Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ပြုပြင်ပြောင်းလဲရေးမှာ တရားဥပဒေစိုးမိုးရေးဆိုတာ အခြေခံအကျဆုံးဆိုတာ ဆွေးနွေးတာ ဖြစ်တယ်။ တရားဥပဒေစိုးမိုးမှု အားနည်းနေသေးတယ်။ ဥပဒေကတစ်မျိုး လုပ်နေတာကတစ်မျိုး လယ်ယာမြေကိစ္စ တွေမှာ လယ်သမားအများစု သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးပြီးတော့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ကိစ္စအများကြီး ရှိနေသေးတယ်ဆိုတာကို သူတို့လည်း သဘောတူပါတယ်”

ဖေဖော်ဝါရီလ ၅ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများအပြားရှိနေသေးကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ သဘောတူ” သတင်းမှ ၈၈ မျိုးဆက် ရုံးအဖွဲ့မှူး ကိုဇော်မင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ အခုပြဌာန်းလိုက်တဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ပြဌာန်းချက်ဟာ နိုင်ငံသား များအတွက် အကျိုးဖြစ်ထွန်းဖို့ တိုးတက်ဖို့ဆောင်ရွက်တယ်ဆိုတာ မှန်ပါတယ်။ သို့သော်လည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့ ညီညွတ်စွာ စီမံဆောင်ရွက်ခြင်းကသာ ရေရှည်မှာ အကျိုးပိုပြီးတော့ ဖြစ်ထွန်း နိုင်မှာ ဖြစ်ပါတယ်”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် 7 Day Journal အတွဲ (၁၂) အမှတ် (၄၈) တွင် ပါရှိသော “ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေကြမ်းကို အခြေခံဥပဒေဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ရန် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး တင်ပြ” သတင်းမှ ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြည်သူတွေက ဆေးရုံသွားရင် ကိုယ့်စရိတ်နဲ့ ကိုယ် သွားနေရဆဲပဲ။ ဒါ့ကြောင့် တိကျခိုင်မာတဲ့ မူဝါဒတွေ ချမှတ်ဖို့ အများကြီးလိုတယ်။ ဆေးရုံတွေမှာ လူနာတွေကို ဘာတွေပေးထားနိုင်တယ်။ ဘာတွေ ပေးနေတယ်။ ဘယ်လိုလုပ်နေ တယ်ဆိုတာကို ပြည်သူတွေသိအောင် တိတိကျကျနဲ့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားတာ မတွေ့ရသေးဘူး”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် Popular News Journal အတွဲ (၆) အမှတ် (၆) တွင် ပါရှိသော “ကျန်းမာရေးဘတ်ဂျတ်သုံးစွဲရာတွင် ပြုလုပ်သည့် စီမံကိန်းများ လွဲချော်မှုရှိနေဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဆို” သတင်းမှ ဒေါ်ဖြူဖြူသင်း ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ရွေးကောက်ပွဲဆိုင်ရာ သတင်းလိုက်ခြင်း ရေးသားခြင်းက မြန်မာပြည်မှာ အကျွမ်းတဝင် မရှိသေးတာလည်း ပါမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဘက်နှစ်ဖက်ကို ပြန်ကြည့်မယ် ဆိုရင်တော့ ပြီးခဲ့တဲ့  ၂၀၁၀ ရွေးကောက်ပွဲ ကာလမှာ စစ်တပ်ကပဲ ထိန်းချုပ်ထားချိန်တုန်းက မီဒီယာကို ဖိနှိပ်ပြီးထားခဲ့တာကိုလည်း မေ့မထားရမယ့် အချက် ဖြစ်ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလမှာတော့ မီဒီယာအားလုံးက ပွင့်ထွက်လာပြီး ရေးလို့ရတဲ့ အချိန်မှာ ရေးကြတာဖြစ်မယ် ထင်ပါတယ်။ ဘယ်သူ့ကို ဘယ်ဟာကို ဘယ်လောက် အတိုင်း အတာ ရေးရမယ်လို့တော့ သွားညွှန်ကြားလို့ မရပေမယ့် ကျင့်ဝတ်အရ မျှမျှတတ ဖော်ပြရမယ်လို့တော့ ရှိပါတယ်။ သို့သော် မီဒီယာစာမျက်နှာထက်မှာ ပါတီတွေအားလုံးကို မျှမျှတတ ဖော်ပြဖို့လည်း မဖြစ်နိုင်ပါဘူး၊ သတင်းစာတွေ၊ ဂျာနယ်တွေရဲ့ သဘောထားကတော့ ပြည်သူတွေ စိတ်ဝင်စားတဲ့ သိချင်တဲ့ ယုံကြည်ကိုးစားတဲ့သူ အကြောင်းကိုတော့ ပိုပြီးဖော်ပြကြမှာ ဖြစ်ပါတယ်”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ (၄) အမှတ် (၁၈၃) တွင် ပါရှိသော “၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ပြည်တွင်းမီဒီယာများကိုစစ်တမ်း ကောက်ယူခဲ့ကြောင်း ဦးရဲထွဋ် ပြောကြား” သတင်းမှ သတင်းဆရာ စည်သူအောင်မြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အဓိကတော့ စီမံကိန်းတွေဆိုလည်း စာရွက်တွေပေါ်မှာပဲ မထားသင့်ဘူး။ လိုအပ်ချက်တွေရှိရင် ပြည်ထောင်စု အစိုးရဆီကလည်း တောင်းခံ။ ကျွန်တော်ဘက်ကလည်း အစိုးရမှာ လျာထားတဲ့ ငွေတွေ ရှိတယ်။ နိုင်ငံခြားက အကူအညီငွေတွေ ရှိတယ်။ ချေးငွေတွေ ရှိပါတယ်။ ပံ့ပိုးပေးပါမယ်။ စီမံကိန်းတွေဟာ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ပြီးအောင်လုပ်ရမယ်။ မပြီးရင် ယုံကြည်မှု ပျက်ပြားမယ်။ ယုံကြည်မှုက ဘယ်နေရာမှာမဆို အရေးကြီးပါတယ်”

ဖေဖော်ဝါရီလ ၅ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော ‘တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးများ ယခုထက်ပိုမိုရရှိရန် လုပ်ဆောင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ရခိုင် ပြည်နယ်မောင်တော ဒေသသို့ ရောက်’ သတင်းမှ ဒုသမ္မတ ဦးဥာဏ်ထွန်း ၏ပြောကြားချက်အား ကောက်နှု တ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment