Transparency Myanmar

transparency.myanmar@gmail.com

ဘာသာပြန်သတင်းများ

(OPP-Connect news မှ 28 Jan 2014 ရက်စွဲပါ “Mandalay agents fight to 57% property tax” သတင်းကို ဘာသာပြန်ဆိုသည်)

(GOV.UK News မှ 28 Jan 2014 ရက်စွဲပါ “FCO Minister Huge Swire Visits Burma” သတင်းကို ဘာသာပြန်ဆိုသည်)


အိမ်ခြံမြေရောင်းဝယ်ခွန် ၃၇ ရာခိုင်နှုန်း ချမှတ်မှုကိုလျှော့ရန် မန္တလေးပွဲစားများ ကြိုးပမ်း

(OPP-Connect news မှ 28 Jan 2014 ရက်စွဲပါ “Mandalay agents fight to 57% property tax” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးမှ အိမ်ခြံမြေ ပွဲစားများက အိမ်ခြံမြေရောင်းဝယ်ခွန် ၃၇ ရာခိုင်နှုန်း ချမှတ်မှုကို လျှော့ချပေးရန် အာဏာပိုင်များထံ အသနားခံကြမည်ဟု ပြောကြားလိုက်ပါသည်။

ယခင် စည်းကြပ်သော အခွန် ၁၅ ရာခိုင်နှုန်းအစား ၂၀၁၂ သြဂုတ်လက ပြင်ဆင်ချမှတ်သော ၃၇ ရာခိုင်နှုန်း သည် အိမ်ခြံမြေဈေးကွက်ကို ထိခိုက်ပျက်စီးစေသည်ဟု ဝိုင်းဝန်းပြစ်တင်ခြင်းခံနေ ရပါသည်။

အစိုးရက ၎င်းချမှတ်သော မူဝါဒအစီအစဉ်များသို့ ပိုမိုပူးပေါင်းပါဝင်ကြရန် အိမ်ခြံမြေအကျိုးဆောင်များကို တရားဝင်ဖိတ်ခေါ်ခဲ့ပြီးနောက် ယခင်အပတ်က ပြုလုပ်သော အိမ်ခြံမြေပွဲစားများ အစည်းအဝေးတွင် မန္တလေး အိမ်ခြံ မြေ အကျိုးဆောင်များ အသင်းဖွဲ့စည်းရန် တိုက်တွန်းတောင်းဆို ခဲ့ကြသည်။

“မြေဈေးနှုန်း စံသတ်မှတ်ချက်တွေနဲ့ ပါတ်သက်တဲ့ အဆိုပြုချက် ၁၁ ချက်ကို ဖေဖော်ဝါရီ ၁၁ ရက် နောက်ဆုံးထားပြီး တင်ပြကြမှာပါ။ မြေရောင်းဝယ်ခွန် ၃၇ ရာခိုင်နှုန်း ချမှတ်မှုကိုလည်း လျှော့ချပေးဖို့ အကြံပြု တင်ပြကြမှာပါ” ဟု ဖိုးလမင်းအကျိုးဆောင်မှ ဦးဝဏ္ဏစိုး က မြေပွဲစားများ အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်တွင်လည်း အောက်တိုဘာလက အခွန်စီမံချက် အကောင်အထည်ဖော်ပြီး နောက်ပိုင်း တန်ဖိုးကြီးမြေဈေးကွက် အရောင်းအဝယ် အေးသွားခဲ့သည်။ ရန်ကုန်ဒေသအစိုးရက အိမ်ခြံမြေ ရောင်းဝယ်ခွန် ကောက်ခံရန်အတွက် မြေပေါက်ဈေး စံသတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့သည်။ တန်ဖိုးကြီးမြေ (ဒေါ်လာ တစ်သန်းနှင့်ညီမျှသော ကျပ်ငွေ သိန်း ၁၀၀၀၀ ခန့်) အရောင်းအဝယ် ထက်ဝက်လျှော့ပါးသွားသော်လည်း တန်ဖိုးနည်း မြေဈေးကွက်မှာမူ ဝယ်လိုအားကောင်းနေဆဲဟု သိရှိရသည်။

ယခုအခါ ရန်ကုန်မြို့တော် အိမ်ခြံမြေလုပ်ငန်းသည် ၂၀၁၂ နောက်ပိုင်း နှစ်ဆတက်လာသည့် ငှားရမ်းခများ အပေါ်တွင် မှီခို၍ လုပ်ကိုင်နေကြရသည်။ သို့သော် ၂၀၁၅ နောက်ပိုင်းတွင် ပြန်မတ်လာသော ဆောက်လုပ်ရေး လုပ်ငန်းမှာမူ ဝယ်လိုအားက ရောင်းလိုအားထက် သာလွန်နေဆဲဟု သိရှိရသည်။


 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဟူဂိုဆွာရာ မြန်မာနိုင်ငံသို့ ရောက်ရှိလာ

(GOV.UK News မှ 28 Jan 2014 ရက်စွဲပါ “FCO Minister Huge Swire Visits Burma” သတင်းကို ဘာသာပြန်ဆိုသည်)

ဗြိတိန်နိုင်ငံခြားရေးဌာနဝန်ကြီး ဟူဂိုဆွာရာ သည် ဒီမိုကရေစီ အပြောင်းအလဲနှင့် ရခိုင်ပြည်နယ် အခြေအနေ တို့ကို ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရ အကြီးတန်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် အတွက် မြန်မာ နိုင်ငံသို့ အင်္ဂါနေ့တွင် ရောက်ရှိလာသည်။

ယခု ခရီးစဉ်သည် ၁၃ လအတွင်း မြန်မာနိုင်ငံသို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒုတိယအကြိမ်မြောက် ရောက်ရှိ လာခြင်းဖြစ်ပြီး၊ လူ့အခွင့်အရေး တိုးတက်လာရေး၊ တိုင်းရင်းသား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အားပေး ထောက်ခံရေးနှင့် ရခိုင်ပြည်နယ် တိုးတက်မှုရှိရန် စည်းရုံးရေးတို့အတွက် ဗြိတိန်က တာဝန်ခံထား ခြင်းကို ပြသနေ သည်။

နေပြည်တော်တွင် ပြုလုပ်သော တွေ့ဆုံဆွေးနွေးမှုများတွင် ဟူဂို သွားရာက အောက်ပါအတိုင်း ပြောကြားခဲ့ သည်။

“လက်ရှိအချိန်ဟာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုအတွက် အရေးပါတဲ့နှစ် ဖြစ်ပါတယ်။ ဒီ တိုင်းပြည် ဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ခရီးရှည်ကြီး ဖြတ်သန်းခဲ့ရတာပါ။ ပြီးတော့ ဒီမှာ ပြုလုပ်ထားတဲ့ တိုးတက်ပြောင်းလဲမှု အထောက်အထားတွေကို အခု ဒုတိယအခေါက်ခရီးစဉ်မှာ မြင်တွေ့ရတဲ့အတွက် ကျေနပ်မိပါတယ်။ သို့ပေမယ့် လုပ်စရာတွေ အများကြီးကျန်နေပါသေးတယ်။ မြန်မာပြည်သူအားလုံး အတွက် တန်းတူညီမျှအခွင့်အရေးတွေကို ပြဌာန်းပေးမယ့် နိုင်ငံသားအားလုံးကို သမ္မတနေရာအတွက် ယှဉ်ပြိုင်ခွင့်ရစေမယ့် ပြောင်းလဲမှုတွေ၊ ၂၀၁၅ မှာ ဒီမိုကရေစီ ပြည့်ဝတဲ့ရွေးကောက်ပွဲတွေ ဖြစ်လာစေမယ့် အခြေခံဥပဒေပြောင်းလဲမှုတွေရဲ့ အရေးပါမှုကို မကြာသေးမှီ ကပဲ ကျွန်တော် တင်ပြခဲ့ပါတယ်”

“နောက်တစ်ချက်ကတော့ ရခိုင်ပြည်နယ်က အနေအထားကြောင့် အလွန်အမင်း စိုးရိမ်ပူပန်နေရတုန်းပဲ ဆိုတာကိုလည်း မြန်မာအစိုးရ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ ပြီးတော့ ရိုဟင်ဂျာ အမျိုးသမီးတွေ၊ ကလေးတွေ အများစုပါဝင်တဲ့ လူတွေ အသတ်ခံရကြောင်း လတ်တလော သတင်းတွေ ထွက်ပေါ်နေတာ ကို ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ တိုက်တွန်းပါတယ်။ ဥပဒေဆိုးမိုးမှု သက်ရောက်အောင်နဲ့ တရားမျှတမှုရှိအောင် အမြန်ဆုံး ချက်ခြင်းလက်ငင်း အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဆက်လက် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုဟာ ရပ်တန့်ပစ်ရ မယ့် အဖြစ်ဆိုး ဖြစ်တဲ့အပြင်၊ အဆုံးမသတ်နိုင်ဘူးဆိုရင် ပိုမိုကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် တစ်ခုလုံးကိုပါ ဘေးဥပဒ်ဖြစ်စေမယ့် အန္တရာယ်တွေ ရှိနေပါတယ်”

ရခိုင်ပြည်နယ်မှ သတင်းကြောင့် နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများ ကြီးထွားနေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဆွေးနွေးပြောဆိုသူ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဟူဂိုဆွာရာ သည် နောက်တနေ့တွင် ကချင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး ကြာသာပတေးနေ့တွင် ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းခြွေမည်ဟု သိရှိရသည်။


Attached: International media (1)
Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment