည်ဟု သိရသည်။

ပြည်တွင်းခရီးစဉ်ပျံသန်းသော “မြန်မာ့လေကြောင်း” သည်လည်း ၂၀၁၃ ခုနှစ်အတွင်း ခရီးသည် ၃၅ ရာခိုင်နှုန်း တိုးလာမှုကြောင့် လေယာဉ်သစ်များ ထပ်မံဝယ်ယူကာ ခရီးစဉ်များတိုးချဲ့ပျံသန်းတော့မည်ဟု ဆိုသည်။

လောလောဆယ်တွင် ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊ ဘန်ကောက်၊ စင်ကာပူသို့ ပျံသန်းပြေးဆွဲနေသော ပြည်တွင်းပုဂ္ဂလိကပိုင် Golden Myanmar Airlines GMA သည်လည်း မြစ်ကြီးနားခရီးစဉ် ကို တိုးချဲ့လိုက်သည့်အပြင် နောက်ထပ်ပြည်နယ်ဒေသ ၉ ခုရှိ လေဆိပ်များသို့ တိုးချဲ့ပျံသန်း ပေးသွားမည်ဟု သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment