Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

တင်းမာလာသော ဒေသတွင်း မီးလောင်ခြင်းသည် အငြင်းပွားမှုများကို ပိုမိုဖြစ်စေ

(29 Jan 2014 ရက်စွဲပါ VOA News မှ Fire in Western Burma Sparks more Controversy in Tense Area ကို ဘာသာပြန်ဆိုသည်)

ရခိုင်ပြည်နယ်တွင် ယခုလ မွတ်ဆလင်များကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော နေရာအနီးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အငြင်းပွားဖွယ်များကို ထပ်မံဖြစ်ပွားစေပါသည်။

မောင်တောမြို့နယ်တွင် ပါဝင်သော ဒူချီးရားတန်း အနောက်ကျေးရွာတွင် အင်္ဂါနေ့နှောင်းပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း၊ ဖမ်းဆီးခံရခြင်း မရှိပေ။ မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရွှေသန်း က VOA သို့ ပြောကြားရာတွင် မီးလောင်မှုအတွက် ရွာသားများတွင်သာ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါသည်။

“အိမ် ၁၆ လုံး မီးလောင်ကျွမ်းသွားပါတယ်။ အဲဒီထဲမှာ အိမ်ကြီးလေးလုံးနဲ့ အိမ်အသေးစား ၁၂ လုံး ပါဝင်ပါ တယ်။ အထက်ကနေ မီးရှို့ဖို့ ညွှန်ကြားပုံရပါတယ်။ ရွာထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေပဲရှိတာ။ တစ်ယောက် ယောက်က မီးရှို့ပုံရပါတယ်။ တဲတွေရဲ့ ခေါင်မိုးတွေမှာ မီးလောင်နိုင်တဲ့အရာတွေ တွေ့ရပါတယ်။ ကိုယ့်ဘာသာကိုယ် မီးရှို့လိုက်တာပါ။ အပြင်ကလူတွေ မီးရှို့ ဖို့ဆိုတာ အကြောင်းမရှိပါဘူး” ဟု ရွှေသန်း က ပြောပါသည်။

သို့သော် အနီးအနားရွာမှ အမည်မဖော်လိုသူ မွတ်ဆလင်တစ်ဦးက ရဲတပ်ဖွဲ့က ပြောသော အကြောင်းအရာမှာ သံသယဖြစ်ဖွယ် ရှိသည်ဟု ဆိုပါသည်။

“ရဲတွေက ဒီလိုပဲ စွပ်စွဲနေတာပဲ။ တကယ်တမ်း သူတို့က ရွာရဲ့ လုံခြုံရေးကို တာဝန်ရှိတဲ့သူတွေပါ။ အပြင်က လူရွာထဲကို မဝင်နိုင်ပါဘူး။ ဒါ့ကြောင့် ရွာသားတွေကပဲ မီးပြန်ရှို့တာပါလို့ သူတို့က လွယ်လွယ်ပြောတာပေါ့။ စဉ်းစား ကြည့်ပါဦး။ ဘယ်သူက ကိုယ့်အိမ်ကိုယ် မီးပြန်ရှို့မှာလဲ” ဟု ၎င်းက ပြောပါသည်။

ယခုလ အစောပိုင်းက ဒူချီးရားတန်း အလယ်ရွာအနီးတွင် မွတ်ဆလင်များ အသတ်ခံရသည်ဆိုသည့် သတင်း များနှင့် ပတ်သက်၍ မြန်မာအစိုးရက ငြင်းဆိုထားပါသည်။

အင်္ဂါနေ့က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က သတင်းထောက်များသို့ ပြောကြားရာတွင် သမ္မတ ဦးသိန်းစိန် သည် အခြေအနေအားစစ်ဆေးရန် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မတီသို့ အမိန့်ပေးခဲ့သည်ဟု ဆိုပါ သည်။

အမေရိကန်သံအမတ်ကြီး Derck Mitchell က စုံစမ်းစစ်ဆေးမှုကို ကြိုဆိုခဲ့သော်လည်း တရားမျှတရန်နှင့် ဘက်မလိုက်ရန် အရေးပါသည်ဟု ပြောကြားလိုက်ပါသည်။

“အစိုးရကတော့ ဘာမှမဖြစ်ဘူးလို့ ပြောတာပေါ့။ ဘာဖြစ်တယ်ဆိတာ ကျွန်တော်တို့ သိပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအသစ် လုပ်မယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ ဒီနေ့ကြားရတဲ့ သတင်းအချက်အလက်တွေ အရ အငြင်း ပွားဖွယ် ရှိပါတယ်” ဟု Mitchell က ပြောပါသည်။

ဇန်နဝါရီလ (၁၄) ရက်နေ့က အစောပိုင်းက ဖြစ်ပွားခဲ့သော ကိစ္စရပ်နှင့် ပတ်သက်၍ အသေးစိတ်ကို ရှင်းရှင်း လင်းလင်း မသိရှိရပေ။ ဒေသခံများက ပြောကြားရာတွင် လုံခြုံရေးတာဝန်ရှိသူများ ၎င်းတို့အပေါ် မတရား ပစ်မှတ်ထား ပြုမူခြင်း ခံရကြောင်း ၊ လူအုပ်ကြီးက ၎င်းတို့ အိမ်များမှ မောင်းထုတ်ခြင်းကို ခံရကြောင်း ဆိုပါသည် သို့သော်အစိုးရက ပြောကြားရာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ရွာသားများက ဖမ်းဆီး၍ သတ်ပစ်လိုက်ပုံရသည် ဟု ဆိုပါသည်။

ထိုအချိန်မှစ၍ လူ့အခွင့်အရေးအုပ်စုများက အင်တာဗျူးများ ပြုလုပ်ခဲ့ရာ လူပေါင်း (၆၀) ခန့် သေဆုံးခဲ့ကြောင်း အားလုံးနီးပါးမှာ ရိုဟင်ဂျာများဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသားရခိုင်များက ရဲတပ်ဖွဲ့ဝင်အား ဖမ်းဆီးခြင်းကြောင့် လက်စားချေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။ အစိုးရကမူ ရိုဟင်ဂျာများ မသေကြောင်း ရဲတပ်ဖွဲ့ဝင်သေဆုံးပြီးနောက် ရွာမှထွက်ပြေးခဲ့ကြကြောင်း ပြောပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment