Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“မြစ်ကြီးမှာ မဆောင်ပဲ မြစ်လက်တတ်မှာဆောက်မယ်ဆိုရင် ပိုကောင်းတာပေါ့။ မြစ်ကြီးကိုပယ်ပြီး မြစ်လက်တက်မှာ ရေကာတာအငယ်စား ငါးခုကို ဆောက်မလား။ အကြီးစားရေကာတာဆောက်မယ် ဆိုရင် ပိုသင့်တော်ပါတယ်။ အခုဟာ ပြည်သူ့အကျိုး ၁၀ ရာခိုင်နှုန်းပဲရှိပြီး သူ တစ်ပါးအကျိုးက ၉၀ ရာခိုင်နှုန်း ရမယ်ဆိုတော့ ကျွန်မအနေနဲ့ လုံးဝသဘော မတူပါဘူး”

ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၁၄၇) တွင် ပါရှိသော “သံလွင်မြစ် ကြောင်းပေါ် ရေကာတာတည်ဆောက်မှုကို မကျေနပ်လို့ တရုတ် ထိုင်း မြန်မာ အစိုးရထံ စာတင်သွားမယ်” သတင်းမှ ကချင်နက်ဝပ်မှ ဒေါ်ခွန်ဂျာ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့နိုင်ငံမှာ ပြည်ထောင်စုအစိုးရတစ်ခုပဲ ရှိပါတယ်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရက ၁၄ ခု ရှိပါတယ်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်က ရာနဲ့ချီရှိပေမယ့် သောင်းနဲ့ချီရှိတာကတော့ အခြေခံအစိုးရတွေ ဖြစ်ပါတယ်။ အဲဒီ အခြေခံအစိုးရတွေအဆင့်မှာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်သေးဘူးဆိုရင် တကယ် ပြုပြင်ပြောင်းလဲတယ် ဆိုတဲ့ အခြေအနေကို ရောက်မှာမဟုတ်ဘူး”

ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် The Reporter Journal အမှတ် (၅၈) တွင်ပါရှိသော “၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အခြေခံအစိုးရများ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်” သတင်းမှ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ လူထုဆက်ဆံရေး တာဝန်ခံ ကိုဂျင်မီ ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“2013 မှာ လူတိုင်း လျှပ်စစ်မီးသုံးနိုင်တဲ့အနေအထားမျိုးဆိုရင် ကြားရုံနဲ့တင်  ကျေနပ်စရာပဲ။ တစ်နိုင်ငံလုံး လျှပ်စစ် မီးလင်းရေးက ဧရာမစီမံကိန်းကြီးပေါ့။ နောက်တစ်ခုက တစ်နိုင်ငံလုံးမှာရှိတဲ့ နယ်ပယ်အသီးသီး ဖွံ့ဖြိုးစေချင်တယ်ဆိုရင် ပေါင်းစည်းပြီးလုပ်သင့်တယ်။ ဥပမာ ပညာရေးဆိုရင် ဒီအစီအစဉ်ထဲမှာ မပါဘူး။ ဒါပေမဲ့ အဲဒီ အကူအညီထဲက ပညာရေး အတွက် ဘယ်အစီအစဉ်ကနေ အကူအညီရနိုင်လဲ ရှာဖွေရယူ ရမယ်။ လျှပ်စစ်က စက်ရုံ တည်ဆောက်ဖို့ ဖြစ်ဖြစ်၊ နိုင်ငံသားတွေ အဆင့်တန်းမြင့်မြင့် နေဖို့ဖြစ်ဖြစ် အလွန်အရေးပါတယ်”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ် အတွဲ (၁၀) အမှတ် (၆) တွင် ပါရှိသော “နိုင်ငံရပ်ခြား အကူအညီနှင့် အကျင့်ပျက်ခြစားမှုပြဿနာ ကြွေးတင် ရှင်ဘုရင်မဆပ် ပြည်သူကသာ ဆပ်ရမည်” ဆောင်းပါး မှ ဦးကိုကိုကြီး (၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်) ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“စိတ်ဝင်စားတွေတော့ အများကြီးရှိပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာပြည် အခြေအနေနဲ့ ပတ်သက်ပြီးတော့ လည်းပဲ ဘယ်လိုစိတ်ရှည်ဖို့ လိုတယ်။ အခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ ဘယ်လိုသဘောထားတွေ ထားဖို့လိုတယ် ဆိုတာလေးတွေကို ကျွန်တော်တို့ ဆွေးနွေးကြတာပါ။ ကျွန်တော်တို့ Negotiation ကို ပိုပြီးတော့ ကျွန်တော်တို့ဖက်က ခံစားချက်တွေကို ကျွန်တော်တို့ဘက်က ဖြစ်ပျက်နေတဲ့ အမြင်တွေကိုလာပြီး လေ့လာတဲ့သဘောပါ။ ကျွန်တော်တို့ အတွက်တော့ အများကြီး အကျိုးရှိပါတယ်။ အတွေ့အကြုံတွေကတော့ ကျွန်တော်တို့ ရရှိတယ်။ ရှေ့လုပ်ငန်းစဉ်လည်းပဲ ကျွန်တော်တို့ ဆင်ခြင်ပြီးတော့ သတိထားစရာ လေးတွေ၊ သင်ခန်းစာတွေ ရတာပေါ့ဗျာ”

ဖေဖော်ဝါရီလ First Weekly Journal အတွဲ (၃) အမှတ် (၁၁၇) တွင် ပါရှိသော “တိုင်းရင်းသား ၁၂ ဖွဲ့နဲ့ ပြည်ပပညာရှင်များရဲ့ အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပ မြန်မာနိုင်ငံရဲ့ အပြောင်း အလဲ ဖြစ်စဉ်တွေမှာ စိတ်ရှည်ဖို့နဲ့ အခက်အခဲကျော်လွှားတက်ဖို့ သဘောထားအမြင်များ ရရှိခဲ့ကြောင်းဆို” သတင်းမှ ဒေါက်တာခင်မောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်/ကျဉ်း ပြဿနာက လက်ရှိအစိုးရက ဖြေရှင်းရမယ့်ပြဿနာပါ၊ ကျော်သွားခဲ့လို့ မရဘူး။ မေ့ပစ်ထားခဲ့ လို့လည်းမရ ဘူး။ ဒီဟာက မြန်မာနိုင်ငံဖြစ်စဉ် ပြောင်းလဲတဲ့နေရာမှာ အခြေခံကျကျပါဝင် ပက်သတ်နေတယ်။ နောက်တစ်ခုက နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ပြန်ပြီးပွင့်လာအောင် ဆိုရင်လည်း ဒီပြဿနာက ဖြေရှင်းရမယ့် ကိစ္စပါ”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားကိစ္စသည် လက်ရှိအစိုးရက ဖြေရှင်းရမည့် ပြဿနာ ဖြစ်ဟု ဆို” သတင်းမှ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အဖွဲ့ဝင် ကိုဘိုကြည်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment