Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(3 February 2014 ရက်စွဲပါ The Hindu မှ SCI ready to operate container service to Myanmar if Govt grants subsidy ကို ဘာသာပြန်ဆိုသည်)

(The Nation News 5 feb 2014 “CPI object to Myanmar reporter detention” သတင်းကို ဘာသာပြန်ဆိုသည်)


အိန္ဒိယအစိုးရက ကျခံပေးမည်ဆိုပါက SCI က မြန်မာနိုင်ငံနှင့် ကုန်သေတ္တာသင်္ဘော ပုံမှန်ပြေး ဆွဲပေးရန်ရှိ

(3 February 2014 ရက်စွဲပါ The Hindu မှ SCI ready to operate container service to Myanmar if Govt grants subsidy ကို ဘာသာပြန်ဆိုသည်)

Shipping Corporation of India (SCI) သည် အိန္ဒိယနှင့် မြန်မာနိုင်ငံကြား တစ်လအတွင်း ကွန်တိန်နာ သဘောင်္ပုံမှန်ပြေးဆွဲရန် အသင့်ဖြစ်နေပြီ ဖြစ်ပါသည်။ သို့သော် ၎င်းမှာ အရှုံးပေါ်မည့်လုပ်ငန်း ဖြစ်သောကြောင့် အစိုးရက နှစ်စဉ် ရူပီ သန်း ၃၀၀ အကုန်အကျခံပေးရန် သဘောတူမှုပေါ်တွင် မူတည်ပါသည်။

စတော့ စာရင်းဝင် SCI ကုမ္ပဏီသည် ရှယ်ယာဝင်များအား အရှုံးပေါ်မည့် လုပ်ငန်းစတင်မှုအတွက် ရှင်းပြ ရမည်ဖြစ်ပါသည်။ အထူးသဖြင့် ယခုအချိန်သည် ကုမ္ပဏီက အရှုံးနှင့် စတင်ရင်ဆိုင်နေရပြီးသည့် အချိန် ဖြစ်နေပါ သည်။ ၂၀၁၃-၂၀၁၄ ပထမနှစ်ဝက်တွင်  SCI သည် ရူပီး ၂၂၂၀ သန်း ရှုံးနေပါသည်။

လက်ရှိအားဖြင့် အိန္ဒိယနှင့် မြန်မာကြားတွင် ပုံမှန်ပြေးဆွဲသည့် သဘောင်္လိုင်းမရှိပေ။ ထို့ကြောင့် နှစ်နိုင်ငံကြားတွင် သင်္ဘောတစ်စီး ထွက်နိုင်ရန် သင်္ဘောတစ်စီးစာ ကုန်ပစ္စည်းရှိမှသာ ထွက်နိုင်ပါသည်။

ပုံမှန် သင်္ဘောပြေးဆွဲခြင်းသည် အချိန်ဇယားပေါ်တွင်သာ အခြေပြုပြီး၊ ကုန်ပစ္စည်းသင်္ဘောတစ်စီးစာ မပြည့်လျှင်လည်း ပြေးဆွဲမည် ဖြစ်ပါသည်။ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ပြေးဆွဲရန် အဆိုပြုခြင်းမှာ အိန္ဒိယ၏ မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး တိုးမြှင့်ရန် ကြိုးပမ်းမှု၏ အစိတ်အပိုင်းအဖြစ် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် Research and Information System (RIS) မှ အကြီးတန်းဖဲလိုးဖြစ်သူ Prabir De က အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးသည် ၂၀၁၅ တွင် ဒေါ်လာ (၈.၉) ဘီလီယံသို့ ရောက်မည်ဟု ခန့်မှန်းပါသည်။ ၂၀၁၂ ခုနှစ်က ဒေါ်လာ (၁.၈၇) ဘီလီယံသာရှိခဲ့ရာ ငါးဆခန့်မြင့်တက်လာမည်ဟု ခန့်မှန်းပါသည်။

အစီအစဉ်

အစီအစဉ်အရ SCI သည် ပေနှစ်ဆယ် ကုန်သေတ္တာ (TEU) ၁၅၀၀ တင်ဆောင်နိုင်သော သင်္ဘောတစ်စင်း ကို နှစ်ပတ်တစ်ကြိမ် ထွက်ရှိရန် စီစဉ်ထားသည်ဟု တရားဝင်သတင်းရင်းမြစ်များက ဆိုပါသည်။ တင်ဆောင်မည့် ဆိပ်ကမ်းများမှာ ရန်ကုန် (မြန်မာ)၊ ချန်နိုင်း (အိန္ဒိယ) နှင့် ကိုလံဘို (သီရိလင်္ကာ) တို့ ဖြစ်ပါသည်။

ထပ်တိုးအနေဖြင့် ကုန်ပစ္စည်း ရှိမည်ဆိုပါက အရှေ့ဖက်ကမ်းရိုးတန်းရှိ Kishnapatnam ဆိပ်ကမ်းတွင် လည်း SCI သင်္ဘောအနေဖြင့် ဝင်ရောက်ပေးနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ထိုသို့ ပုံမှန်ပြေးဆွဲပေးခြင်းကြောင့် တစ်နှစ်လျှင် လမ်းကြောင်းတစ်ခုစီအတွက် ကုန်သေတ္တာ TEU ၃၆၀၀၀ သယ်ဆောင်ပေးနိုင်စွမ်း ရှိမည်ဖြစ်ပါသည်။ ရေကြောင်း အတိုင်ပင်ခံ Drewry Maritime Research မှ အကြီးတန်း သုတေသန သရုပ်ခွဲသူ Subrata K Behera ၏ အဆိုအရ မြန်မာနိုင်ငံမှ ဆိပ်ကမ်းသုံးခုသည် တစ်နှစ်လျှင် TEU ၀.၈ သန်း ကိုင်တွယ်နိုင်သည်ဟု သိရှိရပါသည်။


မြန်မာ သတင်းထောက်များ ထိန်းသိမ်းခံရခြင်းကို CPI ကန့်ကွက်

(The Nation News 5 feb 2014 “CPI object to Myanmar reporter detention” သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု အခြေစိုက် မီဒီယာလွတ်လပ်ခွင့် အဖွဲ့အစည်းတစ်ခုဖြစ်သော Committee to Protect Journalists CPJ က မြန်မာနိုင်ငံမှ Unity ဂျာနယ် စီအီးအိုနှင့် သတင်းထောက် ၄ ဦးတို့ ဥပဒေမဲ့ (သို့) လိုရာဆွဲဥပဒေဖြင့် ထိန်းသိမ်းခံရခြင်းကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပြီး ၎င်းတို့အား ချက်ခြင်း လွှတ်ပေးရန် တောင်းဆိုလိုက်ပါသည်။

ရန်ကုန်အခြေစိုက် Unity ဂျာနယ်စီအီးအိုနှင့် ဦးတင့်ဆန်းနှင့် သတင်းထောက်များ ဖြစ်ကြသော လူမော်နိုင်၊ ရာဇာဦး၊ ပိုင်သက်ကျော်၊ စည်သူစိုးတို့သည် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ ပေါက်ကြားမှု အက်ဥပဒေ အရ တရားစွဲခံရဖွယ်ရှိပြီး အာမခံရဖို့ ခက်ခဲအောင် ပြုလုပ်ထားကြောင်း ကြားသိရပြီးနောက်တွင် တနလာင်္ နေ့က CPJ ၏ တောင်းဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြန်မာစစ်တပ်၏ လျှို့ဝှက်လက်နက်စက်ရုံ အကြောင်း သတင်းဖော်ပြခဲ့မှု နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန်အတွက် ၎င်းတို့အား ရဲတပ်ဖွဲ့က စနေနေ့ တွင် ဖမ်းဆီးခဲ့သည်။

“သတင်းထောက်တွေကို အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲတယ်ဆိုတာဟာ မြန်မာနိုင်ငံမှာ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုတွေ မရှိသေးဘူးဆိုတဲ့ သက်သေပါပဲ၊ လက်နက်တွေထုတ်လုပ်နေတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသုံးသပ်မှုတွေမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ဒါ့အပြင် နိုင်ငံတကာအရ ကြည့်ရင်လည်း အရေးကြီးပါတယ်။ ဒီတော့ သတင်းထောက်တွေက ဒီအကြောင်း သတင်းရေးတာကို အံ့သြစရာ မရှိပါဘူး။ ဒီနေ့ ဒီအချိန်မှာ သတင်းထောက်တွေ ခြိမ်းခြောက်ခံရတာမျိုး ဖမ်းဆီးခံရတာမျိုးတွေ မရှိသင့်တော့ပါဘူး” ဟု CPJ ၏ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် ရှောန်ခရစ်ပင် က ပြောကြားပါသည်။

Committee to Protect Journalists CPJ သည် နယူးယောက်တွင် အခြေစိုက်သော လွတ်လပ်သည့် အမေရိကန် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သတင်းစာလွတ်လပ်ခွင့်ကို အားပေးမြှင့်တင်ကာ သတင်းထောက် များ၏ အခွင့် အရေးကို အကာအကွယ်ပေးနေသော အဖွဲ့တစ်ခုဖြစ်သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment