Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မူဝါဒ အပြောင်းအလဲကြောင့် ဖို့ဝိန်း မြန်မာ ဒုက္ခသည်များ သောကရောက်

(Indy Star News မှ 2 Feb 2014 ရက်စွဲပါ "Fort Wayne refugees from Myanmar worried about policy changes" သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု ဖို့ဝိန်းမြို့ရောက် မြန်မာဒုက္ခသည်များဆိုင်ရာ စည်းရုံးလှုပ်ရှားသူတစ်ဦးက အမေရိကန် မူဝါဒများ အပြောင်းအလဲကြောင့် သူမတို့ မိသားစုဝင်များ ပြန်လည်ပေါင်းစည်းမည့် ကြိုးပမ်းမှုများ ထိခိုက်မည်ကို စိုးရိမ်ကြောင်း ပြောဆိုလိုက်ပါသည်။

မြန်မာဒုက္ခသည် ၄၀၀၀ ကျော်ကို လက်ခံထားသော ဖို့ဝိန်းမြို့သည် ယင်းကဲ့သို့ ဒုက္ခသည် အသိုင်းအဝိုင်း အကြီးမားဆုံး စုစည်းမိနေသော နေရာတစ်ခုဖြစ်သည်။

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်း ကိုးခုတွင် နေထိုင်သော မြန်မာဒုက္ခသည်များထံမှ အခြေချနေထိုင်ရေး လျှောက်လွှာလက်ခံမှုကို ရပ်ဆိုင်းရန် အမေရိကန် အစိုးရဌာနက ဆုံးဖြတ်ခြင်းကြောင့် စိုးရိမ်မိကြောင်း ပြောဆိုသူမှာ Burmese Advocacy Center ခေါင်းဆောင် မင်းမြင့်နန်းတင် ဖြစ်သည်။

လက်ရှိ မိသားစု ပြန်လည်ပေါင်းစည်းရေး အစီအစဉ်အတွက် မျှော်လင့်ချက်ရှိဦးမည်ဟု ယုံကြည်ကြောင်း သူက ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ခရစ်စတင်းဂက်လောဗော်ဂန်က လျှောက်လွှာ လက်ခံမှု ရပ်ဆိုင်းခြင်းကြောင့် အခြေချနေထိုင်မှုများ ရပ်သွားဦးမည် မဟုတ်ဟု ပြောကြားထားပါသည်။

မြန်မာနိုင်ငံ အထူးသဖြင့် ကရင်ပြည်နယ်မှ စစ်ဘေးရှောင် ဒုက္ခသည်များသည် ၁၉၉၃ မှ စ၍ ဖို့ဝိန်းတွင် စတင် အခြေချနေထိုင်ခွင့် ရရှိကြခြင်းဖြစ်ပြီး ၂၀၀၇ နှင့် ၂၀၀၈ တွင် အများဆုံး ရောက်ရှိခဲ့ကြသည်။      

အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့လိုခြင်း ရှိ ၊ မရှိ ဆုံးဖြတ်ရန် အမေရိကန်နိုင်ငံခြားရေး ဌာနက လွန်ခဲ့သောတစ်နှစ်က နောက်ဆုံး ရက်သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဇန်နဝါရီလ ၂၄ ရက်တွင် လျှောက်လွှာလက်ခံမှု ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ဒုက္ခသည်စခန်း တစ်ခုစီတိုင်း၏ နောက်ဆုံးသတ်မှတ်ရက်အမှီ တင်ထားသော လျှောက်လွှာအားလုံးကို စီစစ်၍ ပြီးစီးအောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ လာမည့် ၂ နှစ်ခန့်အထိ ပြန်လည်နေရာချထားမှု အစီအစဉ် ရှိနေဦးမည်ဟု မျှော်လင့်ရကြောင်း မစ္စ မော်ဂန်က ရှင်းလင်းပြောကြားသည်။

ထို့အပြင် UNHCR က တင်ပြသော အထူး အကာအကွယ်ပေးမှု လိုအပ်သူ မြန်မာ ဒုက္ခသည်များ ကိုလည်း ထည့်သွင်းစဉ်းစားပေးသွားမည်ဟု သိရသည်။

အမေရိကန် နိုင်ငံခြားရေးဌာနသည် ၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ဖို့ဝိန်းမြို့သို့ ဒုက္ခသည် ၁၇၀ လက်ခံရန် ခွင့်ပြုခဲ့ပြီး မနှစ်ကလည်း အလားတူ အရေအတွက်ကို လက်ခံခဲ့သည်ဟု မစ္စမော်ဂန်က ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment