Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“နိုင်ငံတကာမှာ မြစ်ချောင်းတွေ ပိတ်ပြီး ဆည်ဆောက်တာတွေကြောင့် ဘေးအန္တရာယ်ကျရောက်ပြီး သဘာဝ အရင်းအမြစ် တွေ ပျက်စီးလို့ဆည်ဆောက်တာတွေကို ရပ်တန့်လာကြတယ်။ အမေရိကမှာဆို ဆောက်ထားတဲ့ ဆည်တွေကိုတောင် ပြန်ဖျက်နေရတဲ့အချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ အဓိက အရင်းအမြစ်ဖြစ်တဲ့ ဧရာဝတီမြစ်ကို ဆည်ဆောက်ဖို့ ကြိုးစားတာ ဟာ လက်ခံနိုင်စရာ မရှိပါဘူး”

ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြစ်ဆုံစီမံကိန်း တည်ဆောက်ပါက အကျိုးအမြတ်ထက် ဆုံးရှုံးမှုပိုများနိုင်ဟုဆို” သတင်းမှ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒါက အခုမှ ပထမဆုံးစလုပ်တာဆိုတော့ အခက်အခဲတွေက ဝန်ကြီးဌာနဘက်မှာ ရှိသလို သူတို့ဘက်မှာ လည်း ရှိတယ်။ မြေငှားတဲ့ကိစ္စကလည်း တက်နိုင်သလောက် ကူညီပေးမယ်။ တခြား ဝန်ကြီးဌာန အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေးတဲ့ Coordination တော့ လုပ်ပေးမယ်။ ဝန်ကြီးဌာနအနေနဲ့ မြေငှားတာတော့ ဆောင်ရွက် ပေးလို့မရဘူး။ အစိုးရအဖွဲ့ကလည်း ကူညီပေးဖို့ရှိတယ်”

ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “လိုင်စင်ရဆက်သွယ်ရေး ကုမ္မဏီ များ တာဝါတိုင်စိုက်ရန် မြေနေရာ အခက်ကြုံ” သတင်းမှ ဆက်သွယ်ရေး ညွှန်ကြားရေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ဒီကိစ္စက နိုင်ငံအတွက် အရေးကြီးလို့ တောင်းဆိုတာပါ။ တွေ့ခွင့်မပေးချင်လို့ ဆင်ခြေအမျိုးမျိုးပေးနေတာပါ။ သူတို့ တွေ့ခွင့်ပေးမှ တွေ့မှာကို ဒါက ရိုးနေပါပြီ။ ခံနေရတာ ၂၅ နှစ်ရှိပြီ”

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် True News Journal အတွဲ (၆) အမှတ် (၁၆) တွင် ပါရှိသော “အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီအစီရင်ခံစာ လွှတ်တော်၌သာရှိသေးသ၍ လေးပွင့်ဆိုင်တွေ့ရန် မသိရသေး” သတင်းမှ NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီ အဖွဲ့အစည်းအတွင်းမှာဖွဲ့မှာ ဘယ်ရက်လို့တော့ အတိအကျမပြောနိုင်ဘူး။ ဒီ ကော်မတီက အရင် ကော်မတီထက် လုပ်ပိုင်ခွင့်ပိုရမယ်လို့ ပြောလို့ရတယ်။ သက်တမ်းကလည်း ပိုကြာနိုင်မယ်။ အခုတင်ထားတဲ့ အချက်တွေက ဘယ်ဟာက ပြင်သင့်တယ်။ ဘယ်ဟာက မပြင်သင့်ဘူးဆိုတာကို လွှတ်တော်ကို အစီရင်ခံရမှာ”

ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီလွှတ်တော်တွင် ဖွဲ့စည်းမည်” သတင်းမှ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ရှိဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုကနေ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော်ရရှိဖို့ ဆောင်ရွက်နေပါတယ်။ ဒီလိုမျိုး ဆောင်ရွက်တဲ့အခါမှာ လျာထားချက် ပြည့်မီအောင် လုပ်ဆောင်ဖို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ လိုအပ်တဲ့ငွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ဘဏ်တစ်ခုရှိနေဖို့ လိုတယ်။ မြန်မာနိုင်ငံသားများဘဏ်ဆိုတာက စီးပွားရေးလုပ်တဲ့ ဘဏ်ဖြစ်နေတယ်။ ပို့ကုန်သွင်းကုန်ဘဏ်က အကျိုးအမြတ်ရှာတဲ့ စီးပွားရေးဘဏ် ဖြစ်လို့မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေကို ထောက်ပံ့ပေးမယ့် ဘဏ်တစ်ခု ထူထောင်ပေးဖို့ အစိုးရအဖွဲ့ကို တင်ပြထားတာပါ”

ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၉) အမှတ် (၁၇) တွင် ပါရှိသော “ပို့ကုန်သွင်းကုန် လုပ်ငန်းများ မြှင့်တင်ပေးရန် မရှိမဖြစ်လိုအပ်သည့် ပို့ကုန်သွင်းကုန်ဘဏ်အား အထူးဘဏ် အဖြစ် ထပ်မံတည်ထောင်ရန် အစိုးရအဖွဲ့သို့တင်ပြ” သတင်းမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်အောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment