Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"များမကြာမီ ကာလများမှာ စတင် ကျင်းပနိုင်ဖို့ ပြင်ဆင်လျက်ရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များအတွက် တိုင်းရင်းသားများ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စကို စဉ်းစားတဲ့ အခါ ၎င်းတို့ရဲ့ ညှိနှိုင်းဆွေးနွေးချက်များကို ချန်လှပ်မထားခဲ့မိဖို့ သတိပေး တိုက်တွန်းလိုပါတယ်"

ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "မကြာမီကာလအတွင်း တိုင်းရင်း သား များပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမည် ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး စဉ်းစားရာ တွင် တိုင်းရင်းသားများ၏ ညှိနှိုင်းဆွေးနွေးချက်များကို ချန်မထားမိစေရန် သမ္မတ တိုက်တွန်း" သတင်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"ဒေသဖွံ့ဖြိုးရေး ကျပ်သိန်း ၁ဝဝဝ ထဲကနေ ရေတွင်း ၂ဝ ကျော် တူးပေးနိုင်တယ်။ နိုင်ငံတော် ဘတ်ဂျက်ထဲ ကသာ တွင်းပေါင်း ၂ဝ ကျော် တူးပေးနိုင်လို့ရှိရင် အဘတို့ ဘယ်တူးပေးစရာ လိုမလဲ။ နောက် မော်တော်ကား လမ်းပေါ်က ကျောင်းလေးတွေပဲ သူတို့က ကြည့်နိုင်တယ်။ တချို့ ကားလမ်းနဲ့ ဝေးတဲ့ ကျောင်းတွေဆိုရင် အဘ တို့ သွားရောက် ပြုပြင်ပေးခဲ့တာ ရှိတယ်။ အဲ့ဒီတော့ ပါတီ မဲဆွယ်တယ်။ မဲမဆွယ်ဘူး ဆိုတာကို အဓိက မစဉ်းစားဘူး။ အချိန်မရွေး လာစစ်ကြည့်ပါ။ ဒီဒေသတွေရဲ့ လူနေမှုဘဝ မြှင့်တင်ဖို့အတွက် လုပ်ပေးတာ။ မဲဆွယ်ဖို့ လုပ်တယ်ဆိုရင်တောင် လူထုအတွက် ကျန်ခဲ့မှာပဲ။ ကိုယ့်အိတ်ထဲ ကိုယ်ထည့်သွားရင်တော့ အပြစ်ပဲ။"

ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် UNION DAILY နေ့စဉ်ထုတ်သတင်းစာတွင် "ဒေသဖွံ့ဖြိုးရေး ကျပ်သိန်း ၁ဝဝဝ ပြည်သူအတွက် ကျန်ခဲ့မည်" သတင်းမှ ရခိုင်ပြည်နယ် ဂွမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


"ဖိတ်မယ်ဆိုရင် အန်တီ တစ်ယောက်တည်းဖိတ်တာထက် နိုင်ငံမှာ အဓိကကျတဲ့ အခြား ပုဂ္ဂိုလ်တွေပါ ဖိတ်ရင် ပိုကောင်း မယ်လို့ ထင်တယ်။ ဒါမှလည်း ပိုပြီးတော့ ဆွေးနွေးပွဲတွေဟာ အနှစ်သာရ ရှိသွားမယ်။ ပိုပြီးတော့ လည်း အားလုံးကနေ လေ့လာသင့်တဲ့ လူတွေကလည်း လေ့လာနိုင်မယ့် အခြေအနေဖြစ်သွားမယ်"

ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် မိမိတစ်ဦးတည်း ဖိတ်ခြင်းထက် အဓိက ကျသူ အားလုံးကို ဖိတ်ကြားသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော" သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

မေး - ဒီကနေ့ ရခိုင်ပြည်နယ် တည်ငြိမ်ဖို့နဲ့ ပြန်လည်ထူထောင်ရေး လုပ်ဖို့အတွက် ဘာတွေ လိုအပ်မယ်လို့ ထင်ပါသလဲ။ ဖြေ - တရားဥပဒေ စိုးမိုးဖို့ အရင်လုပ်ရမယ်။ အခု စစ်တွေမြို့မှာ ကုလားသင်္ချိုင်းနားမှာ မြေမြှုပ်ခွင့်မရဘူး။ ကုလားတွေက ပြဿနာရှာတယ်။ ဒါက တရားဥပဒေ မစိုးမိုးတာပဲ။ လက်ရှိ စစ်တွေမြို့က ကုလားရွာတွေကို သန်းခေါင်စာရင်း ကောက်လို့မရဘူး။ ဒါလည်း တရားဥပဒေ မစိုးမိုးတာပဲ။ ဒါတွေကို ရအောင် လုပ်ရမယ်။ အစိုးရ အုပ်ချုပ်မှုအောက်မှာ နေရင် ဥပဒေအရ အုပ်ချုပ်မှုအောက်မှာ နေရမယ်။ အဲဒါကို လက်မခံရင် ဖမ်းရဲရမယ်။ သူတို့ (ဘင်္ဂါလီ) ထက် အင်အားကြီးအောင် လုပ်ရမယ်။ အစိုးရက ကုလားရွာသားတွေ ထွက်ရိုက် မှာ ကြောက်လို့ မသွားဘူး။ မလုပ်ရဘူး။ သူတို့ရွာသား အင်အား ၃ဝဝ ရှိရင် ကိုယ်က ၆၀၀ နဲ့ သွားပြီး မရရအောင် လုပ်ရမယ်။ ဥပဒေနဲ့ ထားရင် ဥပဒေကို လိုက်နာရမယ်။ ဒီလိုမလုပ်ရင် သူတို့ (ဘင်္ဂါလီ) တွေက ရောင့်တက်လာမယ်။ နောက်တစ်ခုက ကုလားရွာတွေမှာ ရှိတဲ့ မော်လဝီဆရာတွေ ကိုင်ထားတဲ့ ဟန်းဖုန်းတွေ ကို သိမ်းဆည်းရမယ်။ အဲဒီဟန်းဖုန်းတွေနဲ့ သူတို့က အမေရိကမှာ ရှိတဲ့ အာအက်စ်အိုဆိုတဲ့ အဖွဲ့နဲ့ နက်ဝပ်ခ် က မြန်မာအစိုးရ နက်ဝပ်ခ်ထက်တောင် ကြီးနေတယ်။ အဲဒါတွေကို ထိန်းရမယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် THE FLOWER NEWS ဂျာနယ် အတွဲ (၁၀) ၊ အမှတ် (၆) တွင် ပါရှိသော "ရခိုင် တိုင်းရင်း သားရေးရာ ဝန်ကြီး (ရန်ကုန်တိုင်းဒေသကြီး) ဦးဇော်အေးမောင် နှင့် တွေ့ဆုံခြင်း" အင်တာဗျူး ကဏ္ဍမှ ရခိုင်တိုင်း ရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အားလုံးကို အချိန်မရွေး ပယ်ဖျက်ပေးဖို့ လုပ်ပိုင်ခွင့် အပြည့်အဝ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေတွေ ရှိနေသေးလို့ ဒီပိတ်ဆို့မှုကို ဆက်ထားရဦးမှာပါ။ အခုနှစ် ပိတ်ဆို့မှုသတ်မှတ်ကာလ ပြည့်သွားရင်လည်း ဥရောပသမဂ္ဂအနေနဲ့ သက်တမ်း ဆက်တိုးဖို့ အစီအစဉ်ရှိနေပါတယ်"

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် TRUE NEWS ဂျာနယ် အတွဲ (၆) ၊ အမှတ် (၁၆) တွင် ပါရှိသော "ဥရောပသမဂ္ဂ က မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ခွင့် ပိတ်ပင်မှုသက်တမ်း ထပ်တိုးမည်" သတင်းမှ ဥရောပကော်မရှင် ဥက္ကဋ္ဌ Catherine Ashton ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment