Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံအပေါ် လက်နက်အရောင်းအဝယ်ပိတ်ပင်မှုကို အီးယူသက်တမ်းတိုးမည်

( HIS Jane Defence weekly မှ 30 Jan 2014 ရက်စွဲပါ “ EU to extend Myanmar arms embargo” သတင်းကို ဘာသာပြန်ဆိုသည်။)

ဥရောပသမဂ္ဂ အီးယူက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော လက်နက်အရောင်းအဝယ် ပိတ်ပင်မှုကို သက်တမ်းစေ့သွား ပြီးနောက်တွင် ဆက်လက်သက်တမ်းတိုးရန် အလားအလာရှိကြောင်း တိကျသေချာသော အသိပေးမှုတစ်ခုပြုလုပ်လိုက် ပါသည်။

အရှေ့တောင်အာရှ၌ အာဏာရှင်စနစ်ကို မျက်နှာပြောင်တိုက်ကျင့်သုံးခဲ့သော မြန်မာနိုင်ငံတွင် လက်ရှိ အရပ်ဖက်အစိုးရ လက်ထက်နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အစီစဉ်များ ဆက်တိုက်ပြုလုပ်နေခြင်းကို အသိအမှတ်ပြုသည့် အနေဖြင့် ယခင် စီးပွားရေးပိတ်ဆို့အရေးယူမှု sanctions များကို ၂၀၁၃ ဧပြီလတွင် အီးယူက ရုတ်သိမ်းပေးခဲ့သည်။ သို့သော် လက်နက်အရောင်းအဝယ် တားမြစ်သော arms embargo ကိုဆက်လက်ထားရှိကာ ၂၀၁၄ ဧပြီ ၃၀ အထိ သက်တမ်း တိုးခဲ့သည်။

အီးယူနိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ကော်မရှင်မင်းကြီးနှင့် ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌဖြစ်သူ ကက်သရင်း အက်ရှ်တန်၏ ပြောရေးဆိုခွင့်ရှိသူက “ အီးယူသည် Myanmar embargo ကို အချိန်မရွေး ရုတ်သိမ်းခွင့် ရှိသော်ငြားလည်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးညှင်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာများ ကျန်ရှိနေ ဆဲဖြစ်သည်” ဟု HIS Jane ကာကွယ်ရေးအပတ်စဉ်သတင်းသို့ ဇန်နဝါရီလ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

အီးယူသည် မြန်မာနိုင်ငံအပေါ် လက်နက်အရောင်းအဝယ်ပိတ်ပင်ခြင်းကို ၁၉၉၀ ခုနှစ်များ အစောပိုင်းနှင့် ၁၉၉၆ နောက်ပိုင်းတွင် ပုံစံအမျိုးမျိုးဖြင့် ချမှတ်ကျင့်သုံးခဲ့သည်။ ၎င်းပိတ်ပင်မှုတွင် လက်နက်များ၊ ခဲယမ်းမီးကျောက်များ၊ စစ်ဖက်သုံးကိရိယာပစ္စည်းများ အကြုံးဝင်သည်။ အထူးသဖြင့် ပြည်တွင်းဖိနှိပ်မှုနှင့် အကြမ်းဖက်ဝါဒအတွက် အသုံးပြုနိုင်ဖွယ်ရှိသော လက်နက်၊ ပစ္စည်းကိရိယာများ အကြုံးဝင်အောင် ဆုံးဖြတ်ချက်များ တစ်ခုပြီးတစ်ခုချမှတ်ကာ Myanmar arms embargo ကိုသက်တမ်းတိုးလာခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် တပ်မတော်အစိုးရ (သို့) မြန်မာစစ်ဖက်အစိုးရသည် နိုင်ငံ၏ ပတ်ပတ်လည် တောင်တန်းဒေသ များတွင် အရေအတွက် ဒါဇင်နှင့်ချီနေသော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ရင်ဆိုင်နေရခြင်း၊ အိမ်နီးချင်းနိုင်ငံ များနှင့် ရံဖန်ရံခါဖြစ်ပွားတက်သော နယ်စပ်ပဋိပက္ခများတွင် စစ်အင်အားပြရန်လိုအပ်ခြင်းတို့ကြောင့် တရုတ်နှင့် ရုရှားနိုင်ငံ တို့ထံမှ စစ်လက်နက်များဝယ်ယူခဲ့သည့်အပြင် ၎င်းကဲ့သို့ပင် လက်နက်ကုန်သွယ်မှုပိတ်ပင်ခံထားရသည့် မြောက်ကိုရီး ယား နိုင်ငံမှ လက်နက်များကိုလည်း တိတ်တဆိတ် ဝယ်ယူကာ စစ်အင်အားကို ဖြည့်တင်းခဲ့သည်။

တိုင်းပြည်နှင့်လူထုကို နှစ်ပေါင်းနှစ်ဆယ်ဝန်းကျင် လက်နက်အားကိုးဖြင့် ဗိုလ်ကျစိုးမိုး အုပ်ချုပ်ခဲ့သည့် တပ်မတော် အစိုးရ သည်နိုင်ငံတွင်း၌ ၎င်း၏တပ်ဖွဲ့များကဲ့သို့ တရားဝင် လက်နက်ကိုင်ဆောင်ခွင့်ရှိသော ရဲတပ်ဖွဲ့ကိုမူ အခွင့်အာဏာ ကန့်သတ်ထိန်းချုပ်ထားသည့်အပြင် ကမ္ဘာတစ်လွှားမည်သည့် နိုင်ငံရဲတပ်ဖွဲ့တွင်မှ အသုံးမပြုတော့သည့် မီးကျိုးမောင်းပျက် ခေတ်ဟောင်းလက်နက်များကိုသာ တပ်ဆင်ပေးထားသောကြောင့် လက်ရှိနှစ်ပိုင်းများအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များတွင် ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် ထိခိုက်ကျဆင်းကာ အခြေအနေ များ ပိုမိုဆိုးရွားစေခဲ့သည်ဟု စောင့်ကြည့်လေ့လာသူအချို့က မှတ်ချက်ပေးထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment