Transparency Myanmar

transparency.myanmar@gmail.com

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဘဝပြန်လည်ထူထောင်ဖို့အတွက် အသက်မွေးမှုသင်တန်းတွေကို ပေးနေပါတယ်။ အရေးကြီးတာက အဲဒီ သင်တန်း တွေကို ပြီးဆုံးအောင်တက်ဖို့ လိုပါတယ်။ ကိုယ်ဝါသနာပါတဲ့ သင်တန်းကို ရွေးချယ်တက်ရောက်ပြီး ပြီးဆုံးအောင် သင်ကြားမှသာလျှင် ဘဝကို ပြန်လည်ထူထောင်နိုင်မှာပါ။ ကျန်းမာရေးနဲ့ ပတ်သက်လို့ ရှိရင်လည်း ဦးဝင်းတင် ဖောင်ဒေးရှင်းကနေ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပေးနေတာတွေရှိတယ်။ နိုင်ကျဉ်းသားသမီး ပညာရေး အတွက် လည်း ဦးဝင်းတင်ဖောင်ဒေးရှင်းနဲ့ အေအေပီပီ ကနေ ပေးနေတဲ့ ပညာသင်ထောက်ပံ့ကြေးတွေ ရှိတယ်။ အလှူရှင် တွေ အနေနဲ့က ရော့အင့် ငွေဘယ်လောက်ဆိုတာမျိုး ပေးမှာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ အခုလုပ်နေတဲ့ ဘဝပြန် လည်ထူထောင်ရေးဆိုတာက တက်နိုင်သမျှ လုပ်နေတဲ့ သဘောဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဘဝပြန်လည်ထူထောင်ရေးကို လုပ်ပေးဖို့လိုတယ်။ သူတို့လုပ်ပေးရင်တော့ ပြည့်ပြည့်စုံစုံ လုပ်နိုင်တာပေါ့”

ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အစိုးရကို ယုံကြည် စိတ်ချမှုမရှိသေး၍ နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျခံခဲ့ရသူအချို့ နိုင်ငံရေးအကျဉ်းသား အဖြစ် စာရင်း ပေးရန် ငြင်းဆန်” သတင်းမှ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးမြင့်အောင်  ၏ပြောကြား ချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့က လူရှေ့သူရှေ့မှာ လက်မှတ်ထိုးပြပြီး ညာနေဖို့မဟုတ်ဘူး။ ကိုယ့် နိုင်ငံပြဿနာကို အမှန်တကယ် ဖြေရှင်းပြီးပြီလား စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ လူတွေပျှော်ရွှင်နေကြပြီလား ငါ တို့ အနာဂတ် အတွက် ခိုင်မာတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းတွေ ပွင့်ပြီလားဆိုတဲ့ အပေါ်မှာ အနှစ်သာရရှိရှိ ပြောဆိုလုပ်ကိုင်ဖို့ လိုတယ်။ အခု အစိုးရဘက်က ပြောဆိုနေ တာတွေက အပြင်ပန်းဆန်နေတယ်”

ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “လိုအပ်ပါက မြန်မာ ပြည်ကို ကာကွယ်ရန် အသင့်ရှိဟု ရခိုင်တပ်မတော် စစ်ဦးစီးချုပ်ဆို” သတင်းမှ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“ကျွန်တော်သိချင်တာက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ချပေးတဲ့ပြည်သူတွေဆီကရတဲ့ ငွေကနေပြန်ချ ပေးတဲ့ ကျပ်သိန်း ၁၀၀၀ က လွှတ်တော်ကိုယ်စားလှယ်တွေ သဘောအတိုင်း အသုံးပြုခွင့်ပေးထားတာလား ဆိုတာပါပဲ။ အဲဒီ သိန်းတစ်ထောင်နဲ့ ပတ်သက်လို့ သုံးစွဲခွင့်တွေကို ကျွန်တော်အပါအဝင် မသိတဲ့ ပြည်သူတွေအများကြီး ရှိနေပါတယ်”

ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “မြို့နယ်အလိုက်ချ ပေးသည့် ကျပ်သိန်း ၁၀၀၀ အပေါ် အခွန်ငွေ ၂၀ ရာခိုင်နှုန်းပေးရခြင်းနှင့် ပတ်သက်၍ မေးခွန်းထုတ်ပြီ” သတင်းမှ ဦးကျော်စွာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုလို တိုက်နေကြရပေမယ့် မြန်မာလူမျိုးနဲ့ မြန်မာတပ်မတော်ကို ကျွန်တော်တို့ မမုန်းဘူး။ အတူယှဉ်တွဲ ပြီးသွားကြမယ်”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၆) တွင် ပါရှိသော “စစ်ပွဲမဆင် နွှဲလိုတော့သည့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် ပြည်ထောင်စုအစိုးရသို့ ပန်ကြားလွှာ တရားဝင် ပေးပို့မည်” သတင်းမှ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“ယုံကြည်မှုတည်ဆောက်ဖို့ လိုနေပါပြီ။ တစ်ဖက်နဲ့ တစ်ဖက်က ယုံကြည်မှုမရှိကြဖူး ဖြစ်နေတယ်။ လက်ရှိ ဆွေးနွေးပွဲက ဘယ်အချက်ကိုမှ အာမခံချက်ပေးနိုင်တာ မရှိသေးပါဘူး။ အတည်ပြုနိုင်တာလည်း မရှိပါဘူး မူဝါဒတွေပေါ်မှာ ဆွေးနွေးနေ တာပဲ ဖြစ်ပါတယ်။ အဲဒီအဆင့်မှာတင် ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ မြန်မာ့ပညာရေးက ရင်လေးစရာပဲ။ ဘာပဲ ဖြစ်ဖြစ် အားလုံးဝိုင်းဝန်းပြီး ဆောင်ရွက်ကြရမှာပါပဲ”

ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၄၇) တွင်ပါရှိသော “ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ မူဝါဒဆွေးနွေးပွဲ ကန့်ကွက်မှုများ ကြုံတွေ့” သတင်းမှ ပညာရေးကျွမ်းကျင်သူတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


Attached: Q & C
Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment