Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကို အဖြေရှာဖို့ ကြိုးစားတာကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အနေနဲ့ နားလည်ပေမယ့် တချို့အချက်တွေကို သူ တစ်ဦးတည်း ဆုံးဖြတ်လို့ မရတဲ့အတွက် သမ္မတနဲ့ လွှတ်တော်အပိုင်းနဲ့ ဆွေးနွေးရမှာတွေ၊ နောက်တပ်ပိုင်းဆိုင်ရာ ကိစ္စတွေရှိပါတယ်။ တိုင်းရင်းသားတွေနဲ့ အနေနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာမှာ စိုးရိမ်ကြောင့်ကြမှု တွေရှိနေတယ်။ ဒါတွေ လျှော့ချဖို့အတွက်လည်း ကြိုးစား နေပေမယ့် တိုင်းရင်းသားခေါင်းဆောင်တွေက အလုံးစုံ မဟုတ်တောင် ၁၀၀ ရာခိုင်နှုန်းနီးပါး ကျေနပ်မှုလိုချင်ကြတယ်။ ဒီနေ့ NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ရဲ့ လော်ခီးလာကမူကြမ်းကို ဆွေးနွေးချက် ရလဒ် တွေကတော့ ကောင်းမွန်ပါတယ်”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “လက်နက်ကိုင်တို့ရဲ့ လော်ခီး လာ (ကရင်ပြည်နယ်) မူကြမ်း ၁၁ ချက် ငြိမ်းချမ်းဖော်ဆောင် ဗဟိုအဖွဲ့နဲ့ လွှတ်တော်ကို တင်ပြဖို့ လိုအပ်လို့” သတင်းမှ ဦးညိုအုန်းမြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ရှိမှာ အပြောင်းအလဲကာလတစ်ခုကို ဖြတ်သန်းနေတဲ့အချိန်ဖြစ်လို့ တစ်ဖက်နဲ့တစ်ဖက် ထိခိုက်လွယ်တဲ့ အဖြစ် အပျက်သတင်းမျိုးကို မှန်၊မမှန် စိစစ်မှုမရှိဘဲ သတင်းထုတ်ပြန်တာတွေက ပဋိပက္ခကို ပိုဖြစ်စေပါတယ်။ ဒါ့ကြောင့် ဒီလိုသတင်း တွေ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်ပသတင်း ဌာနတွေ၊ သက်ဆိုင်ရာသံရုံးတွေ အနေနဲ့ ကိုယ်ထုတ်ပြန်ခဲ့တဲ့ သတင်းမှန်၊မမှန် ပြန်သုံးသပ်ပေးဖို့ ကျွန်တော်တို့ အဖွဲ့ချုပ်က တောင်းဆိုပါတယ်”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ဒုချီးရားတန်းကျေးရွာ ဖြစ်ရပ် သတင်းထုတ်ပြန်သော အဖွဲ့အစည်းများ သတင်းမှန်၊မမှန် ပြန်သုံးသပ်သင့်” သတင်းမှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဦးလှမြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြစ်၊ချောင်းများဆိုင်ရာ ဘူမိရုပ်သွင်ရှုထောင့်အရ မြစ်ဆုံဆည်မှ မဟုတ်ဘူး။ ဧရာဝတီမြစ်နဲ့ ရေဝေရေလဲ ဒေသအတွင်း ဘယ်နေရာမှာပဲဖြစ်ဖြစ် မြစ်ကို ပိတ်ဆို့တာ မကြိုက်ဘူး၊ စီးဆင်းနေတဲ့မြစ်ကို ဘယ်နေရာမှာပဲ ပိတ်လိုက် ပိတ်လိုက် အနည်းနဲ အများ၊ အနှေးနဲ့အမြန်ထိခိုက်လာမယ်။ အကောင်း၊အဆိုးတော့ ရှိမယ်။ သို့သော် ဆိုးကျိုးကပိုများတယ်။ မြန်မာနိုင်ငံဟာ ဧရာဝတီ ၊ ဧရာဝတီဟာ မြန်မာပဲ ဒီမြစ်ဝှမ်းဒေသကြီး ပျက်စီးရင် မြန်မာ နိုင်ငံပျက်စီးတာနဲ့ အတူတူပဲ”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “မြစ်ဆုံစီမံကိန်းသည် မြန်မာ အတွက် ကောင်းကျိုးထက်ဆိုးကျိုးကိုသာ ပိုမိုစေမည် ဖြစ်သည့်အတွက် လုံးဝရပ်ဆိုင်းသင့်ကြောင်း ပညာရှင်များ ထောက်ပြ” သတင်းမှ မြစ်ချောင်းများဆိုင်ရာ ဘူမိရုပ်သွင်ပညာရှင် ဦးမောင်မောင်အေး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အရင်တုန်းက နိုင်ငံကို အုပ်ချုပ်တဲ့နေရာမှာ အငြင်းအခုန်ဖြစ်တယ်ဆိုရင် အာဏာရှင်က အဆုံးအဖြတ်ပေးတာ။ ဦးသန်းရွှေ က အဆုံးအဖြတ်ပေးလိုက်ရင် မှန်မှန် မမှန်မှန် ပြည်သူလူထု အကျိုးစီးပွားရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ အဲဒါက အတည်ပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်တော်ကလည်း ဥပဒေတွေ ပြဌာန်းရမယ်။ အစိုးရကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်။ ဆန့်ကျင်လို့မရဘူး။ တရားစီရင်ရေးကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့ဥပဒေတွေနဲ့ စီရင်လို့ မရဘူး။ ဒါတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးဆိုတာနဲ့ ထိန်းတယ်။ ဒီ ခုံရုံးက အဆုံးအဖြတ်က အဓိကပဲ။ အငြင်းအခုံဆိုတာ ရှိမှာပဲ။ အဲဒါကို ဦးသိန်းစိန်နဲ့ ဦးရွှေမန်း ပဋိပက္ခ၊ လွှတ်တော်နဲ့ အစိုးရကြားမှာ ပွတ်တိုက်မှုလို့မြင်ရင် မှားမယ်။ လွှတ်တော်က လည်း ဥပဒေပြုနေမှာပဲ။ ငါမှန်တယ်၊ သူမှန်တယ် ငြင်းကြမှာပဲ။ ကျနော့် သဘာအရဆိုရင် သမ္မတကပြဌာန်း လိုက်တဲ့ ဥပဒေတွေသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့ မညီပါဘူးဆိုပြီး ခုံရုံးကိုတင်တာက မှန်တယ်”

ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် The Irrawaddy Journal အတွဲ (၁) အမှတ် (၅) တွင် ပါရှိသော “လွှတ်တော် နှင့် အစိုးရကြား နိုင်ငံရေးပွတ်တိုက်မှု ပြန်အရှိန်မြင့်” သတင်းမှ ဦးရဲထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အပစ်ရပ်လက်မှတ်ထိုးတဲ့နေရာမှာ တိုင်းရင်းသားလူမျိုးစုတွေက ခေတ်အဆက်ဆက်အုပ်စိုးလာတဲ့ အစိုးရတွေအပေါ် ယုံကြည်မှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် တော်လှန်ရေးကောင်စီ၊ ပါလီမာန်ခေတ်ကတည်းက အပစ်ရပ်တွေ လုပ်နေတာပဲ။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးမှု တစ်ခါမှ မလုပ်ခဲ့ဘူး။ အခုလည်း တောင်းဆိုနေတာက ဒီနေ့ လက်မှတ်ထိုး ဟုတ်ပြီ ဘယ်နှစ်ရက်အတွင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ် ကတိပေးဆိုတော့ အစိုးရဘက်က မပေးနိုင်ဘူးလေ။ တစ်ချိန်လုံး လက်မှတ်ထိုးတာပဲ ရှိတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်နိုင်ဘူး။ ဗိုလ်ချုပ်ခင်ညွန့် တုန်းကလည်း လက်နက်ကိုင် ၁၇ ဖွဲ့နဲ့ အပစ်ရပ်ခဲ့တာပါပဲ။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးပွဲ တွေမှ မလုပ်နိုင်ခဲ့တာ။ ဒါ အဓိကပါပဲ”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၅) တွင် ပါရှိသော “ငြိမ်းချမ်းရေး နီးမလိုလိုဝေး” သတင်းမှ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဂင်ကမ်းလျန် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment